
မီဇိုရမ်ပြည်နယ်အတွင်း စစ်ဘေးရှောင်နေသူတွေကို စနစ်တကျစောင့်ရှောက်နိုင်ဖို့ ဥပဒေအမြန်ဆုံး ပြဌာန်းပေးဖို့ မီဇိုးရမ်ကျောင်းသားများသမဂ္ဂ (MZP)တောင်းဆို
ဧပြီလ ၉ ရက်။ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်း စစ်ဘေးရှောင်နေတဲ့သူတွေကို စနစ်တကျစောင့်ရှောက် နိုင်ရေးအတွက် မီဇိုရမ်ပြည်နယ်အစိုးရအနေနဲ့ ဥပဒေတွေ အမြန်ဆုံးပြဌာန်းပေးဖို့ မီဇိုးရမ်ကျောင်းသားများသမဂ္ဂ (Mizo Zirlai Pawl – MZP)က ဧပြီလ ၈ ရက်နေ့က တိုက်တွန်းထားပါတယ်။ မီဇိုရမ်အစိုးရအနေနဲ့ စစ်ဘေးရှောင်တွေကို စနစ်တကျစောင့်ရှောက်နိုင်ရေးအတွက် လိုအပ်တဲ့ ဥပဒေများ အမြန်ဆုံးပြဌာန်းဖို့ လိုအပ်ပြီး ဒီလိုဆောင်ရွက်နိုင်မှသာ မီဇိုရမ်ပြည်သူလူထုနဲ့ စစ်ဘေးရှောင်တွေအကြား နားလည်မှု ပြန်လည်တည်ဆောက်နိုင်မယ်လို့ မျော်လင့်ကြောင်း MZP ကဆိုပါတယ်။ မြန်မာနိုင်ငံနဲ့ မဏိပူရ်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲ ပဋ္ဋိပက္ခတွေကြောင့် မီဇိုရမ်ပြည်နယ်ကို စစ်ဘေးရှောင်လာသူဦးရေတိုးလာခြင်းနဲ့ ပက်သက်လို့ မီဇိုရမ်ပြည်သူတွေ ညီးညူနေကြတာ ကြားသိရတဲ့အတွက် စိတ်မကောင်းကြောင်း၊ စစ်ဘေးရှောင်တွေအနေနဲ့ ပြစ်မှုတစ်ခုခုကျူးလွန်ပါက ကျူးလွန်သူကို ဥပဒေအတိုင်း အရေးယူပေးဖို့နဲ့ ပြဿနာတစ်စုံတစ်ရာဖြစ်လာတာနဲ့ စစ်ဘေးရှောင်တွေလို့…