Headlines

Mobile Phone တွေမှာ မတူ(ချင်း)ဘာသာစကား Dictionary Application အသုံးပြုနိုင်ပြီ

မတ်လ ၁၁ ရက်။ Mobile Phone တွေမှာ မတူ(ချင်း) ဘာသာစကား အဘိဓါန် အက်ပလီကေးရှင်း (Matu Dictionary Application )ကို Android Phone Playstore မှာ ဒေါင်းလုတ်ဆွဲ အသုံးပြုလို့ ရနေပြီလို့ သိရပါတယ်။ မတူ(ချင်း) ဘာသာစကား အဘိဓါန်အက်ပလီကေးရှင်း ဖြစ်မြောက်ရေး ကြိုးစားဆောင်ရွက်သူ Salai Tinaung Takluem က “လက်ရှိ Android Versio မှာသုံးလို့ရတယ် IOS တော့ အကောင့်မရှိသေးဘူး။ IOS developer fee က US $ 100 တာင်းတယ် ပေးရမယ့် ဈေးကမလွယ်ဘူး။Android ကတော့ $ 25 လာက်တောင်းတယ် ဒီအတွက်လည်း အလှူရှင်က ကျတော်ကိုယ်စား…

Read More

နယ်စပ်မှာ လွတ်လပ်စွာဝင်ထွက်သွားလာခွင့်ရှိနေခြင်းဟာ ဒုစရိုက်မှုများ ပိုမိုဖြစ်စေပြီး အိန္ဒိယဗဟိုအစိုးရရဲ့ကန့်သတ်မှု အတိုင်းအတာတစ်ခုအထိ လိုအပ်ကြောင်း မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် Pu Lalduhoma ပြောကြား

မတ်လ ၁၁ ရက်။ မီဇိုရမ်ပြည်နယ်ကိုထွက်ပြေးလာကြတဲ့ ချင်းစစ်ဘေးရှောင်ပြည်သူများကို လက်ခံကူညီရမှာဖြစ် ပေမယ့် နယ်စပ်မှာ လွတ်လပ်စွာဝင်ထွက်သွားလာခွင့်ရှိနေခြင်းဟာ ဒုစရိုက်မှုများ ပိုမိုဖြစ်စေပြီး အိန္ဒိယဗဟိုအစိုးရရဲ့ကန့်သတ်မှုအတိုင်းတာတစ်ခုအထိ လိုအပ်တယ် ယူဆကြောင်း မနေ့ မတ်လ ၁၀ ရက်က ကျင်းပတဲ့မီဇိုရမ်ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် Pu Lalduhoma ကပြောကြားပါတယ်။ “ စစ်ဒဏ်ကြောင့် ဒီဘက်ကိုရောက်ရှိနေကြတဲ့ ကျွန်တော်တို့ညီအကိုတွေကို စောင့်ရှောက် ရမှာက ကျွန်တော်တို့ရဲ့ တာဝန်ဖြစ်တယ်။ လွတ်လွတ်လပ်လပ်နဲ့ သွားလာခွင့်ရှိတဲ့အခါမှာ ဆိုးကျိုးသက်ရောက်မှုတွေများလာတယ်၊ မူးယစ်ဆေးဝါး၊ သေနတ် တွေ၊ ကျည်ဆံတွေကအစ၊ ဒီဘက်မှာ လူသတ်မှုတွေဖြစ်ရင်လည်း တဖက်ကမ်းကို ထွက်ပြေးသွားလို့ရတယ်၊ဒီလိုမျိုး လွတ်လပ်စွာဖြတ် သန်းသွားလာခြင်း ကြောင့်ဆိုးကျိုးတွေဖြစ်ပေါ်စေတာ ကြောင့်မီဇိုရမ်ပြည်သူ တော်တော်များများကလည်း ဒီဟာ မကောင်းဘူးလို့မြင်လာကြတယ်။ဗဟိုအစိုးရက ခုလိုလုပ်ဆောင်လာတာဟာ လိုအပ်ချက်အရဆောင်ရွက်ရတာဖြစ်တယ်ဆိုတာမျိုး ပြည်နယ်အစိုးရမှာလည်း သဘောထားရှိပါတယ်” လို့ မီဇိုရမ်ဝန်ကြီးချုပ်ကပြောပါတယ်။…

