Headlines

မင်းပြားမြို့နယ်က အသက်မပြည့်သေးတဲ့ ချင်းလူငယ် ၇ ဦးကို AA က ဖမ်းဆီးထားဆဲဖြစ်ကာ မိဘတွေက တွေ့ခွင့်တောင်းဆို နေ

မေလ ၂၂ ရက်။ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ဖေသာပြင်ကျေးရွာနေ ဒေသခံ ချင်းလူမျိုး အသက်မပြည့်သေးတဲ့ အမျိုးသမီး၊ အမျိုးသား အပါအဝင် ချင်းလူငယ် ၇ ဦးကို မေလ ၃ ရက်နေ့ကတည်းက အာရက္ခတပ်တော် (AA)က ဖမ်းဆီးခဲ့ပြီး လက်ရှိအချိန်ထိ ပြန်လွတ်မပေးဘဲ ထိန်းသိမ်းထားဆဲဖြစ်ကာ မိဘတွေက တွေ့ခွင့်တောင်းဆိုနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဒေသခံတစ်ဦးက “အမ်းမြို့နယ်မှာ ဖမ်းခံရတာ နောက်ဆုံးရတဲ့ သတင်းအရ မင်းပြားမြို့နယ် ကမ်းနီရွာကအေအေ စခန်းတစ်ခုမှာ ထိန်းသိမ်းထားတယ်တဲ့ အခုထိ အဆက်အသွယ်မရကြသေးဘူးတဲ့ မိဘတွေက သူတို့ သားသမီးကို တွေ့ရဖို့ တောင်းပန်တယ် မိန်းကလေးတွေလည်းပါတော့ စိတ်ပူကြတယ် ဒါပေမယ့် တွေ့ခွင့်မပေးဘူးလို့သိရတယ်” လို့ပြောပါတယ်။ မင်းပြားမြို့နယ် ဖေသာပြင်ကျေးရွာက လေးတူ (ချင်း) ရွာက ချင်းလူမျိုး…

Read More

“‌ထင်းရှူးနံ့ဝေသီသော တောင်တန်းများ”

ကိုဒဲ ။ နဖူးပေါ်က ချွေးစက်တွေကို လက်မောင်းကအကျီစနဲ့သုတ်ရင်း ခုတ်လက်စသစ်ပင်ကို‌မော့ကြည့်မိတော့ မြင့်လိုက်တာဟု ထန်နိုးတွေးမိသည်။ သစ်ပင်ရဲ့ ဟိုထိပ်စွန်းနားမှာ ဟေဇာပန်း (Heisa) လေးတပွင့်ကိုတွေ့တော့ သူရင်ထဲ လွမ်းဆွတ်မှုတို့တိုး၀င်လာသည်။ ဟေဇာမည်သော သူငယ်ချင်းမလေးကို သူလွမ်း‌နေသည်မဟုတ်လား။ ==============={{{{{}}}}}============ စာမတော်ပေမယ့် ကျောင်းတက်ရတာပျော်သော်လည်း မချောင်လည်သောမိသားစုကအကြီးဆုံးသားမို့ ညီ၊ညီမငယ်တွေကိုငှဲ့ကာ ထန်နိး၉တန်းနှစ်တွင်ကျောင်းထွက်သည်။ အဖေနဲ့ တဖက်နိုင်ငံ၊ မီဇိုရမ်ဖက် ၃နှစ်ခန့်အထမ်းထမ်းကူရင်းဈေးရောင်းကူသည်။ ကိုဗစ်မည်သော ကပ်ရောဂါဖြစ်ပွားသောအခါ သားအဖနှစ်ယောက် နယ်စပ်မပိတ်မှီအမြန်ပြန်လာကြသည်။ ရွာရောက်သော်လဲ အဖေကတော့ ရောက်ပြီးမကြာခင်ဆုံးသည်။ ထန်နိုးတို့ကို ရွာထိပ်က ရှုခင်းသာအရပ်ရှိတဲငယ်လေးမှာနေရသည့်ကာလအတွင်းဆုံးခြင်းဖြစ်သည်။ ဆွေမျိုးနဲနဲနှင့် ထန်နိုးကိုယ်တိုင်အဖေ့ကို သဂြိုဟ်ခဲ့ရသည်။ လူတွေကကြောက်ကြတာကိုး ကူးစက်မှာကို.. ==============={{{{{}}}}}============ အဖေမရှိတော့ သူခရီးမထွက်တော့။ ခရီးသွားရတာများလို့ အဖေပင်ပန်းပြီးဆုံးရတာလို့တွေးပြီး သူစိတ်နာသည်။  ထို့အပြင်တောင်ယာက အမေတယောက်ထဲနဲ့ မဖြစ်ဘူးလေ။ တောင်ယာလုပ်၊ ပြောင်းဖူးစိုက်ပါမှ သူတို့စားဖို့…

Read More

ချင်းတောင်တက်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ ချင်းဒေသကာကွယ်ရေးတပ်များ တီးတိန်မြို့နယ် မွာလ်ပီးရွာ အနီးမှာ တိုက်ပွဲ စတင်ဖြစ်ပွါး

မေလ ၂၁ ရက်။ ဒီကနေ့ မေလ ၂၁ ရက်နေ့ မနက်ပိုင်း ၁၀နာရီခန့်မှာ CDF-CDM-Siyin အပါအဝင် ချင်းဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နဲ့ဒီရက်ပိုင်း အတွင်း ကလေးမြို့ကနေ ချင်းတောင်ကို ချီတက် စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်တို့တီးတိန်မြို့နယ် မွာလ်ပီးရွာ အောက်နားတွင် ထိတွေ့ တိုက်ပွဲ ဖြစ်ပွါးနေတယ် လို့ ဒေသခံများထံမှ သိရှိရပါတယ်။ “ဒီနေ့ မနက် ၁၀ နာရီ ကျော်ကျော် ကနေ စပြီး ပစ်ခတ်သံတွေ စကြားရတယ်။ လက်နက်ကြီး ပေါက်ကွဲသံတွေလည်း ကြားနေရ ပါတယ်။ မွာလ်ပီး ရွာဘက်မှာ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေ နဲ့ စစ်ကောင်စီ စစ်သားတွေ ထိတွေ့ တိုက်ပွဲ ဖြစ်တာလို့ ကြားရတယ်” လို့ ခိုင်ကမ်းမြို့နေ ဒေသခံ တစ်ဦး က Chin…

Read More

ဒိုင်ရ်ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာအဖွဲ့များ ဖွဲ့စည်းပြီးအစိုးရလုပ်ငန်းများကိုအကောင်အထည်ဖော်နေကြောင်း DRC ထုတ်ပြန်

မေလ ၂၀ ရက်။ တော်လှန်ရေးကာလအတွင်း ဒိုင်ရ်ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာအဖွဲ့များ ဖွဲ့စည်းပြီးဒိုင်ရ်ဒေသန္တရအခြေခံ ဥပဒေနှင့်အညီ အစိုးရလုပ်ငန်းများကို အကောင်အထည်ဖော်နေကြောင်း မေလ ၁၇ရက်နေ့မှာ ကျရောက်တဲ့ ဒိုင်ရ်ဒေသန္တရကောင်စီ (DRC) ဖွဲ့စည်းခြင်း တစ်နှစ်ပြည့်နေ့မှာ DRC က ထုတ်ပြန်ထားပါတယ်။ အစိုးရလုပ်ငန်းများကို ပြည်သူများ ကြံကြံခိုင်နိုင်မှု စွမ်းရည်မြင့်မားရေး နှင့် ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲများကို တတ်အားတရွေး ကူညီဖြေရှင်းပေးနိုင်ရန်အတွက်ဖြစ်ကြောင်း၊DRC သည် စတင်ဖွဲ့စည်းချိန်မှစပြီး ဒိုင်ရ်ဒေသအတွင်း ပြည်သူများအပါအဝင် လူမှုအဖွဲ့အစည်းအသီးသီးနှင့် ပူးပေါင်းဆောင်ရွက်မှုမြင့်တင်ရေးအတွက် ကြိုးပမ်းကာ တော်လှန်ရေးကာလအတွင်း ဒေသတွင်း နှင့် ပြည်တွင်းပြည်ပရှိ ဒိုင်ရ်ချင်း မျိုးနွယ်စုအဖွဲ့များ ၊လူပဂ္ဂိုလ်များ စည်းလုံးညီညွတ်မှုကို အလေးထားကြောင်းDRC ကထုတ်ပြန်ပါတယ်။ DRCအနေဖြင့် ချင်းအမျိုးအသားများ စည်းလုံးညီညွတ်ရေးကို အစဉ်ဦးထိပ်ထားပြီး ချင်းပြည်လွတ်မြောက်ရေးနှင့် ချင်းပြည်တည်ဆောက်ရေးတို့အတွက် ချင်းပြည်အတွင်း တော်လှန်ရေးအင်အားစုများနှင့် အတူတကွ…

Read More

ရိဒ်ခေါ်ဒါရ်မြို့မှာ မျိုးနွယ်စုကြား အမုန်းတရားဖြန့်ဝေလှုံ့ဆော်သူတွေကို နောက်ထပ်မလုပ်ဖို့ ခေါ်ယူသတိပေးတာရှိကြောင်း CDF – Hualngoram ပြော

မေလ ၂၀ ရက်။ အိန္ဒိယ – မြန်မာနယ်စပ် ချင်းပြည်နယ် ဖလမ်းမြို့နယ်၊ရိဒ်ခေါ်ဒါရ်မြို့ကို ထိန်းချုပ်ထားတဲ့ CDF – Hualngoram တပ်ဖွဲ့က ချင်းအမျိုးသားအဖွဲ့ချုပ်(CNO/CNDF) ကို ေထာက်ခံတဲ့ ပြည်သူတချို့ကို လိုက်လံဖမ်းဆီးတာမျိုးမရှိဘဲ မျိုးနွယ်စုကြား အမုန်းတရားဖြန့်ဝေလှုံဆော်သူတွေကိုသာ ခေါ်ယူသတိပေးတာမျိုးသာရှိကြောင်း CDF – Hualngoram ပြောရေးဆိုခွင့်ရှိသူက Chin World Media ကို ပြောပါတယ်။ CDF – Hualngoram ပြောရေးဆိုခွင့်ရှိသူက “အဲလိုမျိုးမရှိဘူး ကျနော်တို့မှာ တရားဥပဒေစိုးမိုးရေး နယ်မြေတည်ငြိမ်အေးချမ်းရေးကို ကျနော်တို့ရဲ့ ဒေသန္တရအုပ်ချုပ်ရေးဥပဒေအတိုင်း ဆောင်ရွက်နေတာတော့ရှိတယ် မျိုးနွယ်စုကြားအမုန်းတရားဖြန့်ပြီး ပြည်သူတွေကြား လှုံဆော်တဲ့သူတွေကိုတော့ နောက်ထပ်မလုပ်ဖို့ ခေါ်ယူသတိပေးထားတာတော့ရှိတယ် သူတို့ဘက်က စိုးရိမ်ပြီး ရှောင်တာတော့ ကျနော်တို့နဲ့ မဆိုင်ဘူး။ ကျနော်တို့က ကိုယ်ထိလက်ရောက် ကျူးလွန်ဖမ်းဆီးတာမျိုးတော့ အခုထိမရှိသေးဘူး”…

Read More

မြန်မာနိုင်ငံရှိ ပွဲစားကလိမ်လည်ပို့လိုက်ပြီး မလေးရှားနိုင်ငံရောက်သွားတဲ့ ချင်းအမျိုးသမီးတစ်ဦးကို ရွေးပေးတဲ့သူရှိလို့ ပြန်လွတ်လာပြီလို့ သိရ

