Headlines

မင်းတပ်မြို့ကို မေလ ၉ ရက်ညက စစ်ကောင်စီက လေကြောင်းတိုက်ခိုက်လို့နေအိမ် ၁၅ လုံးခန့်ပျက်စီး၊ဒဏ်ရာရသူအနည်းအကျဉ်းရှိခဲ့

မေလ ၁၁ ရက်။

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို မေလ ၉ ရက်နေ့ ညအချိန် ၁၀ နာရီခွဲလောက်မှာ စစ်ကောင်စီက လေကြောင်းကနေ ၂ ကြိမ် တိုက်ခိုက်ခဲ့လို့ ထိခိုက်ဒဏ်ရာရသူ အနည်းအကျဉ်းရှိခဲ့ပြီး အစိုးရအဆောက်အဦနှင့် ပြည်သူနေအိမ် ၁၅ လုံးခန့် ထိခိုက်ပျက်စီးခဲ့တယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မေလ ၁၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၇ ရက်နေ့ကလည်း မင်းတပ်မြို့ကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ အရပ်သားအဆောက်အဦးတွေ ထိခိုက်ပျက်စီးခဲ့သလို အရပ်သားပြည်သူ အသက်ဆုံးရှုံးမှုတွေလည်း ရှိခဲ့တယ်လို့လည်း သိရပါတယ်။

မင်းတပ်မြို့ကိုစစ်ကောင်စီက ယခုရက်ပိုင်းတွင်း လေကြောင်းတိုက်ခိုက်မှုတွေခပ်စိပ်စိပ်ပြုလုပ်နေပါတယ်။

မင်းတပ်မြို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ CDF – Mindat ပါဝင်တဲ့ ချင်းညီနောင်နဲ့ မဟာမိတ်အဖွဲ့တွေက မင်းတပ်မြို့ကို စစ်ကောင်စီလက်ထဲကနေ အပြီးသိမ်းပိုက်ခဲ့ပြီး လက်ရှိမင်းတပ်မြို့ အုပ်ချုပ်ရေးကိုလည်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *