
ငလျင်ဒဏ်ကြောင့် ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို ကယ်ဆယ်ရေးနဲ့ ကူညီထောက်ပံ့ရေးအတွက် ယာယီအပစ်အခတ်ရပ်စဲပြီး စစ်ရေးလှုပ်ရှားမှုတွေ ကန့်သတ်ထားခြင်းကို အခွင့်အရေးယူပြီး Zomi Revolutionary Army (ZRA) အဖွဲ့ဟာ ချင်းလဲန်း၊ တွန်းဇံမြို့နယ်ကို ဧပြီလ ၃ ရက်နေ့ မနက်ပိုင်း ၆ နာရီဝန်းကျင်မှ စတင်ကာ ကျူးကျော်တိုက်ခိုက်လာခဲ့ပြီး ချင်းအမျိုးသားတပ်မတော် အမှတ် (၄) တပ်မဟာအနေနဲ့လည်း ခုခံကာကွယ်ရန် လိုအပ်လာလို့ ပြန်လည်တိုက်ခိုက်ချေမှုန်းသွားမှာဖြစ်တယ်လို့ချင်းအမျိုးသားတပ်မတော်(CNA) အမှတ် (၄) တပ်မဟာကအသိပေးထုတ်ပြန်ထားပါတယ်။
အင်အားပြင်းငလျင်ဒဏ်ကြောင့် ဒုက္ခရောက်နေတဲ့ ပြည်သူတွေ ကယ်ဆယ်ရေးနဲ့ ကူညီထောက်ပံ့ရေးအတွက် ယာယီအပစ်ခတ်ရပ်စဲပြီး ဝိုင်းဝန်းဆောင်ရွက်နေတဲ့အချိန်ဖြစ်တာကြောင့် စစ်ရေးလှုပ်ရှားမှုတွေကို ကန့်သတ်ထားခြင်းကို အခွင့်အရေးယူပြီး Zomi Revolutionary Army (ZRA) အဖွဲ့ဟာကျူးကျော်တိုက်ခိုက် လာခြင်းဖြစ်တယ်လို့ ချင်းအမျိုးသားတပ်မတော် အမှတ် (၄) တပ်မဟာဘက်က ဆိုထားပါတယ်။
မနေ့ကဖြစ်ပွားခဲ့တဲ့ ချင်းအမျိုးသားတပ်မတော် အမှတ် (၄) တပ်မဟာ နဲ့ ZRA တို့ရဲ့ အပြန်အလှန်ပစ်ခတ်တိုက်ပွဲအတွင်း ZRA ဘက်ကတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေ ပြောပြချက်အရ သိရပါတယ်။
တီးတိန်မြို့နယ် နဲ့ တွန်းဇံမြို့နယ်တွေမှာ Zomi Revolutionary Army (ZRA) အဖွဲ့နဲ့ Chinland Council ပူးပေါင်းတပ်ဖွဲ့တွေအကြား အပြန်အလှန်ပစ်ခတ်တိုက်ပွဲတွေ မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိနေပါတယ်။အ