မေလ ၂၀ ရက်။ မြန်မာနိုင်ငံမှာရှိတဲ့ ပွဲစားက လိမ်လည်ပြီး မလေးရှားကိုပို့ပေးလိုက်တဲ့ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ချောင်းနန်းကျေးရွာနေ အသက် ၂၂ နှစ်အရွယ် လေးတူချင်းအမျိုးသမီးတစ်ဦးဟာ မေလ ၁၈ ရက်နေ့မှာ မလေးရှားပွဲစားဆီကနေ ရွေးပေးတဲ့သူရှိလို့ပြန်လွတ်လာတယ်လို့သိရပါတယ်။ သူမနဲ့ နီးစပ်တဲ့သူတွေပြောပြချက်အရ “၁၈ ရက်နေ့ မနက်စောပိုင်းလောက်မှာ ရွေးမယ့်သူကို ဆက်သွယ်လာတယ်တဲ့ ဆက်သွယ်လာပြီးတော့ ကွာလာလမ်ပူမြို့ထဲက စားသောက်ဆိုင်မှာတွေ့ကြပြီး ခုနှစ်ထောင် နဲ့ ရွေးခိုင်းတယ်တဲ့ အစက သူတို့တောင်းတာက တစ်သောင်းလေးထောင်ပေါ့ ဒါပေမယ့် မနေ့ကလိုက်ပို့ပေးတာတဲ့ ရွေးဖို့ ပိုက်ဆံမရှိသေးဘူးပြောတာတောင်မရဘူး ခုနှစ်ထောင်နဲ့ အတင်းရွေးခိုင်းတာတဲ့ အခုကလွှတ်သွားပြီပေါ့” လို့ပြောပါတယ်။ မလေးရှားနိုင်ငံမှာရှိတဲ့ ပွဲစားက KTV မှာအလုပ်လုပ်မယ့် အမျိုးသမီးခေါ်တာဖြစ်ပြီး မြန်မာနိုင်ငံမှာရှိတဲ့ ပွဲစားက စားသောက်ဆိုင်မှာအလုပ်ရမယ်လို့ လိမ်ခေါ်ပြီး ပို့ပေးလိုက်တာဖြစ်တယ်လို့လည်း သိရပါတယ်။ ရခိုင်ပြည်နယ်…

Read More

မလေးရှားနိုင်ငံမှာ အထောက်အထားမဲ့ နေထိုင်တဲ့ နိုင်ငံခြားသားတွေကို ပြစ်ဒဏ်မပေးဘဲ တရားဝင်လမ်းကြောင်းကနေ နေရပ်ပြန်ပို့တော့မယ်

မေလ ၁၉ ရက်။ မလေးရှားနိုင်ငံမှာ အထောက်အထားမဲ့ နေထိုင်တဲ့ နိုင်ငံခြားသားတွေကို ပြစ်ဒဏ်ကျခံစရာမလိုတော့ဘဲ တရားဝင်လမ်းကြောင်းကနေ နေရပ်ပြန်ပို့ဆောင်တဲ့ အစီအစဉ်ကို မလေးရှားအစိုးရက မေလ ၁၉ ရက်နေ့ကနေ စတင်တော့မယ်လို့ မလေးရှားသတင်းဌာနတွေရဲ့ သတင်းဖော်ပြချက်အရသိရပါတယ်။ အဲဒီအစီအစဉ်ကို ၂၀၂၅ ခုနှစ်၊ မေလ ၁၉ ရက်နေ့က ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့အထိ မလေးရှားတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စတင်တော့မှာဖြစ်တယ်လို့ သိရပါတယ်။ မလေးရှားမှာ နေထိုင်သူတစ်ဦးက “လွန်ခဲ့တဲ့ ၂ ပတ်လောက်က ကျနော်တို့ ချင်းလူမျိုးတွေ (၇) ယောက်အဖမ်းခံရတာ သူတို့ ထောင်ဒဏ်မပေးတော့ဘဲ ချက်ခြင်းလေယာဉ်လက်မှတ်ဝယ်ပြီး ပြန်ပို့လိုက်တယ် ဘာမှအထောက်အထားမရှိရင်တော့ စိုးရိမ်ရတယ် လိုက်ဖမ်းနေတယ် လဝက ကနေ နေရာအလိုက် မြန်မာနိုင်ငံသားတွေနဲ့ တခြားနိုင်ငံခြားသားတွေများတဲ့ ဖက်တွေပေါ့ လိုက်ဖမ်းနေကြတယ်အထောက်အထားမရှိတဲ့သူ…

Read More

After the military council’s military convoy with 15 military vehicles advanced to Chin Mountain today, all vehicles going up to Chin Mountain were blocked from Khaikam town gate

May 19. On the morning of May 19, the military council’s military convoy with 15 military vehicles advanced to Chin Mountain and blocked all vehicles going up to Chin Mountain from the checkpoint at Khaikam town police station in Tedim Township, Khaikam residents learned. “They started climbing the mountain at around 4 am. The military…

Read More

CDF-Asho warns against disrupting school-age children’s education, says it will take action against those who do so

May 19. The CDF-Asho announced on May 19 that it will not threaten, disrupt, detain, or interfere with school affairs in areas bordering the Chin Defense Forces-Asho (CDF-Asho) military operations, and will take action against anyone who does so. CDF-Asho said that basic schools will begin opening for the 2025-2026 basic education year, and that…

Read More