Headlines

စစ်ကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်ကို ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ချီးမြင့်၊အကျဉ်းသူ/အကျဉ်းသား ၄၈၉၃ ဦးကို လွတ်ငြိမ်းခွင့်ပေး

ဧပြီလ ၁၇ ရက်။ အာဏာသိမ်းစစ်ကောင်စီက ဒီကနေ့ ဧပြီလ ၁၇ ရက် မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာ စစ်ကောင်စီအဖွဲ့ဝင်ဒေါက်တာမှုထန်အပါအဝင် လူပုဂ္ဂိုလ် ၁၃ ဦးကို ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ ချီးမြင့်လိုက်ပါတယ်။ ဒေါက်တာမှုထန်ဟာ ၁၉၉၀နဲ့ ၂၀၁၅ ရွေးကောက်ပွဲ တို့မှာ ထန်တလန်မြို့နယ်မှာ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့ပြီး ၂၀၀၈ဖွဲ့စည်းပုံအ ခြေခံဥပဒေ ရေးဆွဲရာမှာ ပါဝင်ကာ အမျိုးသားညီလာခံတက်ရောက်ခဲ့သူလည်းဖြစ်ပါတယ် ။ ဒေါက်တာမှုထန်ဟာ ချင်းပြည်နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ (USDP) ဥက္ကဌဖြစ်ကာ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က အာဏာသိမ်းစစ်ကောင်စီအဖွဲ့ဝင်အဖြစ် ခန့်အပ်ခံရတာဖြစ်ပါတယ်။ ဒီကနေ့ ဧပြီလ၁၇ ရက်မှာ နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်တွေကနေ အကျဉ်းသူ/အကျဉ်းသား ၄၈၉၃ ဦးကို လွတ်ငြိမ်းခွင့်ပေးလိုက်တယ်လို့ အာဏာသိမ်းစစ်ကောင်စီကကြေညာပါတယ်။ စစ်ကောင်စီရဲ့လွတ်ငြိမ်းခွင့်ထဲမှာနိုင်ငံရေးအကျဉ်းသူ/အကျဉ်းသား အရေအတွက် ဘယ်လောက်ပါဝင်သလဲ…

Read More

ကန်ပက်လက်မြို့နယ်မှာ အသက်မပြည့်သေးတဲ့ လူငယ်တွေကို စစ်မှုထမ်းဖို့ဖမ်းဆီးတာမျိုးမရှိကြောင်း CDF – Kanpetlet ပြော

ဧပြီလ ၁၆ ရက်။ ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်မှာ အသက်မပြည့်သေးတဲ့ လူငယ်တွေကို စစ်မှုထမ်းဖို့ဖမ်းဆီးတာမျိုးမရှိကြောင်း၊ကန်ပက်လက်မြို့နယ် အမှတ် ၅ ဒေသ မကြားရွာအုပ်စုက ဒေသခံ အသက်မပြည့်သေးတဲ့ လူငယ်၁၆ ဦးကို CDF – Kanpetlet ဖမ်းဆီးခေါ်ဆောင်တယ်ဆိုတဲ့ သတင်းတွေဟာ အချောင်သမားတချို့ရဲ့ ထိုးနှစ်တိုက်ခိုက်တဲ့ အပြုမှုစကားလုံးတွေသာဖြစ်တယ်လို့ CDF – Kanpetlet အဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ CDF – Kanpetlet ရဲ့ဝိတိုရိယတပ်ရင်း(၁) ဟာ မကြားအုပ်စုတွင်း မတ်လ ၂၈ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ အကြောင်းပြချက်မရှိ ကျောင်းနေအရွယ် အသက်မပြည့်တဲ့ လူငယ် အမျိုးသား ၇ ဦး အမျိုးသမီး ၉ ဦး စုစုပေါင်း ၁၆ ဦးကို CDF…

Read More

Mara Territory Administrative Council warns against hunting, trapping, fishing until the end of June due to the breeding season of birds and wild animals

April 16. The Mara Territory Administrative Council (MTC/MDF) issued a warning today, April 16, to the people living in Mara Territory, Chin State, from today until the end of June due to the breeding season of birds and wild animals. In order to preserve the natural greenery and prevent the extinction of wild animals, the…

Read More

ငှက်နဲ့ တောရိုင်းတိရိစ္ဆာန်တွေ သားပေါက်ကာလဖြစ်တာကြောင့် ဇွန်လကုန်အထိ အမဲလိုက်၊ဌက်ပစ်၊ငါးဖမ်းတာတွေ မလုပ်ဖို့ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ သတိပေး

ဧပြီလ ၁၆ ရက်။ ငှက်နဲ့ တောရိုင်းတိရိစ္ဆာန်တွေ သားပေါက်ကာလဖြစ်တာကြောင့် ချင်းပြည်နယ်၊မရာနယ်မြေတွင်းနေထိုင်တဲ့ မိဘပြည်သူတွေအနေနဲ့ အမဲလိုက်၊ဌက်ပစ်၊ ငါးဖမ်းတာတွေကို ဒီကနေ့စလို့ ဇွန်လကုန်အထိ မလုပ်ကြဖို့ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ(MTC/MDF) က ဒီကနေ့ဧပြီလ ၁၆ ရက်နေ့မှာ သတိပေးစာထုတ်ပြန်ပါတယ်။ သဘာဝတောတောင် စိမ်းလန်းစိုပြေရေးနဲ့ တောရိုင်းတိရိစ္ဆာန်တွေ မျိုးသုန်းပျောက်ကွယ်ခြင်း မရှိစေရန် ရည်ရွက်ချက်နဲ့ မရာနယ်မြေအတွင်း နေထိုင်တဲ့ မိဘပြည်သူတွေအနေနဲ့ ဒီကနေ့ကစလို့ ဇွန်လကုန်အထိ နည်းမျိုးစုံနဲ့ ငှက်ပစ်သတ်ခြင်း၊ ဖမ်းဆီးခြင်း အမဲလိုက်ခြင်း၊ မြစ်ချောင်းတွေမှာ ရှော့တိုက်ခြင်း၊ ဓာတုဆေးတွေ အသုံးပြုခြင်းနဲ့ မိုင်းခွဲတာတွေနဲ့ ငါးဖမ်းတာတွေ လုံးဝမလုပ်ရဘူးလို့ မရာနယ်မြေအုပ်ချုပရေးကောင်စီက ထုတ်ပြန်ပါတယ်။ ဒီထုတ်ပြန်ချက်ကို သိရှိလိုက်နာဆောင်ရွက်ကြဖို့နဲ့ လိုက်နာဆောင်ရွက်ခြင်းမရှိပါက ပြင်းပြင်းထန်ထန် အရေးယူခြင်းခံရမှာ ဖြစ်တယ်လို့လည်း မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ သတိပေးထားပါတယ်။ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ(MTC) ဟာ မရာမျိုးနွယ်စုတွေရဲ့နေထိုင်ရာ မတူပီမြို့နယ်ထဲက…

Read More

ငလျင်ဘေးဒဏ်သင့် မြန်မာပြည်သူအတွက် အာဆီယံ အကူအညီတွေကို စစ်ကောင်စီကနေ တဆင့်ပေးမှာကို အပြင်းအထန် ကန့်ကွက်ကြောင်း CNF ပါဝင်တဲ့ EROs အဖွဲ့တွေ နဲ့ NUG ပူးတွဲပြီးထုတ်ပြန်

ဧပြီလ ၁၆ ရက်။ ငလျင်ဘေးဒဏ်သင့် မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားမှု အာဆီယံ အကူအညီတွေကို အာဏာသိမ်းစစ်ကောင်စီကနေ တဆင့် ပေးမှာကို အပြင်းအထန် ကန့်ကွက်တယ်လို့ ချင်းအမျိုးသားတပ်ဦး (CNF) ပါဝင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ (EROs)အဖွဲ့တွေ နဲ့ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) က ပူးတွဲပြီးကန့်ကွက်ကြောင်း ဧပြီလ ၁၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ စစ်အုပ်စုဟာ တိုင်းပြည် နယ်နိမိတ်စုစုပေါင်း ၂၂ ရာခိုင်နှုန်းကိုသာ စိုးမိုးထိန်းချုပ်ထားနိုင်တာဖြစ်လို့ တော်လှန်ရေး အင်အားစုတွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေက သက်ဆိုင်သူတွေနဲ့ ချိတ်ဆက်ပေးအပ်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ အာဆီယံခေါင်းဆောင်တွေအနေနဲ့ လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေကို ခွဲခြားဆက်ဆံမှုမရှိ၊ ဘက်မလိုက်ဘဲ ထိရောက်စွာ အကူအညီပေးနိုင်ရေးအတွက် ဆောင်ရွက်ရာတွင် အာဏာသိမ်းစစ်ကောင်စီကနေ တဆင့်ပေးအပ်ခြင်းကိုသာ ပြုလုပ်ပါက လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေကို နိုင်ငံရေးအရ အလွဲသုံးချမယ့်…

