
ချင်းပြည်သစ်ကွန်ဂရက်ပါတီတည်ထောင်ခွင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ လျှောက်ထား
မတ်လ ၇ ရက်။ ချင်းပြည်သစ်ကွန်ဂရက်ပါတီက ပါတီတည်ထောင်ခွင့်ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ မတ်လ ၆ ရက်နေ့က လျှောက်ထားခဲ့တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့ပါတယ်။ ချင်းပြည်သစ်ကွန်ဂရက်ပါတီ တည်ထောင်ဖို့ ချင်းပြည်နယ်ရဲ့ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဥက္ကဌလည်းဖြစ်သူ လက်ရှိစစ်ကောင်စီအဖွဲ့ဝင်လည်းဖြစ်တဲ့ ဒေါက်တာမှုထန်က ဦးဆောင်ပြီး တည်ထောင်ဖို့ ပြင်ဆင်နေတယ်လို့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ကတည်းက သတင်းတွေထွက်ပေါ်ခဲ့တာလည်းဖြစ်ပါတယ်။ Chin World မီဒီယာအနေနဲ့ ဒေါက်တာမှုထန်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂ ရက်နေ့က ပါတီတည်ထောင်ဖို့ ကိစ္စနဲ့ဆက်သွယ်မေးမြန်းရာမှာတော့ “ချင်းပါတီအသစ် ဖွဲ့စည်းခြင်းမရှိသေးပါဘူး။ ၂၀၂၅ ခုနှစ်အတွင်းမှာ ရွေးကောက်ပွဲကျင်းပလိမ့်မယ် PR စနစ်ကိုကျင့်သုံးလိမ့်မယ်။ ဖက်ဒရယ်စနစ်ကို တည်ထောင်မှာဖြစ်တဲ့အတွက် ချင်းတွေအတွက် ပါတီမရှိလို့တော့ မဖြစ်ပါဘူး။ ချင်းပြည်နယ် တိုးတက်ဖို့၊ ဖွံ့ဖြိုးဖို့၊ စည်းစည်းလုံးလုံးဖြစ်ဖို့ရယ်နဲ့ မတည့်တာတွေ ရင်ကြားစေ့စေချင်တယ်ဆိုတဲ့…