တော်လှန်ရေး ၄ နှစ်တာအတွင်း ရဲဘော် ၆၇ ဦး ကျဆုံးခဲ့ရပြီး အရပ်သားပြည်သူ ၁၇ ဦးလည်း စစ်ကောင်စီ လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်လို့ CDF – Thantlang ထုတ်ပြန်

ဧပြီလ ၇ ရက်။

တော်လှန်ရေး ၄ နှစ်တာအတွင်း CDF – ထန်တလန်ဘက်က ရဲဘော် ၆၇ ဦး ကျဆုံးခဲ့ရပြီး အရပ်သားပြည်သူ ၁၇ ဦးလည်း စစ်ကောင်စီ လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်လို့ CDF – Thantlang တည်ထောင်ခြင်း ၄ နှစ်ပြည့်တဲ့ ဧပြီလ ၆ ရက်နေ့ မှာထုတ်ပြန်ထားပါတယ်။

ချင်းပြည် (Chinland) နဲ့ ချင်းလူမျိုး လွတ်မြောက်ရေးအတွက် မြင့်မြတ်စွာ ကျဆုံးသွားသူတွေနဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း ဆုံးရှုံးခဲ့ရတဲ့ ရဲဘော်အားလုံးကို အလေးနက် ဦးညွတ်အလေးပြုကြောင်းနဲ့ CDF – ထန်တလန် ရဲ့တော်လှန်ရေး ၄ နှစ်တာခရီးကို အဘက်ဘက်က ကူညီပံ့ပိုးကူညီပေးကြတဲ့ ပြည်တွင်း၊ ပြည်ပက ပြည်သူတစ်ရပ်လုံးကိုလည်း ကျေးဇူးတင်ရှိတဲ့ကြောင်း CDF – Thantlang က ထုတ်ပြန်ထားပါတယ်။

ထန်တလန်မြို့အပါအဝင် ချင်းပြည်တဝန်းလုံးက စစ်ကောင်စီ ကင်းစင်ရေးနဲ့ ချင်းလူမျိုးတွေရဲ့ နိုင်ငံရေးရည်မှန်းချက် ပြည့်မြောက်ရေးအတွက် မိတ်ဖက်တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ရှေ့ဆက်လက်တွဲ ဆောင်ရွက်သွားမယ့်ကြောင်း နဲ့ ချင်းတစ်မျိုးသားလုံး စုစည်းညီညွှတ်ရေးအတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

CDF – Thantlang ကို ပြည်တွင်း၊ ပြည်ပရှိ ပြည်သူတွေအနေနဲ့ ညဏ်ပညာအားဖြင့်လည်းကောင်း၊ အလှူငွေအားဖြင့်လည်းကောင်း၊ ဆုတောင်းခြင်းအားဖြင့်လည်းကောင်း၊ အဘက်ဘက်က ဝိုင်းဝန်းပါဝင်ကြဖို့ကိုလည်း CDF – Thantlang က တိုက်တွန်းကြောင်းလည်း ထုတ်ပြန်ထားပါတယ်။

ထန်တလန်မြို့ အလုံးစုံသိမ်းပိုက် ထိန်းချုပ်နိုင်ရေးအတွက် CDF – Thantlang ပါဝင်တဲ့ ချင်းပြည်ကောင်စီပူးပေါင်းတပ်ဖွဲ့တွေဘက်က ထိုးစစ်ဆင် တိုက်ခိုက်နေပြီး စစ်ကောင်စီရဲ့တိုက်ခိုက် ဖျက်ဆီးခဲ့မှုတွေကြောင့် ထန်တလန်မြို့ပေါ်လူနေအိမ် အများစုဟာလည်း ပျက်စီးခဲ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *