Headlines

မင်းတပ်မြို့မှာ ပိတ်ပင်ထားတဲ့ အရက်၊ ဘီယာတွေကို ဖမ်းဆီးရမိခဲ့ပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်

ဇွန်လ ၂၃ ရက်။ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ပြည်သူ့ရဲဌာန၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်တွေက မင်းတပ်မြို့နယ်အတွင်း တားမြစ်ပိတ်ပင်ထားတဲ့ မူးယစ်သေစာနှင့် အရက်၊ ဘီယာတွေကို မင်းတပ်မြို့ပေါ်အတွင်း ရှောင်တခင်စစ်ဆေးရာမှာ ဖမ်းဆီးရမိတဲ့ အရက်ဘီယာတွေကို ဇွန်လ ၂၀ ရက်မှာ ပိုင်ရှင်တွေနဲ့ အများပြည်သူရှေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကြားကာလမင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇွန်လ ၂၃ ရက်နေ့ မှာထုတ်ပြန်ပါတယ်။ မီးရှို့ဖျက်ဆီးခဲ့တဲ့ အရက်၊ ဘီယာတွေရဲ့ စာရင်းတွေကိုလည်း ဖော်ပြထားပြီး Yoma တံဆိပ်ပါ ဘီယာဘူး ၂၅ ဘူး၊ Tappper တံဆိပ်ပါ ဘီယာဘူး ၁၈ လုံး၊ Grand Royal အရက်ပုလင်း ၃လုံးနဲ့ ၅ ဂါလံပုံးတစ်ပုံး၊ ဝီစကီ အရက်ဘူး ၁၄ ဘူး၊ ရွှေအရက်သန့် တံဆိပ် ပါ ၁…

Read More

တီးတိန်မြို့နယ်မှာ မိဘတွေရဲ့ဆန္ဒကြောင့် ကျောင်းဖွင့်ရခြင်းဖြစ်ပြီး၊ကျောင်းသား/သူ ၁ သောင်းကျော် ကျောင်းတက်ရောက်လျက်ရှိ

ဇွန်လ ၂၃ ရက်။ တီးတိန်မြို့နယ်မှာ ဇွန်လ တတိယ ပတ် အထိစာရင်းအရ ဖွင့်လှစ်နိုင်ခဲ့တဲ့ အခြေခံပညာကျောင်း (၇၁) ခု ကနေ ကျောင်းတက်သူ ဦးရေ (၁၀,၃၄၅) ဦး ရှိကာ အခုလို ကျောင်းဖွင့်နိုင်ခြင်းဟာ ကျောင်းသားမိဘများ လိုလား တောင်းဆိုချက် ကြောင့် ဖြစ်တယ် လို့ တီးတိန်မြို့ခံ တစ်ဦး ထံမှ သိရှိရပါတယ်။ “လက်ရှိ အချိန်မှာ ကျောင်း ဖွင့်နိုင်ဖို့က မိဘတွေ အရေးကြီးပါတယ်။ လုံခြုံရေး နဲ့ ပတ်သက်ပြီး မိဘတွေရဲ့ ပံ့ပိုးမှု မရှိဘဲ ကျောင်းဖွင့်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ရွာခံတွေ၊ မိဘတွေက လုံခြုံရေး အရ ကျောင်းဖွင့်ဖို့ အဆင်မပြေဘူး ဆိုရင် ဖွင့်လို့ ရတဲ့ ကျောင်း…

Read More

ချင်းလူမှုအသိုင်းအဝိုင်းအတွင်း လူမှုကွန်ယက်မီဒီယာအသုံးပြုပြီး ဝါဒဖြန့်ခြင်း၊အမုန်းစကားရေးသားပြောဆိုခြင်းနှင့် ဆိုးကျိုးသက်ရောက်မှုများ

DonBosco ၂၁ ရာစုမှာ လူမှုကွန်ယက်မီဒီယာကို အကျိုးရှိရှိအသုံးပြုပါက လူတစ်ဦးနဲ့တစ်ဦး၊အဖွဲ့အစည်းတစ်ခုနှင့်တစ်ခု ဆက်သွယ်ရေး၊ ချိတ်ဆက်မှု ပိုမိုလွယ်ကူစေခြင်း၊သတင်းအချက်အလက်များ လျှင်မြန်စွာရရှိခြင်း နှင့်ဖြန့်ဝေနိုင်ခြင်း၊ပညာရေးနှင့်ဗဟုသုတတိုးပွားစေခြင်း၊ စီးပွားရေး၊ စျေးကွက်ရှာဖွေရေးအခွင့်အလမ်းများရှိလာခြင်း၊ စိတ်တူကိုယ်တူအသိုက်အဝန်းဖန်တီးနိုင်ခြင်းနှင့်အကျိုးမျှော်မှန်းမှု မရှိသည့် လုပ်ငန်းများဆောင်ရွက်ခြင်း၊ ဖျော်ဖြေရေးနှင့်စိတ်အပန်းဖြေမှုစသည်ဖြင့် လူသားများ အတွက် ကောင်းကျိုးများစွာ ရရှိစေပါသည်။ သို့ပေမယ့် လက်ရှိချင်းလူမှုအသိုင်းအဝိုင်းတွင် လူမှုကွန်ရက်မီဒီယာ(Social Media)၏ အသုံးဝင်မှုကို အသုံးချကာ ချင်းလူမှုအသိုင်းအဝန်းအတွင်းမှာ မငြိမ်မသက်မှုဖြစ်စေရန် လှုံ့ဆော်ခြင်း၊အမုန်းပွားစေခြင်း စသည့် ဆိုးကျိုးများအတွက် တမင်တကာရည်ရွယ်ချက်ရှိရှိဖြင့်အသုံးချလာမှုမှာ နဂိုကတည်းက ဘာသာစကား/မျိုးနွယ်စုအလိုက်ကွဲပြားမှုရှိသည့် အုပ်စုများစွာရှိသည့် ချင်းလူမျိုး/ချင်းလူမှုအသိုက်အဝန်း အတွက် အဓိက အန္တရယ်ဖြစ်လာစေပြီးချင်းလူမျိုးများ၏ စည်းလုံးမှုအတွက် အထောက်အကူဖြစ်စေရန်ထက် တစ်ဦးနှင့်တစ်ဦး၊တစ်ဖွဲ့နှင့်တစ်ဖွဲ့ကြား ပို၍ အမြင်စောင်းစရာဖြစ်ရန် အသုံးပြုနေကြသည်ကို များစွာတွေ့နေရသည်။ အထူးသဖြင့် Facebook Social Media မှာ ၂၀၂၁ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု…

Read More

အီရန်ရှိ နျူကလီးယားစခန်းများကိုတိုက်ခိုက်ပြီးနောက် ငြိမ်းချမ်းရေးအတွက် အချိန်တန်ပြီလို့ ထရမ့်ပြော

ဇွန်လ ၂၂ ရက်။ အမေရိကန်လေတပ်က အီရန်နိုင်ငံရှိ နျူကလီးယားစခန်းသုံးခုဖြစ်တဲ့ Fordow, Natanz နဲ့ Esfahan တို့ကို ဗုံးကြဲတိုက်ခိုက်မှုအပြီးမှာ အီရန်နဲ့ငြိမ်းချမ်းရေးထူထောင်ရန် အချိန်တန်ပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အိမ်ဖြူတော်တွင် လေးမိနစ်ဝန်းကျင်အကြာ မိန့်ခွန်းပြောကြားရာမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။ သမ္မတဒေါ်နယ်ထရမ့်က “အောင်မြင်တဲ့ တိုက်ခိုက်မှုကို ပြီးမြောက်အောင် ဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်။ အမေရိကန်လေယာဉ်အားလုံးလည်း အီရန်လေပိုင်နက်ပြင်ပကို ပြန်လည်ရောက်ရှိပြီး ဘေးကင်းစွာ အိမ်ပြန်လမ်းမှာရှိနေကြပါပြီ” လို့ပြောကြားခဲ့ပါတယ်။ ယခုတိုက်ခိုက်မှုမှာ အမေရိကန်ရဲ့ ကြီးမြတ်တဲ့ အမေရိကန်စစ်သည်တော်များကို ဂုဏ်ပြုကြောင်း၊ ဤကမ္ဘာပေါ်တွင် ယခုကဲ့သို့ လုပ်ဆောင်နိုင်တဲ့ အခြားမည်သည့်စစ်တပ်မျှမရှိကြောင်း၊ ယခုပင် ငြိမ်းချမ်းရေးထူထောင်ရန် အချိန်တန်ပြီဖြစ်ကြောင်း သူ့ရဲ့မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။ အစ္စရေးနဲ့အီရန်စစ်ပွဲအကြား အမေရိကန်ရဲ့ပါဝင်လာမှုနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တော်နီယို ဂူတာရက်စ်က ”အခုပဋိပက္ခဟာ ထိန်းမနိုင် သိမ်းမရ…

Read More

ကူကီး အမျိုးသမီး အသတ်ခံရမှုအပေါ်  မဏိပူရ်ပြည်နယ်ခရိုင် ၃ ခု မှာ လုပ်ငန်းများ ရပ်ဆိုင်းကာ ဆန္ဒထုတ်ဖော်

ဇွန်လ ၂၁ ရက်။ အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်ရှိ ဒေသခံ ကူကီး/ဇို/ချင်းအမျိုးသမီးတစ်ဦး အသတ်ခံရမှုကို ကန့်ကွက်တဲ့အနေနဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းနှစ်ဖွဲ့ရဲ့တောင်းဆိုမှုအရ  ပြည်နယ်အတွင်းရှိ ခရိုင် (၃) ခုမှာ လူမှုဘ၀နေ့စဉ်လှုပ်ရှားမှုများနဲ့ ပတ်သက်တဲ့ လုပ်ငန်းများကို သောကြာနေ့ကစပြီး ရပ်ဆိုင်းထားလိုက်တယ်လို့ The Mizoram Post က ဒီကနေ့ ဖော်ပြပါတယ်။ မဏိပူရ်ပြည်နယ် Kangpokpi၊ Churachandpur၊ Tengnoupal နဲ့ Chandel ခရိုင်များရှိ ဆိုင်များ၊ စီးပွားရေးလုပ်ငန်းများ၊ ပညာရေးအဖွဲ့အစည်းများ၊ ဘဏ်များနဲ့ အစိုးရရုံးများပါ ပိတ်ထားခဲ့ပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေနဲ့ ဒေသတည်ငြိမ်ရေး ထိန်းသိမ်းရန် ၎င်းတို့၏ယာဉ်များဖြင့်လှည့်လည် တာဝန်ထမ်းဆောင်နေသည်ကို တွေ့ရသော်လည်း ပုဂ္ဂလိကယာဉ်များ ပြေးဆွဲခြင်းမရှိဘူးလို့သိရပါတယ်။ ဒေသခံတိုင်းရင်းသားခေါင်းဆောင်များဖိုရမ် (ITLF) က Churachandpuri ခရိုင်Langchingmanbi ရွာသူကြီး၏ ဇနီးဖြစ်သူ Hoikohling သေဆုံးမှုကို ကန့်ကွက်သောအားဖြင့် Churachandpuri ခရိုင်တွင်း အဝင်အထွက်များ အကန့်အသတ်မရှိ ပိတ်ဆို့ရန် တောင်းဆိုထားသလို မျိုးနွယ်စုစည်းလုံးညီညွတ်ရေး ကော်မတီ (CoTU) ကလည်း ဆာဒါတောင်တန်းများနေထိုင်သူများ အနေနဲ့ ဇွန်လ ၂၀ ရက်၊ သောကြာနေ့ ၊ နေ့လည် ၁ နာရီမှစတင်ပြီး Kangpokpi ခရိုင်တွင်း ၂၉ နာရီကြာ ဒေသတွင်းအဝင်အထွက်များကိုပိတ်ဆို့ရန် တောင်းဆိုထားတာဖြစ်ပါတယ်။ ITLF က ဗဟိုအစိုးရကို အသက်အန္တရာယ် ကာကွယ်ရေးအတွက် ခိုင်မာသော ဆောင်ရွက်မှုများ ပြုလုပ်ရန် တိုက်တွန်းခဲ့သလို CoTU ကလည်း သတ်ဖြတ်မှုအတွက် တာဝန်ရှိသူများကို အရေးယူရန်၊ မျိုးနွယ်စုများ၏ အသက်အန္တရာယ်နှင့် နယ်မြေများကို ကာကွယ်ရန် ဗဟိုအစိုးရထံမှ ခိုင်မာသော အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန်၊ ကြားခံဇုန် သဘောတူညီချက်များ ထပ်ခါတလဲလဲ ချိုးဖောက်မှုများအပေါ် လွတ်လပ်စွာ စုံစမ်းစစ်ဆေးရန် စတဲ့ အချက်များကို တောင်းဆိုခဲ့ကြပါတယ်။ မဏိပူရ်ပြည်နယ်၊ ချူရာချန်ပူရ် မှာ ဇွန်လ ၁၉ ရက် ကြာသပတေးနေ့က လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ အမည်မသိလက်နက်ကိုင်အဖွဲ့အကြား အပြန်အလှန်ပစ်ခတ်မှုအတွင်း Langchingmanbi ရွာသူကြီး၏ ဇနီးဖြစ်သူ ကူကီး-ဇိုလူမျိုးအမျိုးသမီး Hoikohling အသက်သေဆုံးခဲ့တာဖြစ်ပါတယ်။

Read More

စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်စီးနင်းတိုက်ခဲ့စဉ် စစ်ကောင်စီတပ်က ၁ ဦးသေဆုံး၊အမြောက်အများ ဒဏ်ရာရ ထွက်ပြေးခဲ့ပြီး စစ်သုံ့ပန်းနဲ့လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိခဲ့တယ်လို့ CDF – Asho ထုတ်ပြန်

ဇွန်လ ၂၁ ရက်။ မကွေးတိုင်း ၊ ငဖဲမြို့နယ် နတ်ရေကန်လမ်းဟောင်း ခွန်ဇူရွာလမ်းခွဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ ကာကင်းစခန်းကို မနေ့ ဇွန်လ ၂၀ ရက်နေ့ မနက်ပိုင်းမှာ ချင်းကာကွယ်ရေးတပ် – အရှို (CDF – Asho) နဲ့ လူ့ဘောင်သစ်တပ်မတော် ( NSA) တို့ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ကာ စစ်ကောင်စီဘက်က သေဆုံးတာ ဖမ်းမိတာတွေအပြင် လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ CDF – Asho က ဒီကနေ့ ဇွန်လ ၂၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေးတပ်စခန်း (ဗျူဟာကုန်း) ရဲ့ ကာကင်းစခန်းဖြစ်တဲ့ ငဖဲမြို့နယ် ခွန်ဇူရွာလမ်းခွဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို မနေ့မနက်ပိုင်း ၇…

Read More

ဒုက္ခသည် အခွင့်အရေးရဖို့အတွက် အိန္ဒိယနိုင်ငံ၊နယူးဒေလီမြို့မှာ မြန်မာနိုင်ငံသားတွေ ဆန္ဒပြတောင်းဆိုခဲ့

ဇွန်လ ၂၁ ရက်။ ဇွန်လ ၂၀ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာဒုက္ခသည်များနေ့မှာ ဒုက္ခသည်များရသင့်ရထိုက်တဲ့ အခွင့်အရေးရဖို့အတွက် ချင်းဒုက္ခသည်ကော်မတီ (CRC)-နယူးဒေလီ ဦးဆောင်မှုနဲ့ မနေ့ ဇွန်လ ၂၀ ရက်နေ့ နေ့လည် ၂ နာရီမှာ အိန္ဒိယနိုင်ငံ ၊ နယူးဒေလီမြို့၊ဂျန်တားမန်းတားရပ်ကွက်မှာ စစ်ဘေးရှောင် မြန်မာနိုင်ငံသားတွေက ဆန္ဒပြတောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။ ၁၉၅၁ ခုနှစ်ကနေ စတင်ကျင်းပခဲ့တဲ့ ကမ္ဘာဒုက္ခသည်များနေ့သည် ၂၀၂၅ နှစ်မှာ နှစ်ပေါင်း (၇၄) နှစ် တိုင်ခဲ့ပြီဖြစ်ပေမယ့် အိန္ဒိယနိုင်ငံမှာ ခိုလှုံနေသူအများစုကို ကုလသမဂ္ဂ ဒုက္ခသည်မဟာမင်းကြီးရုံး (UNHCR) က ဒုက္ခသည် အဆင့်အတန်းအသိအမှတ်ပြုရန်ပျက်ကွက်တာ၊ ကျန်းမာရေး၊ ပညာရေးနှင့် လူမှုဖူလုံရေးကိစ္စတွေမှာ ကာကွယ်စောင့်ရှောက်မှု မလုံလောက်တဲ့ အခြေအနေများဖြင့် ရင်ဆိုင်ကြုံတွေ့နေရတယ်လို့လည်း ချင်းဒုက္ခသည်ကော်မတီ (CRC) နယူးဒေလီ…

Read More

မဏိပူရ်ပြည်နယ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ အမည်မသိလက်နက်ကိုင်အဖွဲ့ အပြန်အလှန်ပစ်ခတ်မှုအတွင်း ကူကီး-ဇို လူမျိုး အမျိုးသမီးတစ်ဦးသေဆုံး

ဇွန်လ ၂၀ ရက်။ အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ ချူရာချန်ပူရ် မှာ ဇွန်လ ၁၉ ရက် ကြာသပတေးနေ့က လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ အမည်မသိလက်နက်ကိုင်အဖွဲ့အကြား အပြန်အလှန်ပစ်ခတ်မှုအတွင်း ကူကီး-ဇိုလူမျိုးအမျိုးသမီးတစ်ဦး အသက်သေဆုံးခဲ့တယ်လို့ Mizoram News ကဒီကနေ့ ဇွန်လ ၂၀ ရက်မှာ ဖော်ပြပါတယ်။ အပြန်အလှန်ပစ်ခတ်မှုတွေကြားသေဆုံးသွားသူဟာ Langchingmanbi ရွာသူကြီးရဲ့ ဇနီးဖြစ်သူ Hoikholhing ဖြစ်ပြီး  ကျည်ဆံဒဏ်ရာနဲ့ သေဆုံးနေတာကို တွေ့ရှိခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ သူမရဲ့ ရုပ်အလောင်းကို ချူရာချန်ပူရ်ခရိုင်ဆေးရုံကို ပို့ဆောင်ပြီး ရင်ခွဲစစ်ဆေးမှု ပြုလုပ်ခဲ့ပါတယ်။ ခရိုင်တာဝန်ရှိသူတွေက တရားခံကို ဖမ်းဆီးရနိုင်ရေး ကြိုးပမ်းနေဆဲဖြစ်ပြီး ပြည်သူလူထုအနေနဲ့ ငြိမ်းချမ်းရေးကို ထိန်းသိမ်းဖို့နဲ့ အတည်မပြုနိုင်သေးတဲ့ သတင်းအချက်အလက်တွေကို ဖြန့်ဝေခြင်းမပြုလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။ ယခုဖြစ်စဉ်နဲ့ပတ်သက်ပြီး ကူကီးအမျိုးသမီးအဖွဲ့အစည်း (KWOHR) က “ ယခုဖြစ်စဉ်ဟာ လူမျိုးရေးခွဲခြားမှုနဲ့ ကူကီးလူမျိုးအပေါ် တမင်ပစ်မှတ်ထားအကြမ်းဖက်မှုရဲ့ အသိပေးချက်အဖြစ်သတ်မှတ်ပြီး အဆိုပါအမျိုးသမီးကို Meitei စစ်သွေးကြွတွေက ပစ်သတ်တာ” လို့ထုတ်ပြန်ချက်မှာ စွပ်စွဲထားပါတယ်။ ဒေသခံတိုင်းရင်းသားခေါင်းဆောင်များဖိုရမ် (ITLF) က ယခုကဲ့သို့…

Read More

မတူပီမြို့နယ် လုံလှောရွာကို မနေ့ညက စစ်ကောင်စီမှ လေကြောင်းကနေတိုက်ခိုက်ခဲ့

ဇွန်လ ၂၀ ရက်။ စစ်ကောင်စီကင်းစင်ပြီးဖြစ်တဲ့ ချင်းပြည်နယ် ၊ မတူပီမြို့နယ် လုံလှောင်ကျေးရွာကို စစ်ကောင်စီက မနေ့ ဇွန်လ ၁၉ ရက်နေ့ည ၉ ရီကျော်လောက်မှာ လေကြောင်းကနေ အကြောင်းမဲ့ ဗုံး ၂ ကြိမ်ကြဲတိုက်ခိုက်ခဲ့ပေမယ့် ထိခိုက်မှုတော့ မရှိဘူးလို့ ဒေသခံတွေဆီကနေ သိရပါတယ်။ မတူပီမြို့နယ် ဒေသခံတစ်ဦးက “ဗုံး ၂ ကြိမ်လာကြဲတယ် မနေ့ည ၉ နာရီကျော်လောက်မှာဖြစ်တာ ပထမ ၆ လုံးကြဲတယ် ဒုတိယ ၄ လုံး ကြဲတယ် လူနေအိမ် ထိခိုက်တာမျိုး အရပ်သားထိခိုက်တာမျိုးတော့ မရှိဘူးလို့ မြေပြင်သတင်းအရ သိရတယ်” လို့ပြောပါတယ်။ ချင်းပြည်နယ်မှာ စစ်ကောင်စီကင်းစင်သွားပြီဖြစ်တဲ့ မင်းတပ်၊ မတူပီ ၊ ကန်ပက်လက်မြို့နယ်တွေကို စစ်ကောင်စီက အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်တာတွေ…

Read More