
တွန်းဇံမြို့ကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့ Zomi Revolutionary Army (ZRA)တပ်ဖွဲ့ကို ပြန်လည်တိုက်ခိုက်မယ်လို့ Chinland Council အဖွဲ့ဝင် CDF-Hualngoram တပ်ဖွဲ့က ဧပြီလ ၄ ရက်နေ့ ရက်စွဲနဲ့ ဒီကနေ့ဧပြီလ ၅ ရက်မှာ အသိပေးထုတ်ပြန်ထားပါတယ်။
တွန်းဇံမြို့သိမ်းတိုက်ပွဲကို ၂၀၂၄ ခုနှစ် မေလအတွင်း မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေနဲ့အတူ တိုက်ပွဲဆင်နွဲခဲ့ပြီး ဘုရားရှင်၏ ကူညီဖေးမမှုနှင့်အတူ တွန်းဇံမြို့ကို စစ်အာဏာရှင်လက်အောက်မှ အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ပြီး အဲဒီတိုက်ပွဲအတွင်း အသက်၊သွေး၊ချွေးပေါင်းများစွာပေးဆပ်ခဲ့ရပြီး CDF-Hualngoram တပ်ဖွဲ့ဝင်တစ်ချို့သည်လည်း အမိမြေအတွက် မြင့်မြတ်စွာအသက်စွန့်ခဲ့ကြရတယ်လို့ CDF-Hualngoram ကထုတ်ပြန်ထားပါတယ်။
အဲဒီအချိန်ကစလို့ တွန်းဇံမြို့အတွင်း မိဘပြည်သူတွေဟာလည်း အေးချမ်းစွာ နေထိုင်ခဲ့ကြသော်လည်း ၂၀၂၅ ခုနှစ် ဧပြီလ (၃)ရက်နေ့ မနက်ပိုင်းတွင်စစ်ကောင်စီနှင့်ပူးပေါင်းနေသည့် Zomi Revolutionary Army (ZRA)တပ်ဖွဲ့မှ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် ပြန်လည်ခုခံတိုက်ခိုက်ခဲ့ပြီး နှစ်ဘက်တိုက်ပွဲ ဖြစ်ပွါးခဲ့ခြင်းဖြစ်ကြောင်း၊CDF-Hualngoram အနေဖြင့် ချင်းပြည်(Chinland) ကိုကာကွယ်ရန်နှင့် မိမိကိုယ်ကိုယ်ခုခံကာကွယ် နိုင်ရန်အတွက် စစ်ကောင်စီနှင့် ၎င်းစစ်ကောင်စီ၏လက်ကိုင်တုတ်ဖြစ်တဲ့ ZRA တပ်ဖွဲ့အား ပြန်လည် တိုက်ခိုက်သွားမှာဖြစ်တဲ့ကြောင်း အသိပေးတယ်လို့ ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံတွင် လက်ရှိဆင်နွဲနေတဲ့ နွေဦးတော်လှန်ရေးမှာလည်း CDF-Hualngoram တပ်ဖွဲ့ဟာ ပြည်သူများ စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်နိုင်ရန် ချင်းပြည်(Chinland) အတွင်း နေရာအနှံ့ တိုက်ပွဲဆင်နွဲနေခဲ့ပြီး ချင်းအမျိုးသားစည်လုံးညီညွတ်ရေးအတွက်လည်း အဘက်ဘက်မှ ကြိုးစားနေသော တော်လှန်ရေးအဖွဲ့အစည်းဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
အိန္ဒိယ – မြန်မာနယ်စပ် အမှတ် (၂) ကုန်သွယ်ရေးတံတားရှိတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိခေါ်ဒါရ်မြို့ကို CDF-Hualngoram ပါဝင်တဲ့ ချင်းအမျိုးသားတပ်ဦး (CNF/CNA) ဦးဆောင်တဲ့ ချင်းတော်လှန်ရေးပူးပေါင်းအဖွဲ့ က ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ စစ်ကောင်စီလက်ထဲကနေ သိမ်းပိုက်ထားခဲ့ပြီးနောက် လက်ရှိမှာ ရိခေါ်ဒါရ်မြို့ကို CDF-Hualngoram တပ်ဖွဲ့က ထိန်းချုပ်ထားကာပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းတွေကိုလည်