Headlines

ကလေးမြို့နဲ့ ရာဇာဂြိုလ်ကြားမှာ WY ဆေးပြား ၄ အိတ် ( ၈၀၀၀၀၀ လုံး)နဲ့ ငွေသား သိန်း ၁၅၀ ကို CNO ( Upper Chindwin Region ) က ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်

ဇူလိုင်လ ၂၁ ရက်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့နဲ့ ရာဇာဂြိုလ်မြို့ကြားမှာ ဇူလိုင် ၁၈ ရက်က WY ဆေးပြား ၄ အိတ် ( ၈၀၀၀၀၀ လုံး) နဲ့ ငွေသား ကျပ်သိန်း ၁၅၀ ကိုချင်းအမျိုးသားအဖွဲ့ချုပ် ( Chin National Organization ( Upper Chindwin Region) ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့တယ်လို့ ဇူလိုင်လ ၂၀ ရက်နေ့က CNOက ထုတ်ပြန်ပါတယ်။ ကလေးမြို့ကနေ တမူးမြို့ဘက်ကို ထွက်ခွာလာတဲ့ ဆိုင်ကယ် ၄ စီးဖြင့် လူ ၅ ဦးကို မသင်္ကာလို့ စစ်ဆေးရာကနေ ၎င်းတို့ ဆိုင်ကယ်နဲ့အတူ ပါလာတဲ့ WY ဆေးပြား အိတ် ၄ အိတ်တို့ကို…

Read More

“မိုင်နီလာထွေး (သို့) တချိန်က မြန်မာအမျိုးသမီးဘောလုံးအသင်း၏ ဂိုးသွင်းရှင် “

Chin World Media January 03, 2016 တချိန်က မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးပွဲများတွင် အားကစားသတင်းကြေညာသူမှ “မိုင်နီလာထွေး၊ မိုင်နီလာထွေး” ဟူသော အမည်ကို ထပ်ခါတလဲလဲရွတ်ဆိုခဲ့ပြီး၊ ထိုအမည်ကို ကြားတိုင်း အမည်ရှေ့တွင် ပါရှိသော “မိုင်” ဟူသည့် နာမဝိသေသနကြောင့် ချင်းအမျိုးသမီးဖြစ်မည်ဟု ပွဲကြည့်ပရိတ်သတ်များ ခန့်မှန်းသုံးသပ်ခြင်းခံရသူ၊ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းတွင် (၁၃) နှစ်ကျော်ကြာ အဓိကတိုက်စစ်မှူးအဖြစ် ကျောနံပါတ် (၉) အား ဝတ်ဆင်ကာ ကစားခဲ့သူ မိုင်နီလာထွေးအား ၂၀၁၆ ခုနှစ်၊ဇန်န၀ါရီလ ၃ ရက်မှာ သူမနေထိုင်ရာ ကလေးမြို့ရှိနေအိမ်တွင် Chin World Media အဖွဲ့မှ သွားရောက်လည်ပတ်ကာ၊ သူမ၏ကစားသမားဘဝအတွေ့အကြုံများကို တွေ့ဆုံစကားစမြည်ပြောခွင့်ရရှိခဲ့ပါသည်။ CW။ မိသားစုနဲ့ ဖြစ်စေ၊ မိုင်နီလာထွေးရဲ့အကြောင်းကို အနည်းငယ်မိတ်ဆက်ပေးနိုင်မလား။မိုင်နီလာထွေး။ ကျမ နာမည်ရင်းကတော့- Mai…

Read More

MDF ဒု – ဥက္ကဌကို စစ်ဘက်ဆိုင်ရာပစ္စည်းတွေနဲ့ အတူ မီဇိုရမ်ပြည်နယ်မှာ ဖမ်းဆီးခံရတယ်လို့ သိရ

ဇူလိုင်လ ၂၁ ရက်။ အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ်၊ ဆိုင်ဟားခရိုင် Tuipangကျေးရွာမှာ ဇူလိုင်လ ၁၇ ရက်နေ့က Maraland Defense Force(MDF )ဒု – ဥက္ကဌဟာ စစ်ဘက်ဆိုင်ရာပစ္စည်း သယ်လာတဲ့ ကားပေါ်ပါလာလို့ ခဏဖမ်းဆီးစစ်ဆေးခံနေရတယ်လို့ MDF ဘက်က တာဝန်ရှိသူတစ်ဦးက Chin World Mdeia ကို ပြောပါတယ်။ ချင်းညီနောင်အဖွဲ့ဝင် ချင်းလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ Maraland Defense Force (MDF )တပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက “MDF ဒု – ဥက္ကဌကို ဖမ်းဆီးခံရတယ်ဆိုတာ ဟုတ်ပါတယ် သူ့ပစ္စည်းတော့ မဟုတ်ပေမဲ့ စစ်ဘက်ဆိုင်ရာ သယ်လာတဲ့ ကားပေါ်တက်လာလို့ သူ့လဲ ခဏစစ်ဆေးနေတဲ့ သဘောပါ သူက လက်နက်ကိုင်အဖွဲ့အစည်းက ခေါင်းဆောင်ဆိုတော့ ရဲတွေက…

Read More

ချင်းဆိုတဲ့ နာမအောက်မှာ ညီအစ်ကိုဖြစ်ခြင်းကို အခြေခံပြီး ပဋိပက္ခကို နိုင်ငံရေးနည်းလမ်းဖြင့် စားပွဲပေါ် အဖြေရှာဖို့ ချင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ (၅) ဖွဲ့က တိုက်တွန်းထုတ်ပြန်

ဇူလိုင်လ ၂၁ ရက်။ ချင်းတော်လှန်ရေးအင်အားစုများအကြားဖြစ်ပွားလျက်ရှိသည့်အမြင်မတူမှု၊သဘောထားကွဲလွဲမှု၊ ပဋိပက္ခတို့နှင့်ပတ်သက်ပြီးအချင်းချင်းအကြား လက်နက်ကိုင်လမ်းစဉ်ဖြင့်အပြန်အလှန်တိုက်ခိုက်ခြင်းအားဖြင့် မဟုတ်ဘဲချင်းဟူသည့်အမည်နာမအောက်တွင် ညီအစ်ကိုဖြစ်ခြင်းကိုအခြေခံကာနိုင်ငံ‌ရေးနည်းလမ်းဖြင့် စားပွဲပေါ်တွင်အဖြေရှာကြပါရန် ချင်းမျိုးနွယ်စုလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ၅ ဖွဲ့ဖြစ်တဲ့ ZZLMS တို့က ဇူလိုင်လ ၂၀ ရက်နေ့က တိုက်တွန်းကြောင်း ပူးတွဲထုတ်ပြန်ထားပါတယ်။ ချင်းပြည်နယ်အလယ်ပိုင်း ဟားခါး၊ထန်တလန်၊မတူပီမြို့နယ်တွေမှာ အခြေစိုက်တဲ့ CDF-Zotung, CDF-Zophei, CDF-Lautu, CDF-Mara နှင့် Senthang Revolution Force တပ်ဖွဲ့တွေစုစည်းထားတဲ့ ZZLMS အဖွဲ့က အခုလို ပူးတွဲထုတ်ပြန်ထားတာဖြစ်ပါတယ်။ ယခုတလောတွင်ချင်းပြည်(Chinland) အတွင်းဖြစ်ပွားလျက်ရှိသည့်တချို့သောအမြင်မတူမှု၊ သဘောထား ကွဲလွဲမှု၊ ပဋိပက္ခတို့နှင့်ပတ်သက်၍ မိမိတို့ချင်းတော်လှန်ရေးအင်အားစုများအကြား လက်နက်ကိုင်လမ်းစဉ်ဖြင့် ဖြေရှင်းကြပြီးအဖိုးတန်လှသည့် ချင်းတော်လှန်ရေးရဲဘော်များဆုံးရှုံးမှုရှိသည့်အပြင် စစ်ဘေးဒဏ်ကြောင့် ပြည်သူများသည်လည်းဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်ကြသည်ကိုစိတ်မကောင်းစွာတွေ့ရှိရတယ်လို့လည်း ZZLMS က ထုတ်ပြန်ထားပါတယ်။ ဒီလိုအချင်းချင်းအကြားလက်နက်ကိုင်လမ်းစဉ်ဖြင့်အပြန်အလှန်တိုက်ခိုက်ခြင်းသည်ဘုံရန်သူဖြစ်သည့် စစ်ကောင်စီဖြစ်စေချင်သည့်အတိုင်းလုပ်ဆောင်ပေးခြင်း၊ တော်လှန်‌ရေးကိုနှောင့်နှေးစေခြင်း၊ ပြည်သူများကို စိတ်ပျက်စေခြင်း၊ စိတ်ဝမ်းကွဲမှုကိုဖြစ်ပေါ်စေခြင်းစသည်တို့ကိုဦးတည်စေသည့်လုပ်ရပ်ဖြစ်သည်ဟုလည်း…

Read More

မီဇိုရမ်ပြည်နယ် Champhai ခရိုင်မှာ ရူပီး ၃၆.၇၉ ကုဋေတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ဇူလိုင် ၁၉ ရက်။ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင် Champhai ခရိုင်မှာ မူးယစ်ဆေးဝါးထိန်းချုပ်ရေးဗျူရို (Narcotics Control Bureau – NCB) နဲ့ အာသံရိုင်ဖယ်တပ်ဖွဲ့ (Assam Rifles) တို့ ပူးပေါင်းစစ်ဆင်ရေးတစ်ခု ဆောင်ရွက်ခဲ့ရာ ရူပီး ၃၆.၇၉ ကုဋေ (အိန္ဒိယရူပီး ၃၆၇.၉ သန်း) တန်ဖိုးရှိ ဘိန်းဖြူ (heroin) နဲ့ မက်သမ်ဖက်တမင်း (methamphetamine) ဆေးပြား အမြောက်အများကို သိမ်းဆည်းရမိခဲ့တယ်လို့ ဇူလိုင်လ (၁၉) ရက်နေ့မှာ India Today မီဒီယာကဖော်ပြပါတယ်။ သတင်းပေးချက်အရ NCB အရာရှိများနှင့် အာသံရိုင်ဖယ်တပ်ဖွဲ့ဝင်များသည် ကြာသပတေးနေ့ ဇူလိုင် ၁၇ ရက်က ပူးပေါင်းစစ်ဆင်ရေးကို စတင်ခဲ့ပြီး ဘိန်းဖြူ ၆၄၂ ဂရမ်နှင့် မက်သမ်ဖက်တမင်း ဆေးပြား ၁၀.၄၄ ကီလိုဂရမ်တို့ကို သိမ်းဆည်းရမိခဲ့တာဖြစ်ပါတယ်။ ‘ice’ သို့မဟုတ် ‘crystal meth’ ဟု လူသိများတဲ့ မက်သမ်ဖက်တမင်းသည် ကိုကိန်းနှင့် ဆင်တူသော ပြင်းထန် စိတ်ကြွစေသည့် အာနိသင်ရှိပြီး စွဲလမ်းမှု အလွန်အားကောင်းသော ဆေးဝါးတစ်မျိုး ဖြစ်ပါတယ်။ အာသံရိုင်ဖယ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ သိမ်းဆည်းရမိခဲ့တဲ့ မူးယစ်ဆေးဝါးများကို NCB သို့ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ဆိုပါတယ်။ ယခုလအစောပိုင်းကလည်း အာသံရိုင်ဖယ်တပ်ဖွဲ့နဲ့ မီဇိုရမ်ပြည်နယ် ရဲတပ်ဖွဲ့ပူးပေါင်းစစ်ဆင်ရေးတစ်ခု ဆောင်ရွက်ခဲ့ပြီး Champhai ခရိုင်ရှိ အိန္ဒိယ-မြန်မာနယ်စပ် Zokhawthar ကျေးရွာမှာ ရူပီး ၆.၆၇ ကုဋေကျော် (အိန္ဒိယရူပီး ၆၆.၇ သန်း) တန်ဖိုးရှိ တားမြစ်ထားသော မက်သမ်ဖက်တမင်း ဆေးပြားများကို သိမ်းဆည်းရမိကာ မြန်မာနိုင်ငံသားတစ်ဦးကို ဖမ်းဆီးခဲ့ပါတယ်။ အာသံရိုင်ဖယ်တပ်ဖွဲ့နဲ့ မီဇိုရမ်ရဲတပ်ဖွဲ့ဝင်များက ဇွန်လကတည်းက အိန္ဒိယ-မြန်မာနယ်စပ်အနီးရှိ နယ်စပ်ဖြတ်ကျော်ဝင်ထွက်ရာ Zawkhawthar မှာ စစ်ဆေးရေးဂိတ်အသစ်ကိုလည်း ထပ်မံဖွင့်ထားခဲ့ပါတယ်။

Read More

” ချင်း​​ပြည်နယ်၏ အနာဂါတ် ရေရှည်တည်တံ့သောအစိမ်းရောင်စီးပွားရေးစီမံကိန်း”

