Headlines

မင်းတပ်မြို့တွင်းနှင့် အနီးတဝိုက် မြေမြှုပ်မိုင်းအနည်းငယ် ကျန်ရှိနိုင်သေးသော နေရာများကိုပြည်သူများထံအသိပေးကြေညာ

ဧပြီလ ၁၇ ရက်နေ့။

မင်းတပ်မြို့တွင်းနှင့် အနီးတဝိုက် မြေမြှုပ်မိုင်းအနည်းငယ် ကျန်ရှိနိုင်သေးသော နေရာများကိုအသိပေးကြေညာကာ ၊ထိုနေရာများသို့ လတ်တလော သွားလာခြင်း မပြုလုပ်ရန်၊မိမိပတ်ဝန်းကျင်တွင် မိုင်းနှင့် ဆက်စပ်ပစ္စည်းများ တွေ့ရှိပါက ချက်ချင်းသတင်းပေးပို့ ပူးပေါင်းဆောင်ရွက်ကြရန် မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကဒီကနေ့ ဧပြီလ ၁၇ ရက်မှာသတင်းထုတ်ပြန်ထားပါတယ်။

မင်းတပ်မြို့အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထောင်ထားသော မြေမြှုပ်မိုင်း၊ ရှေ့ထွက်မိုင်းအပါအဝင် မိုင်းစုစုပေါင်း (၂,၀၀၀) ထက်မနည်း ရှင်းလင်းထားပြီးဖြစ်ကြောင်း ၂၀၂၅ ခုနှစ် မတ်လ ၆ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ကြောင်း၊လက်ရှိတွင် မိုင်းရှင်းလင်းခြင်းလုပ်ငန်းများ ဆက်လက်လုပ်ဆောင်သကဲ့သို့ မိုင်းရှင်းလင်းနိုင်ခြင်းမရှိသေးသည့် နေရာအချို့ ရှိနေကြောင်း၊ ထိုသို့သော အန္တရာယ်ရှိနေရာများတွင် မိဘပြည်သူများ သွားလာခြင်းမပြုလုပ်ရန် အသိပေး၊ သတိပေးစာတန်းများ ရေးသားသတ်မှတ်ထားပါသည်လို့ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။

(က) မင်းတပ်မြို့တွင်းနှင့် အနီးတဝိုက် မြေမြှုပ်မိုင်းအနည်းငယ် ကျန်ရှိနိုင်သေးသော နေရာများ

========

၁။ ဘောင်ထဲကျေးရွာ ရေသန့်စင်စက်သွားရာ လမ်းတလျှောက်နှင့် ရေသန့်စက်အနီးတဝိုက် ၂။ ဘောင်ထဲရွာ သင်္ချိုင်းမရောက်မီ ဖြတ်လမ်း၊ တောလမ်းများ ၃။ ဘောင်ထဲကျေးရွာသွားလမ်း ညာဘက် လူငယ်ဂေဟာအနောက်ဘက်တောလမ်း ၄။ ဦးဝမ္မသူးမောင်းပန်းခြံတဝိုက် ၅။ စစ်ကောင်စီအထိုင်ချခဲ့သော မြို့အဝင်ဂိတ်နားတဝိုက် ၆။ မြို့ဝင်မီးသတ်ကုန်းတစ်ဝိုက် ၇။ မြို့နယ်လူဝင်မှုကြီးကြပ်ရေးရုံးဝန်း ၈။ အ.ထ.က (၂) နှင့် တာဝါတိုင်ကုန်းကြားနေရာများ ၉။ စီမံကိန်းရုံးမျက်နှာချင်းဆိုင်ရှိ နေအိမ်များ၏ နောက်ဖေးခြံဝန်းများ ၁၀။ တတိယမြို့ပတ်လမ်းရှိ ဟုန်းမိသားစုဟိုတယ်အနီး ဦးထန်းယောအိမ်နောက်ဖေး ခြံဝင်းတဝိုက် ၁၁။ လှေးကောင်းလမ်းခွဲအောက် ဖြတ်လမ်းရှိ သင်္ချိုင်းဇရပ်အနီးတဝိုက် တို့ဖြစ်သည်။

(ခ) မင်းတပ်မြို့တွင်းနှင့်အနီးတဝိုက် မြေမြှုပ်မိုင်းများ ကျန်ရှိနေသေးသော နေရာများ

