ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၃၃၅၄ ဦးရှိလာ၊ဒဏ်ရာရသူ ၄၅၀၈ ဦး၊ပျောက်ဆုံး ၂၂၀ ဦး

ဧပြီလ ၅ ရက်။

၄၊၄၊၂၀၂၅ ညနေ ၆ နာရီအချိန်အထိစာရင်းများအရ ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၃၃၅၄ ဦး၊ ဒဏ်ရာရသူ ၄၅၀၈ ဦး၊ ပျောက်ဆုံး ၂၂၀ ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံပြန်ကြားရေးဝန်ကြီးဌာနက ဒီကနေ့ဧပြီ ၅ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

ငလျင်ကြောင့် လူသေဆုံး၊အထိအခိုက် အများဆုံးက မန္တလေးတိုင်းဖြစ်ပြီး သေဆုံးသူ ၂၁၂၂ ယောက်နဲ့ ဒဏ်ရာရသူ ၂၆၀၉ ယောက်၊ ဒုတိယအများဆုံးက နေပြည်တော်ကောင်စီနယ်မြေဖြစ်ပြီး သေဆုံးသူ ၆၁၅ ယောက်နဲ့ ဒဏ်ရာရသူ ၈၄၃ ယောက်၊စစ်ကိုင်းတိုင်းထဲမှာ သေဆုံးသူ ၅၀၇ ယောက်၊ ထိခိုက်ဒဏ်ရာရသူ ၆၈၈ ယောက်၊ ရှမ်းပြည်နယ်မှာ သေဆုံး ၆၆ ယောက်နဲ့ ဒဏ်ရာရသူ ၁၃၃ယောက်၊ ပဲခူးတိုင်းမှာ သေဆုံးသူ ၄၄ ယောက်နဲ့ ဒဏ်ရာရသူ ၂၃၄ ယောက်ရှိတယ်လို့ စစ်ကောင်စီထုတ်ပြန်ချက်အရ သိရပါတယ်။

မတ်လ ၂၈ ရက် နေ့လည် ၁ နာရီခန့်မှာ မြန်မာနိုင်ငံက မန္တလေး၊စစ်ကိုင်းနဲ့ နေပြည်တော် အပါအဝင် ဒေသ ၆ ခုထက်မနည်းမှာ ပြင်းအားအလွန်မြင့်တဲ့ ငလျင်ကြီးလှုပ်ခတ်ခဲ့တာ မနေ့ ဧပြီ ၄ ရက်မှာ တစ်ပတ်တိတိပြည့်ပြီဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *