Headlines

မတူပီမြို့နယ်မှာ အမျိုးသား ၂ ဦး မြေမြုပ်မိုင်းနင်းမိလို့ ၁ ဦး ခြေတစ်ဖက်ပြတ်သွားတယ်လို့ သိရ

မေလ ၂ ရက်။ ချင်းပြည်နယ်၊ မတူပီမြို့နယ် ၊ ငလိုင်ကျေးရွာမှာ မေလ ၁ ရက်နေ့ မနက်ပိုင်းက ဒေသခံ အမျိုးသား (၂) ဦး မြေမြှုပ်မိုင်းနင်းမိပြီး တစ်ဦးမှာညာခြေပြတ်သွားပြီး နောက်တစ်ဦးက ဒဏ်ရာအနည်းငယ်ရခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဒေသခံတစ်ဦးက “ရွာထဲသန့်ရှင်းရေးလုပ်ဖို့သွားကြရင်း ဖြစ်သွားတယ်လို့ဘဲ သတင်းရပါတယ် ဆရာတစ်ယောက်က ခြေပြတ်ပြီး နောက်တစ်ယောက်က အနည်းငယ်ဒဏ်ရာရတယ်လို့ သိရတယ် “ လို့ပြောပါတယ်။ မြေမြှုပ်မိုင်းနင်းမိတဲ့ ငလိုင်ရွာကဒေသခံ အမျိုးသား ၂ ဦးဟာ မီဇိုရမ်ပြည်နယ်ကနေ မတူပီမြို့နယ်က မိမိနေအိမ်ကို သန့်ရှင်းရေးလာလုပ်ဖို့ ပြန်လာချိန် အခုလိုမြေမြှုပ်မိုင်းနင်းမိခဲ့တာဖြစ်ပြီး လက်ရှိမှာ ဆေးကုသမှု ခံယူနေရတယ်လို့လည်း သိရပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ၃ နှစ်ကျော်ကာလအတွင်း ချင်းပြည်နယ်မှာ မြေမြှုပ်မိုင်းနင်းမိလို့ သေဆုံးခဲ့ရသူ…

Read More

ကျေးငှက်တွေ သားပေါက်ချိန်ဖြစ်တာကြောင့် မင်းတပ်မြို့နယ်မှာ ငှက်ပစ်အမဲလိုက်တာကို ၂ လ တိတိ တားမြစ်

မေလ ၁ ရက်။ ချင်းပြည်နယ် ၊မင်းတပ်မြို့နယ်အတွင်း ကျေးငှက်တွေ အသိုက်တွင်း ဥများ ဥချပြီး သားပေါက်ချိန်ဖြစ်တာကြောင့် ငှက်ပစ်အမဲလိုက်တာတွေကို မေလ ၁ ရက်နေ့ကနေ ဇွန်လ ၃၀ ရက်နေ့ အထိ ၂ လတိတိတားမြစ်ကြောင်း မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီကနေ့ မေလ ၁ ရက်နေ့မှာ ဒေသန္တရအမိန့်ထုတ်ပြန်လိုက်ပါတယ်။ အခုချိန်ကာလဟာ ကျေးငှက်တွေအသိုက်တွင်း ဥများဥချပြီး သားပေါက်ချိန်ဖြစ်တာကြောင့် ဒီအဖိုးတန် သဘာဝတောရိုင်းတိရိစ္ဆာန်တွေကို ကာကွယ်ဖို့အတွက် လေသေနတ်၊ တူမီးသေနတ်၊ ပွိုင့်တူးတူး သေနတ်၊ လောက်လေးဂွတွေနဲ့ ငှက်ပစ်အမဲလိုက်ခြင်းကို ၂ လတိတိ တားမြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။ မင်းတပ်မြို့နယ်အတွင်းက ကျေးငှက်တွေဟာ ရှားပါးငှက်မျိုးစိတ်တွေပါဝင်ကြပြီး အဖိုးတန်သဘာဝအမွေနှစ်တွေဖြစ်တာကြောင့် ဝိုင်းဝန်းထိန်းသိမ်းကြရမှာဖြစ်သလို အနာဂတ်ကာလတွင်လည်း ဒေသခံပြည်သူတွေအတွက် ခရီးသွားလာရေးကဏ္ထကတစ်ဆင့် ဝင်ငွေရရှိစေမှာဖြစ်တာကြောင့် တားမြစ်ချက်ကို အလေးနက်ထားလိုက်နာကြရန်နဲ့ လိုက်နာခြင်းမရှိပါက…

Read More

CNO/CNDF says over 300 prisoners of war, including over 60 women, captured during battle for Falam township

May 1. A total of around 316 prisoners of war, including over 60 women, from the Military Council were captured during the battle for Falam township, said Salai Tin Mi Htut, a spokesperson for the Chin National Organization (CNO/CNDF), a Chin armed resistance group based in Falam Township and a member of Chin Brotherhood. “There…

Read More

ကန်ပက်လက်မြို့နဲ့ဝေဘူလမြို့ကို အခုရက်ပိုင်းအတွင်း စစ်ကောင်စီက လေကြောင်းနဲ့တိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူ အဆောက်အဦးများစွာထိခိုက်ပျက်စီးကာ ပြည်သူတချို့ထိခိုက်ဒဏ်ရာရ

