
ချင်းတောင်ခြေ လမ်းပေါ်မှာ စစ်ကောင်စီတပ်စခန်းချထားလို့ ကလေး-သိုင်းငင်း လမ်း အသုံးပြုနိုင်ခြင်း မရှိသေး
ဇူလိုင်လ ၁၈ ရက်။ ဇူလိုင်လ ၁၇ ရက်နေ့ က စပြီး ဒေသတွင်း ချင်းလက်နက်ကိုင်အဖွဲ့ CDF-CDM-Siyin မှ ကလေး-သိုင်းငင်း လမ်းပိုင်းကို ပြန်လည် အသုံးပြုခွင့် ပြုထားသော်လည်း ချင်းတောင်ခြေ ခိုင်ကမ်းမြို့ အလွန် ကလေး-သိုင်းငင်း လမ်း အစပိုင်း တလျှောက်မှာ စစ်ကောင်စီ စစ်သားများ စခန်းချ နေရာယူ နေခြင်းကြောင့် အများပြည်သူများ အနေဖြင့် အသုံးပြုနိုင်ခြင်း မရှိသေးကြောင်း ကလေးမြို့ ဒေသခံများထံမှ သိရှိရပါတယ်။ “ခိုင်ကမ်း စစ်ဆေးရေး ဂိတ်ကနေ လမ်း ပိတ်ထားတာမျိုး မရှိပါဘူး။ ဖြတ်သွားလို့ ရတယ်။ ဒါပေမယ့် သိုင်းငင်းဘက် တက်မယ် ဆိုရင်တော့ ခွင့်မပြုဘူး။ ချင်းဒေသကာကွယ်ရေးတပ်တွေ လမ်းပြန်ဖွင့်တော့ စကစ ဘက်က ပြန်ပိတ်တဲ့ သဘောပါ။…