By Shing Gei Ngai ” Future Seheme For Sustainable Green Economy  in Chin State” ကမ္ဘာ့သစ်တောကြီီးများပျက်စီးဆုံးရှုံးလာမှုကြောင့် လွန်စွာပူပြင်းသည့် ရာသီဉတုပြောင်းလဲမှုအန္ဒရာယ် ခြိမ်းခြောက် ခံစားနေကြရပြီး ရေကောင်းရေသန့် အစားအစာပြတ်လပ် လာမှုသည် နေ့စဉ်လူ့အသက် သန်းပေါင်းများစွာ သေကြေဆုံးရှုံး ဖြစ်ပေါ်လျက်ရှိပါသည်၊၂၀၅၀ ခုနှစ်ရောက်လျှင်ရာသီတုဒဏ်ဆိုးရွားစွာ ခံရနိုင်မှု အညွှန်းကိန်းအရ မြန်မာနိုင်ငံသည် ထိပ်ဆုံးစာရင်းထဲ ပါဝင်နေပါသည်၊ရာသီဉတုဆိုးရွားမည့်ခြိမ်းခြောက်မှု ဘေးအန္ဒရာယ်ကိုဖြေလျှော့နိုင်ရန် ဂေဟစံနစ်အခြေခံသော သစ်တောရေရှည်တည်တံ့စေမည့် စီမံအုပ်ချုပ်မှုဖြင့် လိုက်လျောညီထွေဖြစ်မည့် စိုက်ပျိုးရေးစံနစ်ထူထောင်ပြီး လူ့သားများ ဘဝရှင်သန် ရပ်တည်နိုင်ရန် ထိန်းသိမ်းကာကွယ်ခြင်းမှအပအခြားနည်းလမ်းမရှိပါ၊ Agroforestry ဆိုတာဘာလဲ? *သ်ီးနှံ သစ်တော  ရောနှောစိုက်ပျိုးခြင်း*ဟု World Agroforestry Organization ကရိုးရိုးရှင်းရှင်း အဓိပ္ပါယ်ဖွင့်ဆိုထားပါသည်၊မြေအသုံးချလိုမှု လုပ်ငန်းအမျိုးစားပေါ် နည်းစံနစ်ရွေးချယ်မှုအနဲငယ်ကွဲပြားသည်မှအပ ရည်ရွယ်ချက်မကွဲပြားပါ၊စိုက်ပျိုးရေးကုန်ထုတ်စွမ်းအားမြင့်မားသောအကျိုးအမြတ်များပြားသည့်အပြင်…

Read More

ကျဆုံးလေပြီးသော အာဇာနည်ပေါင်းကို အမှတ်ရတိုင်တည်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်တဲ့အထိလက်တွဲတိုက်ပွဲဝင်သွားမယ်လို့ CNF သဝဏ်လွှာပေးပို့

ဇူလိုင်လ ၁၉ ရက်။ ကျဆုံးလေပြီးသော အာဇာနည်ပေါင်းကို အမှတ်ရ တိုင်တည်ပြီး ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးများကို အပြည့်အဝအာမခံချက်ရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်နိုင်တဲ့အထိ ဘုံရည်မှန်းချက်တူ မိတ်ဖက်တော်လှန်ရေးအဖွဲ့အစည်းများနှင့် လက်တွဲတိုက်ပွဲဝင်သွားမှာဖြစ်ကြောင်း ဒီကနေ့ ဇူလိုင်လ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ (၇၈) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အခမ်းအနားကို ချင်းအမျိုးသားတပ်ဦး(CNF) က သဝဏ်လွှာပေးပို့ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။ ဒီကနေ့ဟာ တိုင်းပြည်လွတ်လပ်ရေးအတွက် ကြိုးပမ်းနေခဲ့ကြသော ဗိုလ်ချုပ်အောင်ဆန်း အပါအဝင်လူပုဂ္ဂိုလ်(၉)ဦးကို မသမာသူ လူတစုက ရက်ရက်စက်စက် လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ နေ့ရက်ကို အောက်မေ့အမှတ်ရခြင်း (၇၈) နှစ်မြောက် အာဇာနည်နေ့ ဖြစ်တဲ့ကြောင်းနှင့် (၇၈) နှစ်မြောက် အာဇာနည်နေ့ကို အလေးအမြတ်ထားပြီး အထိမ်းအမှတ် အခမ်းအနား ပူးပေါင်းကျင်းပ ပြုလုပ်ပေးသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့်…

Read More

စစ်ကောင်စီတပ်က ဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် ငဖဲမြို့နယ်မှာ အမျိုးသမီးကြီး ၁ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ CDF-Asho ထုတ်ပြန်