Read More

တိုက်ပွဲတွေကြောင့် အမ်း – ပဒါန်းလမ်းက တောင်ပေါ်ချင်းရွာတွေက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရလို့ကော်ဖီမခူးနိုင်ဘူးလို့ သိရ

မတ်လ ၁၁ ရက်။ မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း – ပဒါန်းလမ်းက တောင်ပေါ်ချင်းရွာတွေက ဒေသခံတွေဟာ အခုနှစ်ကော်ဖီခူးတဲ့ရာသီမှာ တိုက်ပွဲတွေကြောင့်ထွက်ပြေးတိမ်းရှောင်နေရလို့ အများစုက ကော်ဖီမခူးယူနိုင်ကြဘူးလို့ သိရပါတယ်။ ဒေသခံတွေဟာ ကော်ဖီကိုစီးပွားဖြစ် အရင်ကတည်းက စိုက်ပျိုးလာကြတာဖြစ်ပြီး စိုက်ထားတဲ့ ကော်ဖီတွေကိုလည်း ဇန်နဝါရီလ၊ ဖေဖော်ဝါရီလနဲ့ မတ်လတွေမှာ ခူးလေ့ရှိပြီး ဒီနှစ်မှာတော့တိုက်ပွဲတွေကြောင့် ဒေသခံတွေဟာ မခူးယူနိုင်ကြသလို ကော်ဖီခူးဖို့ ရွာမှာကျန်ခဲ့တဲ့ ဒေသခံတွေ စစ်ကောင်စီလေကြောင်းတိုက်တာခံရလို့ သေဆုံး၊ ထိခိုက်တာမျိုးတွေလည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ဖြစ်ခဲ့တာတွေကြောင့်လည်း ဒေသခံတွေအများစု ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင် နေရတာလို့သိရပါတယ်။ ဒေသခံတစ်ဦးက “ဒီနှစ်မှာတော့ ကော်ဖီခူးတဲ့ရာသီမှာ တိုက်ပွဲတွေဖြစ်တဲ့ခါကြတော့ အများစုကမခူးနိုင်ကြဘူး ဈေးကလဲ အရင်နှစ်တွေထက်နှစ်ဆလောက်ရတယ် အရင်နှစ်က ကော်ဖီစေ့တစ်ပိဿာကို တစ်သောင်းခွဲရတယ် ဒီနှစ်မှာတော့ သုံးသောင်းလောက်ရတယ် ဒီထက်ဈေးပိုရမယ်လို့လည်း…

Read More

ငွေစက္ကူရှားပါးလို့ အရောင်းအဝယ်လုပ်တဲ့နေရာတွေမှာ အခက်ခဲများစွာ ချင်းပြည်နယ်တောင်ပိုင်းမြို့နယ် တချို့မှာ ကြုံနေရ

မတ်လ ၁၀ ရက်။ တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ ချင်းပြည်နယ်တောင်ပိုင်းမြို့နယ်တချို့မှာ ငွေစက္ကူတွေရှားပါးလာပြီး ကျန်းမာရေး၊ ဘာသာရေး၊ လူမှုရေးနဲ့ အရောင်းအဝယ်လုပ်တဲ့နေရာတွေမှာ အခက်ခဲများစွာရှိတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဘဏ်လည်ပတ်မှု မရှိတော့တဲ့ ချင်းပြည်နယ်တောင်ပိုင်းက ကန်ပက်လက်၊ မင်းတပ်၊ မတူပီ နဲ့ ပလက်ဝမှာ ဒေသခံတွေအနေနဲ့ Wave နဲ့ Kpay တွေကနေ ငွေလွှဲ၊ ငွေထုတ်တွေ လုပ်ရသလို ငွေထုတ်ရာမှာ အင်တာနက်၊ ဖုန်းလိုင်း အခက်ခဲများစွာလည်း ရှိသလို လိုချင်သလောက် ပမာဏလည်း မရနိုင်ဘူးလို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ပလက်ဝဒေသခံတစ်ဦးက “ပြည်တွင်းနဲ့ ပြည်ပနိုင်ငံခြားမှာရှိတဲ့ မိသားစုဝင်တွေက ပိုက်ဆံကို အင်တာနက်နဲ့ တိုက်ရိုက်လွှဲတာမျိုးမရဘူး ရန်ကုန်မှာရှိတဲ့ ပိုက်ဆံနည်းနည်းရှိတဲ့သူတွေက ရွာဘက်မှာ ငွေသွင်း၊ ငွေထုတ်လုပ်တယ် သူတို့ကပိုက်ဆံတွေကို သူတို့အိမ်မှာထုတ်ခိုင်းတယ် ပြီးတော့…

Read More

သံသယရှိတယ်ဆိုပြီး ငဖဲမြို့နယ်က ဒေသခံချင်းလူမျိုးသားအမိ ၂ ဦးကို စစ်ကောင်စီတပ်က မတ်လ ၇ ရက်က ဖမ်းဆီးခဲ့ပြီး ဒီကနေ့အချိန်ထိ ပြန်လွှတ်မပေးသေးဘူးလို့ သိရ

မတ်လ ၁၀ ရက်။ မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စပ်စီ(အရှိုချင်း)ရွာက ဒေသခံ ဒေါ်ပလွန် (၅၄)နှစ်နဲ့ မိုင်အက်စတာမန်း (၁၈) နှစ် အရွယ် သားအမိ တို့ကို စစ်ကောင်စီက သံသယရှိတယ်ဆိုပြီး မတ်လ (၇) ရက်နေ့က ဖမ်းဆီးခဲ့ကာ ဒီကနေ့အချိန်ထိပြန်လွှတ်မပေးသေးဘူးလို့ ဒေသခံတွေဆီကသိရပါတယ်။ ငဖဲမြို့နယ်က လက်နက်စက်ရုံ(က.ပ.စ) က စစ်ကောင်စီ အင်အား ၄၀ ကျော်ဟာ ကားနှစ်စီး၊ဆိုင်ကယ် (၇) စီးတို့နဲ့ စပ်စီရွာကို မတ်လ (၇)ရက်နေ့ နေ့လည်နှစ်နာရီဝန်းကျင်လောက်မှာ ဝင်ရောက်လာပြီး ဒေါ်ပလွန်နဲ့သူသမီး မိုင်အက်စတာမန်းတို့ကို ဖမ်းဆီးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ ဒေသခံတစ်ဦးက “အဲဒီနေ့က သူတို့အိမ်က လက်တော့ပ်တစ်လုံး၊ ဖုန်းတစ်လုံးကိုလည်း စစ်ကောင်စီက သိမ်းသွားတယ် ပြီးတော့ စပ်စီရွာ ခရစ်ယာန်ဘုရားကျောင်းက မူကြိုကျောင်းကိုလည်း စစ်ကောင်စီတွေက…

Read More

ချင်းပြည်သစ်ကွန်ဂရက်ပါတီတည်ထောင်ခွင့်လျှောက်ထားသူထဲမှာ မပါဝင်သော်လည်း မိမိအနေဖြင့် အားပေးကြောင်း စစ်ကောင်စီအဖွဲ့ဝင်ဒေါက်တာမှုထန် ပြောကြား

မတ်လ ၉ ရက်။ ချင်းပြည်သစ်ကွန်ဂရက်ပါတီ တည်ထောင်ခွင့် လျှောက်ထားသူထဲမှာ မိမိအနေဖြင့် ပါဝင်ခြင်း မရှိသော်လည်း ပါတီထောင်တာဟာ ကောင်းတဲ့အလုပ်ဖြစ်တဲ့ အတွက် မိမိ အနေဖြင့် အားပေးကြောင်း ၊နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(စစ်ကောင်စီ)အဖွဲ့၀င်ဒေါက်တာမှုထန်က Chin World Media ကို ပြောပါတယ်။ “လက်ရှိ နိုင်ငံရေး ပါတီ တည်ထောင်ခွင့် လျှောက်ထားတဲ့ ခေါင်းဆောင် နှင့် ဒုတိယ ခေါင်းဆောင် တို့က လူငယ်တွေပါ။ သူတို့ရဲ့ နာမည်ကို ထုတ်ပြောဖို့က လက်ရှိမှာ စောသေးတယ်။ တချို့ကတော့ မျိုးစုံ ပြောနေပေမယ့် ကျွန်တော်ရယ်၊ ဗိုလ်ချုပ်ဟုန်ငိုင်းရယ်၊ ဦးနိုထန်ကပ်ရယ်၊ ဒေါက်တာဘမောင် ရယ် က မပါပါဘူး။ ပါတီဆိုတော့ သူတို့ကို အားပေးရမှာပေါ့။ သူတို့လုပ်တာကိုင်တာကို အကောင်းဘက် ကို ဇောင်းပေးပြီး ကျွန်တော်တို့…

Read More

ပလက်ဝကောင်စီ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံစည်းမျဉ်း၊ပြည်သူ့အုပ်ချုပ်ရေးမူဝါဒနဲ့ စည်းမျဉ်းတွေကို ရေးဆွဲချမှတ်အတည်ပြုနိုင်ခဲ့ပြီလို့ IKACC/PC ထုတ်ပြန်

မတ်လ ၈ ရက်။ ပလက်ဝကောင်စီ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံစည်းမျဉ်း၊ IKACC/PC ၏ ပြည်သူ့အုပ်ချုပ်ရေးမူဝါဒနဲ့ စည်းမျဉ်းတွေ၊ ကာကွယ်ရေးမှုဝါဒနဲ့ ဘဏ္ဍာရေးဆိုင်ရာ မူဝါဒ လုပ်ထုံးလုပ်နည်းတွေကို ကြားကာလ ခူမီးချင်းမျိုးနွယ်စုများရေးရာ အတိုင်ပင်ခံကောင်စီ/ပလက်ဝကောင်စီ(IKACC/PC)ရဲ့ (တတိယအကြိမ် နှစ်ပတ်လည်ညီလာခံမှာ ရေးဆွဲချမှတ်အတည်ပြုနိုင်ခဲ့တယ်လို့ မတ်လ ၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ကြားကာလ ခူမီးချင်းမျိုးနွယ်စုများရေးရာ အတိုင်ပင်ခံကောင်စီ၊ ပလက်ဝကောင်စီရဲ့ တတိယအကြိမ် ညီလာခံကို မတ်လ ၆ ရက်ကနေ ၇ ရက်နေ့အထိ ကျင်းပခဲ့ပြီး (IKACC/PC) အလုပ်အမှုဆောင်တွေ ဌာနဆိုင်ရာ အသီးသီးက တာဝန်ရှိသူတွေ၊ တပ်မှူးတွေ ဒေသအလိုက် အုပ်ချုပ်ရေးတာဝန်ရှိသူတွေ၊ ကျေးရွာကိုယ်စားလှယ်တွေနဲ့ လေ့လာသူ စုစုပေါင်း ၃၀၆ ဦး တက်ရောက်ခဲ့တယ်လို့လည်း IKACC က ဆိုပါတယ်။ မြန်မာနိုင်ငံအတွင်း အဏာရှင်စနစ်မှန်သမျှပပျောက်ရေး၊…

Read More

မင်းတပ်မြို့မှာ မိုင်းပေါင်းစုံ ၂ ထောင်ကျော် ရှင်းထားနိုင်ပြီလို့ထုတ်ပြန်

မတ်လ ၇ ရက်။ စစ်ကောင်စီကင်းစင်သွားပြီဖြစ်တဲ့ ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့မှာ စစ်ကောင်စီတပ်ဖွဲ့ ထောင်ထားတဲ့ မိုင်းပေါင်းစုံ စုစုပေါင်း ၂ ထောင်ကျော် ရှင်းထားနိုင်ပြီလို့ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီကနေ့ မတ်လ ၇ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ မင်းတပ်မြို့တွင်း ပြည်သူတွေ ဘေးကင်းစွာပြန်လည်ဝင်ရောက်နေထိုင်နိုင်ဖို့ မိုင်းပေါင်းစုံ စုစုပေါင်း ၂ ထောင် ထက်မနည်း ရှင်းထားပြီဖြစ်သော်လည်း ပြန်လည်ဝင်ရောက်နေထိုင်တဲ့ မိဘပြည်သူတွေအနေနဲ့ မိမိနေအိမ်၊ အဆောက်အအုံနဲ့ လမ်းဘေးပတ်ဝန်းကျင်တွေမှာ မသင်္ကံာဖွယ်ရာ မိုင်း၊ပေါက်ကွဲစေတက်တဲ့အရာတွေ တွေ့ရင် ထိတွေ့ကိုင်တွယ်ခြင်း မလုပ်ဘဲ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို အလျင်အမြန် သတင်းပေးဖို့ကိုလည်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မေတ္တာရပ်ခံထားပါတယ်။ မင်းတပ်မြို့သိမ်းပြီးနောက်ပိုင်း မိုင်းကြောင့် ဒေသခံပြည်သူ ထိခိုက်ဒဏ်ရာရတာမျိုး ၂ ကြိမ်လောက်ဖြစ်ခဲ့ပေမယ့် သေဆုံးတာ ကိုယ်လက်အင်္ဂါဆုံးရှုံးတာမျိုးအထိတော့ မရှိသလောက်ပဲလို့ CDF…

Read More

ရွေးကောက်ပွဲကို လာမယ့်ဒီဇင်ဘာလ မဟုတ်ရင် နောက်နှစ် ဇန်နဝါရီလထဲမှာ ကျင်းပမယ်လို့ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က ပြော

မတ်လ ၇ ရက်။ အထွေထွေရွေးကောက်ပွဲကို လာမယ့် ဒီဇင်ဘာလ မဟုတ်ရင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲမှာ ကျင်းပသွားဖို့ စီစဉ်ထားတဲ့အကြောင်း ဘယ်လာရုစ်နိုင်ငံကို ချစ်ကြည်ရေး ခရီးရောက်ရှိနေတဲ့ အာဏာသိမ်းစစ်ကောင်စီဥက္ကဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီကနေ့ မတ်လ ၇ ရက်နေ့မှာ ပြောကြားခဲ့တယ်လို့ သိရပါတယ်။ ရုရှားနိုင်ငံကိုသွားရောက်ပြီးနောက် ဘယ်လာရုစ်နိုင်ငံကို ရောက်ရှိနေတဲ့ အာဏာသိမ်းစစ်ကောင်စီဥက္ကဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီကနေ့ မတ်လ ၇ ရက်နေ့မှာ ဘယ်လာရုစ်သမ္မတ လူကာရှန်ကို နဲ့ ပြုလုပ်တဲ့ ပူးတွဲသတင်းစာ ရှင်းလင်းပွဲမှာ ရွေးကောက်ပွဲအကြောင်း ထုတ်ဖော် ဖြေကြားခဲ့တယ်လို့လည်း သိရပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ကျနော်တို့ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ မဲမသမာမှု ဖြစ်ခဲ့တဲ့အတွက် ကျနော့်တို့နိုင်ငံမှာ အရေးပေါ် အခြေအနေ ကြေညာပြီးတော့ ခေတ္တတာဝန် ယူထားတာ ဖြစ်ပါတယ်။…

Read More

ချင်းလက်နက်ကိုင်အဖွဲ့များအနေနဲ့ အိန္ဒိယနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ မီဇိုရမ်ပြည်နယ်အမတ်ပြောကြား

မတ်လ ၇ ရက်။ မီဇိုနဲ့ချင်းဟာလူမျိုးတမျိုးတည်းဖြစ်ကြောင်း ၊ ၁၉၃၅ ခုနှစ်အထိ အင်္ဂလိပ်လက်အောက်က အိန္ဒိယနိုင်ငံမှာ မီဇိုနဲ့ချင်းဟာ တနိုင်ငံတည်း အတူတကွ နေထိုင်ခဲ့ကြောင်း ၊ချင်းလက်နက်ကိုင်အဖွဲ့များအနေနဲ့ အိန္ဒိယနဲ့ ပူးပေါင်းလုပ် ဆောင်ဖို့ မီဇိုရမ်ပြည်နယ်အထက်လွှတ်တော်အမတ် Pu K.Vanlalvena ဟာ ချင်းအမျိုးသားတပ်ဦး(CNF) ဗဟိုဌာနချုပ် ချင်းလုံမြို့ကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ သွားရောက်လည်ပတ်ခဲ့စဉ်မှာ ပြောကြားခဲ့ပါတယ်။ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ မေတ္တာရပ်ခံချက်အရ ချင်းလက်နက်ကိုင် အဖွဲ့များ ပေါင်းစည်းညီညွတ်စေရန် မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်က အားထုတ် ကြိုးပမ်းခဲ့ခြင်း ဖြစ် ကြောင်း မီဇိုရမ်ပြည်နယ်လွှတ်တော်အမတ် လယ်မူအန်ပူဂျာ ပွန်တီ (Lalmuanpuia Punte) က Hindustan Times ကို ပြောကြားခဲ့ပါတယ်။ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် Pu Lalduhoma ဦး ဆောင်မှုဖြင့် ဖေဖော်ဝါရီလ…

Read More