ဟားခါးမြို့သိမ်းတိုက်ပွဲဆင်နွှဲဖို့အတွက် လူငယ်တွေ လာရောက်ပူးပေါင်းကြဖို့ CDF – Hakha ထုတ်ပြန်

ဧပြီလ ၂၃ ရက်။

ချင်းပြည်နယ်မြို့တော် ဟားခါးမြို့သိမ်းတိုက်ပွဲဆင်နွှဲဖို့အတွက် လူငယ်တွေ CDF – Hakha တပ်ဖွဲ့မှာ လာရောက်ပူးပေါင်းကြဖို့ ဟားခါးမြို့နယ်အခြေစိုက် ချင်းလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ CDF – Hakha က ဒီကနေ့ ဧပြီလ ၂၃ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။

မိဘတွေအနေနဲ့လည်း ဟားခါးမြို့တော်သိမ်းတိုက်ပွဲမှာ သင့်ကလေးတွေ ပါဝင်ဖို့တိုက်တွန်းကြဖို့နဲ့ တိုင်းပြည်နဲ့ လူမျိုး လွတ်မြောက်ရေးဟာ အားလုံးရဲ့တာဝန်ဖြစ်တဲ့အကြောင်းကိုလည်း CDF – Hakha ကအသိပေးထားပါတယ်။

လူငယ်တွေအနေနဲ့ CDF – Hakha တပ်ဖွဲ့မှာ အချိန်ပြည့်တပ်ဖွဲ့ဝင်အဖြစ်ပါဝင်နိုင်သလို၊ အချိန်ပြည့်မပါဝင်နိုင်ပါကလည်း အရံတပ်ဖွဲ့ဝင်အဖြစ်ပါဝင်နိုင်တယ်လို့လည်း CDF – Hakha က ဆိုပါတယ်။

ချင်းပြည်နယ်မှာ မြို့တော်ဟားခါး၊ ထန်တလန်မြို့ နဲ့ တီးတိန်မြို့ကိုသာ စစ်ကောင်စီက ထိန်းချုပ်ထားနိုင်ပြီး ကျန်တဲ့ ကန်ပက်လက်မြို့၊ မင်းတပ်မြို့၊ မတူပီမြို့၊ ဖလမ်းမြို့၊ ကျင်ဒွေးမြို့၊ မကွီအိမ်နူးမြို့၊ရိခေါဒါရ်မြို့၊ ဆူရ်ခွါမြို့၊တွန်းဇံမြို့၊နာရ်ဟရိန်မြို့၊လိုင်လင်းပီမြို့နဲ့ ရေဇွာမြို့တွေကို ချင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေက သိမ်းပိုက်ထိန်းချုပ်ထားပြီး ပလက်ဝမြို့နယ်ကိုတော့ အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *