
စစ်ပညာသင်တန်းတက်ရောက်နေတဲ့ ရဲဘော်၊ စစ်မေတွေအတွက် ရိက္ခာ၊အစားအသောက်တွေ လိုအပ်နေပြီး လှူဒါန်းပေးဖို့ အရှိုချင်းကာကွယ်ရေးတပ် (ACDF)ထုတ်ပြန်
ဧပြီလ ၁ ရက်။ အရှိုချင်းကာကွယ်ရေးတပ် (ACDF) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၆ မှာတက်ရောက်သင်ယူနေကြတဲ့ ရဲဘော်၊ စစ်မေတွေ စစ်ပညာသင်တန်းကို နောက်ကြောင်းရှင်းရှင်း အင်အားအပြည့်နဲ့ တက်ရောက်နိုင်ဖို့ ရိက္ခာ၊အစားအသောက်တွေ လိုအပ်နေပြီး လိုအပ်တဲ့ ရိက္ခာ၊ အစားအသောက်တွေကို ပါဝင်လှူဒါန်းပေးကြဖို့ ACDF က ဒီကနေ့မှာ ဧပြီလ ၁ ရက်နေ့မှာ မေတ္တာရပ်ခံ ထုတ်ပြန် နှိုးဆော်ထားပါတယ်။ ACDF ရဲ့ ပြန်ကြားရေးတာဝန်ခံ ဆလိုင်းခနီလေဗွေ က “အခြေခံစစ်ပညာသင်တန်း တက်ရောက်နေတဲ့ အပတ်စဉ်က ထုတ်ပြန်ထားတဲ့ အထဲက လူဦးရေဝန်းကျင်ပေါ့ သူတို့တွေအတွက် အဓိကတော့ အစားအသောက်နဲ့ ရိက္ခာတွေ လိုအပ်လျက်ရှိနေပါတယ်” လို့ပြောပါတယ်။ လှူဒါန်းလိုသူများအနေနဲ့ အရှိုချင်းကာကွယ်ရေးတပ် (ACDF) ၏ Page မှတစ်ဆင့် တာဝန်ရှိသူများနှင့်…