Headlines

Fighting in southern Kalay Township is intense, and the military council’s military helicopter was forced to make an emergency landing after being shot at.

April 28. A military source said that a Mi-35 attack helicopter of the military council, which has been conducting airstrikes on villages in southern Kalay, Sagaing Region, was hit by gunfire from the revolutionary forces on April 27 and had to make an emergency landing. A military source said, “The southern groups said that the…

Read More

ကလေးမြို့နယ်တောင်ပိုင်းမှာတိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီရဲ့စစ်ရဟတ်ယာဉ် ပစ်ခတ်ခံရလို့ အရေးပေါ်ဆင်းခဲ့ရတယ်လို့ သိရ

ဧပြီလ ၂၈ ရက်။ အခုရက်ပိုင်းအတွင်း စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်းက ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှု အရှိန်မြင့်လုပ်ဆောင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ရဲ့ Mi 35 တိုက်ခိုက်ရေးရဟတ်ယာဉ်ဟာ မနေ့က ဧပြီလ ၂၇ ရက်နေ့မှာ တော်လှန်ရေးတပ်ဖွဲ့ဘက်က ပစ်ခတ်ခဲ့လို့ ထိမှန်ခဲ့ပြီး ရဟတ်ယာဉ်ဟာ အရေးပေါ်ဆင်းသက်ခဲ့ရတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “တောင်ပိုင်းအဖွဲ့တွေက Mi 35 တိုက်ခိုက်ရေးရဟတ်ယာဉ်ကို အောက်ကနေ ပွင့်ဖိုက် နဲ့ ပစ်တယ်လို့ပြောတယ် မကွေးတိုင်း ဟံသာဝတီရွာမှာ အရေးပေါ်ဆင်းခဲ့ရတယ်လို့ သိရတယ် ထိသွားတယ် ပျက်တော့ မကျသွားဘူးပေါ့” လို့ပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဟာ ဧပြီလ ၂၅ ရက်နေ့ကစလို့ ကလေးတောင်ပိုင်းက ကြံသာရွာကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးဝင်ရောက်လာနေသလို လေကြောင်းကနေ ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ အရှိန်မြင့်လုပ်ဆောင်နေလို့ ဒေသခံပြည်သူတွေ ထိခိုက်သေဆုံးမှုတွေ…

Read More

CRC issues 5-point warning to Myanmar nationals in India to refrain from drug trafficking

April 28. The Chin Refugee Committee-New Delhi (CRC-NewDelhi) on April 27 issued a 5-point warning to Myanmar nationals in India to refrain from drug trafficking, including illegal trade, in recognition of the Indian institutions and government authorities that have provided them with shelter and assistance. The Chin Refugee Committee also expressed its gratitude to India…

Read More

အိန္ဒိယနိုင်ငံရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ မူးယစ်ဆေးဝါးအပါအဝင် တရားမဝင် ရောင်းဝယ်ဖောက်ကားခြင်းတွေမှာ လုံးဝ ပါဝင်ပတ်သက်ခြင်းမလုပ်ကြဖို့ အပါဝင် အချက် ၅ ခုကို CRC ထုတ်ပြန်

ဧပြီလ ၂၈ ရက်။ အိန္ဒိယနိုင်ငံရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ လက်ခံကူညီစောင့်ရှောက်ပေးတဲ့ အိန္ဒိယနိုင်ငံကအဖွဲ့အစည်းတွေနဲ့ အစိုးရအာဏာပိုင်တွေကို ကျေးဇူးသိတတ်သောအားဖြင့် မူးယစ်ဆေးဝါးအပါအဝင် တရားမဝင် ရောင်းဝယ်ဖောက်ကားခြင်းတွေမှာ လုံးဝ ပါဝင်ပတ်သက်ခြင်းမလုပ်ကြဖို့ အပါအဝင် အချက် ၅ ခုကို ချင်းဒုက္ခသည်ကော်မတီ – နယူးဒေလီ ( CRC-NewDelhi ) က ဧပြီလ ၂၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အိန္ဒိယနိုင်ငံဟာ ဒုက္ခသည် ကွန်ဗင်းရှင်း (၁၉၅၁ခုနှစ်) ကို လက်မှတ်ထားခြင်းမရှိသော်လည်း အိမ်နီးချင်းကောင်းပီသစွာ မြန်မာနိုင်ငံသားတွေကို ခိုလှုံခွင့်ပြုထားတာကြောင့်လည်း အထူးကျေးဇူးတင်ကြောင်းကိုလည်း ချင်းဒုက္ခသည်များ ကော်မတီက ဖော်ပြထားပါတယ်။ ဒါကြောင့် အိန္ဒိယနိုင်ငံမှာ ခိုလှုံနေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ လက်ခံကူညီ စောင့်ရှောက်ပေးလျက်ရှိတဲ့ အိန္ဒိယနိုင်ငံမှလူမှုအသင်းအဖွဲ့တွေ၊ ဘာသာရေးအဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေနဲ့ အစိုးရအာဏာပိုင်တွေကို ကျေးဇူးသိတတ်သောအားဖြင့် မူးယစ်ဆေးဝါးအပါအဝင် တရားမဝင်…

Read More

GKYA calls for prompt and independent investigation into 2 AA soldiers who attempted to rape and kill a local Chin woman in Paletwa Township

April 27. Global Khumi Youth Association (GKYA) today issued a statement calling for the ULA/AA to conduct a prompt and independent investigation into the 2 Arakan Army (AA) soldiers who attempted to rape and drown a local Khmer Chin woman, a mother of a child, from Sein Sin Village, Paletwa Township, Chin State on April…

Read More

ပလက်ဝမြို့နယ်က ဒေသခံ ချင်းအမျိုးသမီးတစ်ဦးကို မုဒိန်းကျင့်ပြီး သတ်ဖို့ကြိုးစားခဲ့တဲ့ AA တပ်သား ၂ ဦးကို လွတ်လပ်သော စုံစမ်းစစ်ဆေးမှု အမြန်ဆုံးဖော်ဆောင်ပေးဖို့ GKYA က တောင်းဆို

ဧပြီလ ၂၇ ရက်။ ဧပြီလ ၅ ရက်နေ့က ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ စိမ်းစင်းကျေးရွာနေ ဒေသခံ ကလေးမိခင် ခူမီးချင်းအမျိုးသမီးတစ်ဦးကို မုဒိန်းကျင့်ပြီး ရေနစ်သတ်ဖို့ကြံစည်တဲ့ အာရက္ခတပ်တော် (AA) တပ်သား ၂ ဦးကို ULA / AA အနေနဲ့ လျင်မြန်ပြီး လွတ်လပ်သော စုံစမ်းစစ်ဆေးမှု အမြန်ဆုံး ဖော်ဆောင်ပေးရန် နိုင်ငံတကာခူမီးလူငယ်များအသင်း (GKYA) က ဒီကနေ့ ဧပြီလ ၂၇ ရက်နေ့မှာ ထုတ်ပြန်ချက်ထုတ်ကာ တောင်းဆိုထားပါတယ်။ ဒီအမှုနှင့်ပတ်သက်ပြီး ULA/AA အနေဖြင့် လျင်မြန်ပြီး လွတ်လပ်သောစုံစမ်းစစ်ဆေးမှုကို အမြန်ဆုံး ဖော်ဆောင်ပေးရန်၊ ကျူးလွန်ခံရသူအတွက်လိုအပ်သော စိတ်ပိုင်း/ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု၊ လုံခြုံမှု၊ ဥပဒေအကာအကွယ် နှင့် အခြားလိုအပ်သောအကူအညီများကို ပံ့ပိုးဆောင်ရွက်ရန်၊ ကျူးလွန်သူများကို အမည်ဖော်ထုတ်ပြီး ပြည်တွင်း၊…

Read More

ကနေဒီတောင် အနောက်ဘက် တီးတိန်လမ်းပေါ်မှာ ကုန်တင်ယာဉ် တစ်စီး ဘရိတ်ပေါက် ပြီး တိမ်းမှောက်

ဧပြီလ ၂၇ ရက်။ ဧပြီလ ၂၆ ရက်နေ့ ညနေ ၈ နာရီခန့်မှာ တီးတိန်မြို့နယ် ကနေဒီတောင် အနောက်ဘက် လမ်းမကြီး ပေါ်ရှိ Dollam စခန်းအလွန် လမ်းကွေ့ တစ်နေရာမှာ ကုန်တင်ကား တစ်စီး ဘရိတ်ပေါက် ကာ တိမ်း‌မှောက်ခဲ့‌ပြီး လူ ထိခိုက်မှု မရှိဘူး လို့ ကယ်ဆယ်ရေး လုပ်ဆောင်သူ ဒေသခံ လူငယ် တစ်ဦး ထံမှ သိရှိခဲ့ရ ပါတယ်။ “ကား က ကုန်းအဆင်း မှာ ဘရိတ်ပေါက် သွားတာ။ ကားဆရာ က ဂီယာ ထိန်းမောင်းပြီး စပယ်ယာ ခုန်ဆင်းကာ ရမ်းတုံး နဲ့ ခု လိုက် ပေမယ့် ရမ်းတုံး ကြေသွားတယ်။ ဂီယာ…

Read More

မီဇိုရမ်ပြည်နယ်ကိုယ်စားပြု အိန္ဒိယအထက်လွှတ်တော်အမတ် ထံ CRC ကသွားရောက်တွေ့ဆုံပြီး ချင်းဒုက္ခသည်အရေး တင်ပြ

ဧပြီလ ၂၇ ရက်။ အိန္ဒိယနိုင်ငံ ၊ နယူးဒေလီမြို့တွင် မီဇိုရမ်ပြည်နယ် ကိုယ်စားရွေးချယ်ခြင်းခံရသည့်ပြည်ထောင်စု အထက်လွှတ်တော်အမတ် ရစ်ချတ် ဗန်လားလ်မှငိုက်ရာ (Richard Vanlalhmangaiha) ထံ နယူးဒေလီ ရှိ မြန်မာနိုင်ငံသား ဒုက္ခသည်များ ကြုံတွေ့ရသည့် အခက်အခဲအခြေအနေများကို ဧပြီလ ၂၆ ရက်မှာ ချင်းဒုက္ခသည်ကော်မတီ (CRC) ကသွားရောက်တွေ့ဆုံ တင်ပြခဲ့တယ်လို့ ဧပြီလ ၂၆ ရက်နေ့မှာ ချင်းဒုက္ခသည်ကော်မတီ (CRC) NewDelhi ကထုတ်ပြန်ပါတယ်။ ပြည်ထောင်စု အထက်လွှတ်တော်အမတ် ရစ်ချတ် ဗန်လားလ်မှငိုက်ရာ (Richard Vanlalhmangaiha) ထံ ချင်းဒုက္ခသည်ကော်မတီ(CRC) မှ ဥက္ကဌဦးဆောင်သော အဖွဲ့ဝင်ကွန်မြူနတီအသီးသီးမှ ဥက္ကဌ များကသွားရောက် တွေ့ဆုံဆွေးနွေးတင်ပြခဲ့တယ်လို့ ဆိုပါတယ်။ ချင်းဒုက္ခသည်ကော်မတီ (CRC) ဘက်က တင်ပြချက်တွေက ဒုက္ခသည်များအတွင်း ကြုံတွေ့နေရသော…

Read More