Headlines

ကလေးမြို့မှာ ချင်းအမျိုးသား ၁ ဦးကို စစ်ကောင်စီတပ်မှ ပစ်သတ်ကာ မီးသဂြိုလ်ခဲ့ပြီး အရိုးပြာကို မိသားစုထံ အပ်နှံ

ဧပြီလ ၂၆ ရက်။ ဧပြီလ ၂၄ ရက်နေ့ ညနေပိုင်းမှာ ကလေးမြို့၊စံပြရပ်ကွက်က နေအိမ်ကိုပြန်လာတဲ့ အသက် ၂၉ နှစ်အရွယ် ချင်း အမျိုးသား ၁ ဦး ဖြစ်သူ Nangtawng (ခေါ်) Tg Dominic Dal Khen Nang ကို လမ်းမှာ စစ်ကောင်စီတပ်ကပစ်သတ်ကာ မီးသဂြိုလ်ခဲ့ကာ အရိုးပြာအိုးကိုမိသားစုထံလာအပ်နှံ့ခဲ့တယ်လို့ သေဆုံးသူရဲ့ ဆွေမျိုးအသိုင်းအဝိုင်းပြောပြချက်အရ သိရှိရ ပါတယ်။ “Nangtawng က ဧပြီလ ၂၄ ရက်နေ့ မှာ သဇင်ရပ်ကွက်မှာ ရှိတဲ့ သူ့အမ ဆီသွားလည် ခဲ့ရာ ကနေ စံပြ (Khuamawi) ရှိ နေအိမ်ကို ပြန် ဖို့ ထွက်သွားတာ။ နေအိမ် ပြန်မရောက်တော့ အားလုံး…

Read More

နိုင်ငံရေးဖိအားတွေကြောင့် လားရှိုးမြို့က ဆုတ်ခွါခဲ့ရတဲ့အတွက် များစွာဝမ်းနည်းရကြောင်း MNDAA ထုတ်ပြန်

ဧပြီလ ၂၆ ရက်။ နိုင်ငံရေးဖိအားတွေကြောင့် ရှမ်းပြည်နယ်၊ လားရှိုးမြို့မှဆုတ်ခွါခဲ့ရတဲ့အတွက် များစွာဝမ်းနည်းရကြောင်း မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)က MNDAA ရဲ့ The Kokang မီဒီယာကနေတဆင့်ဒီကနေ့ ဧပြီလ ၂၆ ရက်မှာသတင်းထုတ်ပြန်ပါတယ်။ “နိုင်ငံရေးဖိအားများစွာကြောင့် လားရှိုးမြို့မှ ပြန်လည်ဆုတ်ခွာခဲ့ရသည့်အတွက်လည်း များစွာဝမ်းနည်းရပါကြောင်း ကျန်းမာရေးဌာန၏တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်” လို့ The Kokang မီဒီယာရဲ့ဖော်ပြချက်မှာ ပါရှိပါတယ်။ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုနဲ့ စစ်ကောင်စီနဲ့ MNDAA (ကိုးကန့်တပ်)အကြား အပစ်ရပ်ဖို့ သဘောတူခဲ့ပြီးနောက် ကိုးကန့်တပ်ဟာ လားရှိုးမြို့ပေါ်ကနေ ဧပြီ ၂၁ ရက်မှာ အပြီးထွက်ခွါခဲ့ရပြီးနောက် လားရှိုးမြို့မှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရား ဝင်ရောက်လည်ပတ်နေပြီဖြစ်ပါတယ်။ လားရှိုးမြို့ အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို MNDAA က ၂၀၂၄ ခုနှစ် ဩဂုတ် ၃…

Read More

မလေးရှားနိုင်ငံမှာ ချင်းလူမျိုးအချင်းချင်း စကားများရန်ဖြစ်ရာကနေ လူသတ်မှုဖြစ်ခဲ့ပြီး သေဆုံးသူအလောင်းကို ၁ လ ကျော်အကြာမှထုတ်ယူသဂြိုလ်ခွင့်ရ

