
ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၁ ဦးစီကိုငွေကျပ် ၁၀ သိန်းစီ ထောက်ပံ့မယ်လို့ အာဏာသိမ်းစစ်ကောင်စီဥက္ကဌဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က မနေ့ဧပြီလ ၅ ရက်မှာ နေပြည်တော်မှာ ပြုလုပ်တဲ့ စစ်ကောင်စီအစည်းအဝေးမှာ ပြောခဲ့ပါတယ်။
ငလျင်ဒဏ်ကြောင့်အဆောက်အအုံ ထိခိုက်ပျက်စီးတဲ့အပေါ် မူတည်ပြီး ထောက်ပံ့တာတွေကိုလည်းဆောင်ရွက်ပေးသွားမယ်လို့လည်း ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က အစည်းအဝေးမှာပြောပါတယ်။
၄၊၄၊၂၀၂၅ ညနေ ၆ နာရီအချိန်အထိစာရင်းများအရ ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၃၃၅၄ ဦး၊ ဒဏ်ရာရသူ ၄၅၀၈ ဦး၊ ပျောက်ဆုံး ၂၂၀ ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံပြန်ကြားရေးဝန်ကြီးဌာနကဧပြီ ၅ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။