
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း AA ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို Global Khumi Organization (GKO) က ထုတ်ပြန်
မေလ ၅ ရက်။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း အာရက္ခတပ်တော် (AA) ကျူးလွန်တဲ့ မုဒိမ်းမှုတွေအပါဝင် စစ်ရာဇဝတ်မှုကျူးလွန်ခြင်း ၊ လူသားမျိုးနွယ်စုတွေပေါ်ပြစ်မှုကျူးလွန်ခြင်းနဲ့ အခြေခံလူ့အခွင့်အရေး ချိုးဖောက်မှုတွေကို Global Khumi Organization (GKO) က မေလ၃ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ၂၀၂၅ ခုနှစ်၊ဧပြီလ ၅ ရက်နေ့၊ မနက် ၉ နာရီအချိန်တွင်ပလက်ဝမြို့နယ်၊ စိမ်းစင်းကျေးရွာတွင် ရွာနှင့် ခြေကျင်ဖြင့် ၁၀ မိနစ်ခန့် လမ်းလျှောက်ရသည့် ယာခင်းထဲတွင် ဟင်းခူးရန် သွားသည့် အသက် ၂၃ နှစ်အရွယ် (နို့စို့) ကလေးမိခင်တစ်ဦးကို AA တပ်သား ၂ ဦးက မုဒိမ်းကျင့်ပြီး အမျိုးသမီးကို ချောင်းထဲရေနစ်သတ်ဖို့ကြိုးစားခဲ့တာဟာ အလွန်ရွံရှာဖွယ်ကောင်းတဲ့ လုပ်ရပ်ဖြစ်သလို အလားတူ ၂၀၂၄ ခုနှစ်၊…