အချင်းချင်း သွေးထွက်သံယိုဖြစ်စေမှုအား မည်သည့်အနေအထားတွင်မဆို ရှောင်ရှားပေးရန် နဲ့ ပန်ကြားချက်များကို ချင်းပြည်နယ် CDM ကျန်းမာရေးဝန်ထမ်းများမှ ထုတ်ပြန်
ဇူလိုင်လ ၁၄ ရက်။ အချင်းချင်း သွေးထွက်သံယိုဖြစ်စေမှုအား မည်သည့်အနေအထားတွင်မဆို ရှောင်ရှားပေးရန် တော်လှန်ရေးအဖွဲ့အစည်းများသို့ ပန်ကြားချက်အပါအဝင် ချင်းပြည်သူလူထုသို့ ပန်ကြားချက်နဲ့ Supporting Team များ နှင့် သတင်းမီဒီယာများသို့ ပန်ကြားချက် များကို ၂၀၂၁ ခုနှစ် မြန်မာစစ်တပ်ကအာဏာသိမ်းပြီး နောက် အကြမ်းမဖက် အာဏာဖီဆန် လှုပ်ရှားမှု (Civil Disobedience Movement)မှာ ပါဝင်ပြီး စစ်အာဏာရှင်စနစ်ကို တွန်းလှန်ရာမှာ ရှေ့ဆောင်ခဲ့ကြသူများဖြစ်တဲ့ ချင်းပြည်နယ် CDM ကျန်းမာရေးဝန်ထမ်းများမှ ဒီကနေ့ ဇူလိုင်လ ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။ ချင်းပြည်နယ် CDM ကျန်းမာရေးဝန်ထမ်းများရဲ့ထုတ်ပြန်ချက်မှာ ၁။ ကျွန်ုပ်တို့သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မြန်မာစစ်တပ်က နိုင်ငံတော်၏အချုပ်အခြာအာဏာကို မတရားသိမ်းယူရန် လုပ်ဆောင်မှုအား ပြတ်ပြတ်သားသား…

