Headlines

မဏိပူရ်ပြည်နယ်အတွင်း ကူကီး-ဇိုလူမျိုးစုများအတွက် သီးခြားနယ်မြေသတ်မှတ်ပေးရန် တောင်းဆို

မတ်လ ၃ ရက်။ အိန္ဒိယနိုင်ငံ၊ နယူးဒေလီအခြေစိုက် Kuki – Zo အဖွဲ့က အိန္ဒိယနိုင်ငံ၊မဏိပူရ်ပြည်နယ်ရှိ ကူကီးလူမျိုးစုများအနေနဲ့ သမိုင်းစဉ်ဆက်ဖိနှိပ်ချုပ်ချယ်ခြင်းခံနေရတဲ့အတွက် နိုင်ငံရေးအရ အဖြေရှာပေးရန်အရေးတစ်ကြီးလိုအပ်ပြီး ကူကီး-ဇို လူမျိုးစုများအတွက် သီးခြားနယ်မြေသတ်မှတ်ပေးရန် အိန္ဒိယနိုင်ငံဝန်ကြီးချုပ်နဲ့ ပြည်ထဲရေးဝန်ကြီးတို့ထံ လိပ်မူစာပေးပို့တယ်လို့ အိန္ဒိယအခြေစိုက် Business Standard မီဒီယာက မတ်လ (၃) ရက်နေ့မှာဖော်ပြပါတယ်။ နယူးဒေလီအခြေစိုက် ကူကီးကျောင်းသားများအဖွဲ့၊ နယူးဒေလီအခြေစိုက် အမျိုးသမီးများအဖွဲ့ချုပ် Kuki-Zo women forum Dehli တို့ က မတ်လ (၁) ရက်နေ့မှာလည်း နယူးဒေလီမြို့တော်မှာ ဆန္ဒဖော်ထုတ်ခဲ့ကြပြီး မဏိပူရ်ပြည်နယ်အတွင်း ကူကီး-ဇို လူမျိုးစုများအတွက် သီးခြားနယ်နိမိတ် သတ်မှတ်ပေးရန် အဓိက ကြွေးကြော်တောင်းဆိုခဲ့ကြပါတယ်။ ၎င်းတို့ရဲ့တောင်းဆိုချက်တွင် ကူကီး-ဇိုလူမျိုးစုများအနေနဲ့ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းပြည် နယ်ဖြစ်တဲ့ မဏိပူရ်ပြည်နယ်ပဋိပက္ခနဲ့…

Read More