ဧပြီလ ၂၆ ရက်။ မလေးရှားနိုင်ငံမှာ၊ ပြီးခဲ့တဲ့ မတ်လ ၆ ရက်နေ့က ချင်းလူမျိုး အချင်းချင်း ခိုက်ရန်ဖြစ်ပြီး သေဆုံးသွားခဲ့သူ ချင်းအမျိုးသားတစ်ဦးရဲ့ အလောင်းကို ၁ လ ကျော်အကြာ လာမယ့် ဧပြီလ ၂၈ ရက်၊ တင်္နလာနေ့မှာ ထုတ်ယူခွင့်ရမှာဖြစ်ကာ သဂြိုလ်မှာဖြစ်တယ်လို့ Chin Refugee Committee (CRC )အဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၆ ရက်နေ့က မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၊ပူဒူးအရပ်မှာ ချင်းလူမျိုးအချင်းချင်း အရက်သောက်ပြီး စကားများရန်ဖြစ်ရာကနေ လူသတ်မှုအထိဖြစ်သွားခဲ့ရာ အဲဒီနေ့ကတည်းကနေ သေဆုံးသူအလောင်းနဲ့ လူသတ်မှု ကျူးလွန်သူကို ရဲတပ်ဖွဲ့က ထိန်းသိမ်းထားတာဖြစ်တယ်လို့ CRC အဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ “ဒီအမှုနဲ့ပက်သက်ပြီး တရားရုံးတင်တဲ့ချိန် DNA စတဲ့အချက်အလက်တွေ…

Read More

ငလျင်ဘေးကြောင့် ၁ လ ခန့် ရပ်နားထားတဲ့ Myanmar Star Grand Final Second Round ပြန်လည်ကျင်းပ

ဧပြီလ ၂၅ ရက်။ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ဘေးကြောင့် ချင်းလူငယ် Ephraim Kyaw Oo နှင့် Hoihpi တို့ပါဝင်ယှဉ်ပြိုင်နေတဲ့Myanmar Star သီချင်းဆိုပြိုင်ပွဲ ၁ လ ခန့် အစီအစဉ် ရပ်နားခဲ့ရကာ မနေ့ ဧပြီ၂၄ ရက်နေ့က စပြီးMyanmar Star ပြိုင်ပွဲ Final Second Round Performance (ဒုတိယ အကြိမ် အလှည့်ကျ ဖျော်ဖြေမှု ) ကို Popular Song Week အမည် ဖြင့် ပြန်လည် ကျင်းပလာကြောင်းတိုက်ရိုက် ထုတ်လွင့်မှုများအရ သိရပါတယ်။ Myanmar Star အနေဖြင့် မန္တလေးငလျင် ကြောင့် ပြိုင်ပွဲ အစီအစဉ်များကို ခေတ္တရပ်နားမည်…

Read More

ကလေးမြို့က ကျောင်းသား/သူ ၁ ထောင်ကျော်တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုဖို့အခက်အခဲများစွာရှိနေ

ဧပြီလ ၂၅ ရက်။ မတ်လ ၂၈ ရက်ကပြင်းထန်စွာလှုပ်သွားတဲ့ ငလျင်ဒဏ် ကြောင့် မန္တလေးတက္ကသိုလ်မှာထားတဲ့ ကချင်၊စစ်ကိုင်း၊မန္တလေး၊နေပြည်တော်က ၂၀၂၅ တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာ ၆ သောင်းကျော်မီးလောင်ပျက်စီးခဲ့တဲ့အတွက် တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုရမယ့်အထဲစစ်ကိုင်းတိုင်း၊ကလေးမြို့နယ်လည်းပါဝင်ကာ ကလေးမြို့က ၂၀၂၅ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုခဲ့တဲ့ ကျောင်းသား/သူ ၁ ထောင်ကျော်ဟာ စာမေးပွဲပြန်လည်ဖြေဆိုဖို့အခက်အခဲများစွာရှိနေတယ်လို့ကျောင်းသား/သူမိဘတွေဆီက သိရပါတယ်။ ချင်းပြည်နယ် ကနေ စစ်ရှောင် အများစု ခိုလှုံရာ မြို့တစ်မြို့ ဖြစ်တဲ့ ချင်းတောင်ခြေ ကလေးမြို့မှာ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲမှာ စာစစ်ဌာန ၃ ခု ကနေ ဖြေဆိုသူ ၁၁၀၇ ဦး ရှိခဲ့ပါတယ်။ ကလေးမြို့စာစစ်ဌာနများမှ တက္ကသိုလ်ဝင် စာမေးပွဲ အဖြေလွှာများဟာ မန္တလေးငလျင် ဒဏ်ကြောင့် ပျက်စီး မီးလောင်ခဲ့တာကြောင့် ဇွန်လ…