========

၁။ ဆည်မြောင်းရုံးအပေါ်ဘက် စေတီငယ်ဝန်းကျင်မှစ၍ မြလေးပွင့်စေတီတောင်ကြောတလျှောက်။ ၂။ ၂၇၄ ခြံစည်းရိုး အောက်ပိုင်းနှင့် မင်းတပ် – မတူပီလမ်းအပေါ်ဘက် ကြားနေရာတလျှောက်။ ၃။ တောင်ပုလုကျောင်းအဝင်၀ ခလရ ၂၇၄ ဂိတ်ရှေ့ဝန်းကျင်မှစ၍ မင်းတပ် – မတူပီလမ်းအထိ ဘောလုံးကွင်းငယ်များတဝိုက်။ ၄။ ဆည်မြောင်းရုံးနှင့် Grace ဘုရားကျောင်းဝန်းကျင်မှစ၍ နတလ (၁)၊ အိမ်တွင်းမှုကျောင်းနှင့် မြလေးပွင့်ဘုရားကုန်းတောင်ကြောတလျှောက်။ ၅။ မြလေးပွင့်ရပ်တော်မူဘုရားကုန်း အောက်ဘက်နှင့် မင်းတပ် – ကန်ပက်လက်လမ်း အပေါ်ဘက် ကြားရှိ ထင်းရူးတောမှစ၍ ပန်းအော့ရွာလမ်းခွဲအထိ တောအုပ်တလျှောက်လုံး (အန္တရာယ်များ)။ ၆။ ပန်းအော့လမ်းခွဲဝန်းကျင်မှစ၍ ၃ မိုင် ၅ ဖာလုံ ချောက်တော်ရွာ စာသင်ကျောင်းဝင်းတဝိုက်။ ၇။ ၄ မိုင်ကုန်းအနီးဝန်းကျင်နှင့် အနီးတဝိုက်။ ၈။ ခရိုင်မီးသတ်ကုန်းနှင့် တက္ကသိုလ်ကုန်းအကြား (အန္တရာယ်များ)။ ၉။ ၄ မိုင်ဘုန်းကြီးကျောင်း အပေါ်ဘက် တက္ကသိုလ်ကုန်းဝဲယာ တောင်ကြောတလျှောက်မှစ၍ ၁၄ မိုင်အထိ။ ၁၀။ ၄ မိုင်ကုန်းဘုန်းကြီးကျောင်းမှစ၍ မင်းတပ် – မတူပီ ကားလမ်းအပေါ်ဘက်တလျှောက် ၆ မိုင်ဘုန်းကြီးကျောင်းအထိ တို့ဖြစ်သည်။

ထို့ကြောင့် မိဘပြည်သူများအနေဖြင့် မိုင်းရှင်းလင်းနိုင်ခြင်း မရှိသေးသည့်နေရာများ (အထူးသဖြင့်) အထက်ဖော်ပြပါ နေရာ၊ တောအုပ်များတွင် လတ်တလော သွားလာခြင်း မပြုလုပ်ရန်၊ ကျေးရွာ၊ ရပ်ကွက်များအတွင်း စစ်ကောင်စီလက်ကျန်မိုင်း၊ ပေါက်ကွဲတတ်သော ဝတ္ထုပစ္စည်းများ ထိတွေ့ကိုင်တွယ်ခြင်း လုံးဝ (လုံးဝ) မပြုလုပ်ရန်နှင့် မိမိပတ်ဝန်းကျင်တွင် မိုင်းနှင့် ဆက်စပ်ပစ္စည်းများ တွေ့ရှိပါက ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ်ထံလည်းကောင်း၊ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံလည်းကောင်း ချက်ချင်းသတင်းပေးပို့ ပူးပေါင်းဆောင်ရွက်ကြရန် ထုတ်ပြန်အပ်ပါသည်။လို့ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကဒီကနေ့ ဧပြီလ ၁၇ ရက်မှာသတင်းထုတ်ပြန်ထားပါတယ်။

(ဂ) မင်းတပ်တွင် စစ်ကောင်စီ လက်ကျန်မိုင်းကြောင့် ၂၀၂၅ မတ်လအတွင်း အရပ်သားထိခိုက်မှု

========

၁။ မင်းတပ်မြို့ အနောက်ရပ်ကွက် တောလမ်းတစ်တနေရာတွင် အသက် ၄၀ ဝန်းကျင် အမျိုးသမီးတဦး မိုင်းနင်းမိသောကြောင့် ခြေထောက်တွင် ပြင်းထန် ဒဏ်ရာရသည်။

၂။ မင်းတပ်မြို့နယ် ကျေးရွာတစ်ရွာတွင်လည်း အသက် ၉ နှစ်အရွယ်ကလေးငယ်တဦး စစ်ကောင်စီလက်ကျန်မိုင်း ဆော့ကစားရာကနေ ပေါက်ကွဲမှု ဖြစ်ပွားပြီး လက်တွင် ပြင်းထန်သည့် ဒဏ်ရာရရှိပါသည်။လို့မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကဒီကနေ့ ဧပြီလ ၁၇ ရက်မှာသတင်းထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *