
မြန်မာစစ်ဘေးရှောင်တွေ မူးယစ်ဆေးဝါးလုပ်ငန်းမှာ ပါဝင်ရင် ဥပဒေအတိုင်း ထောင်ကျခံရမှာဖြစ်ပြီး ထောင်ကလွတ်လာရင်လည်း နေရပ်ပြန်ပို့ခံရမယ်ဆိုတဲ့ စည်းမျဥ်းသစ်အပါအဝင် စည်းမျဉ်းတွေ မီဇိုရမ်ပြည်မှာ ထုတ်ပြန်
ဇူလိုင်လ ၂၄ ရက်။ မြန်မာစစ်ဘေးရှောင်တွေအနေဖြင့် မူးယစ်ဆေးဝါးလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်ရင် ဥပဒေအတိုင်း ဖမ်းဆီးထောင်ကျခံရပြီး ပြန်လွတ်လာရင်လည်း နေရပ်ကို ပြည်နှင်ဒဏ်ပေးခံရမယ်လို့ အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင် ခရိုင် Champhai Sub – Headquarter YMA က ဇူလိုင်လ ၂၃ ရက်နေ့က မြန်မာစစ်ဘေးရှောင်တွေ လိုက်နာရမယ့် စည်းမျဉ်းသစ်တွေ ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ လိုက်နာရမယ့် စည်းမျဉ်းသစ်တွေမှာ မြန်မာစစ်ဘေးရှောင်တွေအနေနဲ့ အသင်းတော်တည်ထောင်ခွင့် မရှိတာ၊ လူမျိုးနွယ်စု အခြေခံတဲ့ အသင်းအဖွဲ့ ဖွဲ့စည်းလို့မရတာ၊ မိမိနေထိုင်ရာ ကျေးရွာ၊ ရပ်ကွက်က YMA ထံ အမည်စာရင်းသွင်းပြီး မြန်မာမှတ်ပုံတင်ကဒ်ပြားတွေကိုလည်း အပ်နှံရမှာဖြစ်ပြီး ပြောင်းရွှေ့တာတွေလုပ်ရင်လည်း YMA ကတာဝန်ရှိသူတွေထံက ထောက်ခံစာဖြင့်သာ ပြောင်းရွှေ့ဖို့ နှင့် စစ်ရှောင်တွေအနေနဲ့ အစိုးရထံ…