Read More

CDF – Mindat Commander-in-Chief Says We Will Work Together to Liberate Hakha and Thantlang in Addition to the Tedim Operation

April 25. In addition to the Tedim Operation, which will be carried out as the Chin Brotherhood Operation, we will work together to liberate Hakha and Thantlang in Addition to the Tedim Operation, which will be carried out as the Chin Brotherhood Operation, so we will continue to support and encourage the Chin Brotherhood members,…

Read More

တီးတိန်စစ်ဆင်ရေးအပြင် ဟားခါး၊ ထန်တလန် လွတ်မြောက်ရေးအတွက်လည်း စွမ်းစွမ်းတမံပူးပေါင်းဆောင်ရွက်မယ်လို့ CDF – Mindat စစ်ဦးစီးချုပ်ပြော

ဧပြီလ ၂၅ ရက်။ ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ဖော်ဆောင်ရမယ့် တီးတိန်စစ်ဆင်ရေး အပြင် ဟားခါး၊ ထန်တလန် လွတ်မြောက်ရေးအတွက်ကိုလည်း စွမ်းစွမ်းတမံပူးပေါင်းဆောင်ရွက်သွားမှာဖြစ်လို့ ချင်းညီနောင်အဖွဲ့ဝင်တွေကို ဆက်ပြီး အားပေးဝိုင်းရံထောက်ခံပေးကြဖို့ ဧပြီလ ၂၄ ရက်နေ့မှာကျရောက်တဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)ရဲ့တော်လှန်ရေး (၄) နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ချင်းညီနောင်အဖွဲ့ဝင် ၊CDF – Mindat စစ်ဦးစီးချုပ်ဆလိုင်းထန်းချွမ်ဖေက မိန့်ခွန်းမှာထည့်သွင်းပြောကြားပါတယ်။ CDF – Mindat စစ်ဦးစီးချုပ်ဆလိုင်းထန်းချွမ်ဖေက “လက်ရှိအောင်မြင်နေတဲ့ ကျနော်တို့ ချင်းညီနောင်စစ်ဆင်ရေးကိုလည်း ဆက်လက်ပြီးဝိုင်းရံပံ့ပိုးပေးကြပါ ကျနော်တို့ချင်းညီနောင်ဟာ ဆက်ပြီးတော့ ဖော်ဆောင်ရမယ့် တီးတိန်စစ်ဆင်ရေး ထိုနည်းတူဘဲ ကျနော်တို့ ချင်းပြည်နယ်အတွင်းမှာရှိနေသေးတဲ့ ဟားခါး၊ ထန်တလန် စတဲ့မြို့တွေလွတ်မြောက်ရေးအတွက်ကိုလည်း ကျနော်တို့ စွမ်းစွမ်းတမံပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ် အဲဒါကြောင့်ဆက်ပြီးတော့ ချင်းညီနောင်စစ်ဆင်ရေး၊ ချင်းညီနောင်အဖွဲ့ဝင်တွေကိုလည်း ဆက်ပြီးတော့ အားပေးဝိုင်းရံထောက်ခံပေးကြဖို့ မေတ္တာရပ်ခံလိုပါတယ်” လို့ပြောပါတယ်။ နောက်လာမယ့် ၅…

Read More