မေလ ၁ ရက်။ ချင်းပြည်နယ် ကန်ပက်လက်မြို့ကို ဧပြီလ ၂၉ ရက်နေ့က စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ကာ၊ဖလမ်းမြို့နယ်ဝေဘူလမြို့ကိုလည်း ဧပြီ ၂၇ ရက်နေ့က လေကြောင်းနဲ့တိုက်ခိုက်ခဲ့လို့ ကန်ပက်လက်မြို့နဲ့ဝေဘူလမြို့မှာ အရပ်သားပြည်သူနေအိမ် များစွာထိခိုက်ပျက်စီးကာ ပြည်သူတချို့ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ဒေသခံတွေဆီကသိရပါတယ်။ CDF – kanpetlet က တာဝန်ရှိသူတစ်ဦးက “၂၉ ရက်နေ့က လေကြောင်းကနေ တိုက်ခိုက်တာရှိပါတယ် လူအထိအခိုက်တော့ မရှိဘူး၊ အဆောက်အဦးတွေဘဲ ထိခိုက်တယ် ” လို့ပြောပါတယ်။ စစ်ကောင်စီကင်းစင်သွားပြီဖြစ်တဲ့ ဖလမ်းမြို့နယ်ထဲက ဝေဘူလမြို့ကိုလည်း ပြီးခဲ့တဲ့ ဧပြီလ ၂၇ ရက်နေ့ညက လေကြောင်းကနေ စစ်ကောင်စီတပ်ဖွဲ့က ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အသက် ၂ နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် ၆ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ဘုရားကျောင်း အပါအဝင် နေအိမ် ၁၅ လုံး…

Read More

The CDF-Asho attacked the military council troops that were on their way to secure the Nat Lake military base, killing 9 of them.

May 1. The Chin Defense Forces – Asho (CDF-Asho) announced today, May 1, that the military council troops that were on their way to secure the road from the military council troops in Pazhi village, Ngaphe Township, Magway Division, were attacked on April 30, killing 9 and injuring others. The CDF-Asho attacked the soldiers of…

Read More

နတ်ရေကန်တပ်စခန်း မကျရေး လုံခြုံရေးဆောင်ရွက်ဖို့ လာတဲ့ စစ်ကောင်စီတပ်ကို CDF – Asho က တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်က ၉ ဦးသေဆုံးခဲ့တယ်လို့ သိရ

မေလ ၁ ရက်။ နတ်ရေကန်တပ်စခန်း မကျရေးအတွက် မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ပဇီရွာရှိတပ်စခန်းကနေ ကားလမ်းလုံခြုံရေးယူရန် ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို မနေ့ ဧပြီလ ၃၀ ရက်နေ့မှာ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၉ ဦး သေဆုံးကာ၊ထိခိုက်ဒဏ်ရာရသူများလည်းရှိခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ် – အရှို ( CDF – Asho) ကဒီကနေ့ မေလ ၁ ရက်နေ့မှာထုတ်ပြန်ပါတယ်။ လေကြောင်းရန်ကာကွယ်ရေးတပ်စခန်း၏ ကာကင်းဖြစ်တဲ့ ငဖဲမြို့နယ် ပဇီရွာရှိ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ ကပစ – ၁၃ မှ တပ်သားတွေ ကားလမ်းလုံခြုံရေးယူဖို့ ထွက်လာချိန်မှာ CDF – Asho က ဖြတ်တောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦး ပွဲချင်းပြီးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူလည်းရှိခဲ့ပြီး…

Read More

တီးတိန်မြို့နယ် မံဆောင်းတံတားအောက်မှာ မြစ်ထဲဆင်းဖြတ်မောင်းကြတဲ့ကားသမားများ မိုးဦး စောမှာ စိုးရိမ်

ဧပြီလ ၃၀ ရက်။ ပွင့်လင်းရာသီမှာ အိန္ဒိယနယ်စပ်ကို ကုန်သွယ်တဲ့ ကုန်တင်ကားများ အနေဖြင့် တီးတိန်မြို့နယ် မံဆောင်းတံတားအောက်မှာ လမ်းလွှဲ ပြုလုပ်ပြီး ရေတိမ်တဲ့ နေရာမှ မြစ်ထဲ ဆင်းဖြတ် မောင်း ကြ သဖြင့် အချိန်ရော ကုန်ကျ စရိတ်ပါ သက်သာတဲ့ အတွက် မိုးဦး စောပြီး မြစ်ရေ တက်လာမည်ကို စိုးရိမ်နေကြရတယ် လို့ နယ်စပ်ဘက်ကို ကုန်စည် ပို့ဆောင်တဲ့ ကားသမား တစ်ဦး ထံမှ သိရှိခဲ့ ရ ပါတယ်။ တီးတိန်မြို့နယ် ရှိ မံဆောင်း မဏိပူရ မြစ်ကူး တံတား ကို စစ်ကောင်စီ စစ်တပ်မှ ၂၀၂၄ ခုနှစ် ဇွန်လ ၈ ရက်နေ့မျာ မိုင်းခွဲ ဖျက်ဆီးတဲ့…

Read More