ဇူလိုင်လ ၁၉ ရက်။ ဇူလိုင်လ ၁၈ ရက် နံနက် ၁၁ နာရီခွဲမှာမကွေးတိုင်း၊ ငဖဲမြို့နယ် နောင်ကျေးရွာပေါ်ကို စစ်ကောင်စီရဲ့နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးတပ်စခန်း(ဗျူဟာကုန်း)က ဒရုန်းဖြင့် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အသက် (၈၈) နှစ်အရွယ် ဒေသခံ အမျိုးသမီးကြီး ၁ ဦးသေဆုံးပြီး အသက် (၂၀) ရွယ် အမျိုးသမီး ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ် – အရှို(CDF – Asho)က ဒီကနေ့ ဇူလိုင်လ ၁၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ငဖဲမြို့နယ်ရှိ နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးတပ်စခန်း (ဗျူဟာကုန်း) မှ စစ်ကောင်စီတပ်ဖွဲ့က နတ်ရေကန် (ဗျူဟာကုန်း) အောက်ဘက် မီတာ (၃၀၀၀) ခန့်အကွာမှာရှိတဲ့ ငဖဲမြို့နယ် နောင်ကျေးရွာပေါ်ကို ဒရုန်းနဲ့ လေကြောင်းကနေ…

Read More

ကန်ပက်လက်မြို့နယ်အတွင်း ကျူးကျော်ဝင်ရောက် တပ်စွဲထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းများရှိခဲ့ရင် ချက်ခြင်းပြန်လည် ရုတ်သိမ်းဖို့ CDF – Kanpetlet အသိပေးထုတ်ပြန်

ဇူလိုင်လ ၁၉ ရက်။ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်အတွင်း ကျူးကျော်ဝင်ရောက် တပ်စွဲထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းများရှိခဲ့ရင် ချက်ခြင်းပြန်လည်ရုတ်သိမ်းပေးဖို့ ကန်ပက်လက်မြို့ကိုထိန်းချုပ်ထားတဲ့ Chin Defense Force – Kanpetlet ( CDF – Kanpetlet) က ဒီကနေ့ဇူလိုင်လိုင်လ ၁၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ကန်ပက်လက်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးလိုအပ်ချက်အရ တာဝန်ဖြင့် လှုပ်ရှားသွားလာတဲ့ CDF – Kanpetlet တပ်ဖွဲ့ဝင်တွေကို CDF – Daai ထိန်းချုပ် နယ်မြေအတွင်းကျူးကျော် စစ်ကြောင်းထိုးနေတယ်လို့ Daai Reginal CounciL (DRC) အမည်နဲ့ ဇူလိုင်လ ၁၅ ရက်နေ့က ထုတ်ပြန်တာဟာ မဟုတ်မမှန် ထုတ်ပြန်တာဖြစ်ပြီး CDF – Kanpetlet အနေနဲ့ ကန်ပက်လက်မြို့နယ်အတွင်း လှုပ်ရှားသွားလာနေခြင်းဖြစ်ပြီး…

Read More

CDF –Matupi ဌာနချုပ်စခန်းကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်

ဇူလိုင်လ ၁၈ ရက်။ ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့နယ်ထဲက ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ – မတူပီ (Chinland Defense Force – Matupi) ဌာနချုပ်စခန်းကို စစ်ကောင်စီတပ်က လေကြောင်း ဂျက်ဖိုက်တာနဲ့ မနေ့ ဇူလိုင်လ ၁၇ ရက် ညနေ ၆ နာရီဝန်းကျင်လောက်မှာ ပေါင် ၅၀၀ ဗုံးကြဲတိုက်ခိုက်ခဲ့ပေမယ့် လူအထိအခိုက်တော့ မရှိခဲ့ဘူးလို့ သိရပါတယ်။ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “ဗုံးကြဲတာက မနေ့ည ၆ နာရီဝန်းကျင်လောက်မှာ ဗုံးကြဲခံရတာဖြစ်တယ် ထိခိုက်ပျက်စီးမှုကတော့ ဘာမှမရှိပါဘူး အိမ်တွေနည်းနည်း ပျက်စီးတာကလွဲရင် တခြားဒဏ်ရာရတာတွေတော့ ဘာမှမရှိဘူး အသံကြားတာနဲ့ အချိန်မှီရှောင်နိုင်လို့ ဖြစ်တယ် ဆိုတော့ ထိခိုက်ဒဏ်ရာရတာတော့ ဘယ်သူမှမရှိဘူး” လို့ပြောပါတယ်။ CDF – Matupi ဟာ ချင်းပြည်ကာကွယ်ရေးတပ် –…

Read More