Read More

လက်နက်ငယ်ကျည် ပေါက်ကွဲမှုကြောင့် ကလေးမြို့မှာ စစ်ရှောင် ချင်းကလေးငယ် ညီအစ်ကို ၂ ဦး သေဆုံး

ဧပြီလ ၁၆ ရက်။ ဒီကနေ့ ဧပြီလ ၁၆ ရက်နေ့ မနက် ၈ နာရီခန့်မှာ ကလေးမြို့ တောင်ဖီလာ ရပ်ကွက် (အရပ်ခေါ် နေပြည်တော်)မှာ နေထိုင်သူ ၅ အရွယ် နှင့် ၂ နှစ်ခွဲ အရွယ် ညီအစ်ကို နှစ်ဦး ခြံထဲမှာ ဆော့ကစားစဉ် လက်နက်ငယ်ကျည်ပေါက်ကွဲမှု ဖြစ်ပွားပြီး နှစ်ယောက်စလုံး ပွဲချင်းသေဆုံး သွားခဲ့တယ် လို့ ရပ်ကွက်နေ ပြည်သူ တစ်ဦး ထံမှ သိရှိခဲ့ရပါတယ်။ “ရပ်ကွက်ကတော့ မပေါက်ကွဲသေးတဲ့ ဒရုန်း drop bomb ဖြစ်နိုင်တယ် လို့ ထင်ကြေး ပေးထားပါတယ်။ ပေါက်ကွဲ မှု ဖြစ်ဖြစ်ချင်း စစ်သားတွေ ရောက်လာတယ်။ ကလေး နှစ်ယောက် ရဲ့ ‌အလောင်း…

Read More

နယူးဒေလီရှိ ဒုက္ခသည် မြန်မာနိုင်ငံသားတွေကို UNHCR ဘက်က အသိမှတ်ပြုကဒ်တွေ အမြန်ထုတ်ပေးဖို့ တောင်းဆို

ဧပြီလ ၁၆ ရက်။ အိန္ဒိယနိုင်ငံ၊ နယူဒေလီအခြေစိုက် ချင်းဒုက္ခသည်ကော်မတီ Chin Refugee Committe – New Delhi (CRC)ဥက္ကဌဦးဆောင်သော ကွန်မြူနတီ အသီးသီးမှ ဥက္ကဌများက နယူဒေလီက မြန်မာနိုင်ငံသား ဒုက္ခသည်တွေကို ဒုက္ခသည် အသိအမှတ်ပြုကဒ်တွေ အမြန်ဆုံးပေးဖို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR – Protection Unit (ကတာဝန်ရှိသူတွေကို ဧပြီလ ၁၅ရက်နေ့ကတွေ့ဆုံစဉ်မှာ တောင်းဆိုခဲ့တယ်လို့ CRC က ဧပြီလ ၁၅ ရက်နေ့က ထုတ်ပြန်ပါတယ်။ လက်ရှိ နယူဒေလီရှိ မြန်မာနိုင်ငံသား ဒုက္ခသည်များ၏ ၉၀ရာခိုင်နှုန်းသည် ယာယီကဒ်ကိုင်ဆောင်သူ များဖြစ်သဖြင့် ၎င်းတို့အတွက် လုံခြုံရေး ၊ ကျန်းမာရေး ၊ အကာကွယ်စောင့်ရှောက်မှုများ အထူးလိုအပ် နေသဖြင့် ဒုက္ခသည် အသိအမှတ်ပြု…

Read More