Headlines

မီဇိုရမ်ပြည်နယ်က မြန်မာနိုင်ငံသားတွေအပါအဝင်၊ နိုင်ငံခြားသားတွေအနေနဲ့ အိန္ဒိယနိုင်ငံသားတွေသာ ပိုင်ဆိုင်ခွင့်ရှိတဲ့ အထောက်အထားတွေကို ရယူပိုင်ဆိုင်ခွင့်မရှိကြောင်း ထုတ်ပြန်

မတ်လ ၁၄ ရက်။ အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်ရောက်နေတဲ့ မြန်မာနိုင်ငံသားအပါအဝင်၊ နိုင်ငံခြားသားတွေအနေနဲ့ အိန္ဒိယနိုင်ငံသားတွေသာ ပိုင်ဆိုင်ခွင့်ရှိတဲ့ အထောက်အထားတွေကို ရယူပိုင်ဆိုင်ခွင့်မရှိကြောင်း အိုင်ဇောလ်ခရိုင်တရားသူကြီးက မတ်လ ၁၃ ရက်နေ့မှာ အသိပေးထုတ်ပြန်လိုက်ပါတယ်။ အိန္ဒိယနိုင်ငံသားတွေသာ ပိုင်ဆိုင်ခွင့်ရှိတဲ့ Voter ID၊ Aadhar Card၊ Birth Certificate လို အထောက်အထားတွေကို အိန္ဒိယနိုင်ငံရောက်နေတဲ့ မြန်မာစစ်ဘေးရှောင်တွေ အပါအဝင် တခြားနိုင်ငံခြားသားတွေ ပိုင်ဆိုင်ခွင့်မရှိတဲ့ကြောင်း အိုင်ဇောလ်ခရိုင်တရားသူကြီးက အသိပေးထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ အသိပေးချက်ထဲမှာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်က စစ်ဘေးရှောင်တွေ အပါအဝင် နိုင်ငံခြားသားတွေဟာ Voter ID၊ Aadhar Card၊ Birth Certificate၊ Tribal Certificate၊ Residential Certificate လို စာရွက်စာတမ်းတွေကို ပိုင်ဆိုင်ခွင့် မရှိဘူးလို့ ဖော်ပြထားပြီး ဒီစာရွက်စာတမ်းတွေကို ထုတ်ပေးတဲ့…

Read More

ချင်းပြည်နယ်နဲ့ ကဘော်ချိုင့်ဝှမ်းကို အိန္ဒိယဘက်က စည်းရုံးတောင်းဆိုမှုတွေဟာ မဖြစ်လာနိုင်ဘူးလို့ပြောမရကြောင်းဆို

မတ်လ ၁၄ ရက်။ လတ်တလောမှာ ချင်းပြည်နယ်နဲ့ ကဘော်ချိုင့်ဝှမ်းကို အိန္ဒိယနိုင်ငံက မီဇိုရမ်၊မဏိပူရ်ပြည်နယ်အမတ်တွေက စည်းရုံးတောင်းဆိုမှုတွေဟာ လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခင်းအကျင်း အနေထားအရ လက်တွေ့မှာ မဖြစ်လာနိုင်ဘူးလို့ ပြောမရကြောင်းအိန္ဒိယ – မြန်မာအရေးလေ့လာစောင့်ကြည့်တဲ့ India For Myanmar အဖွဲ့က ဆလိုင်းဒိုခါရ်က သုံးသပ်ထားပါတယ်။ အိန္ဒိယ – မြန်မာအရေးလေ့လာစောင့်ကြည့်သူ ဆလိုင်းဒိုခါရ်က “အခုချိန်မြန်မာနိုင်ငံအရေးကို နိုင်ငံရေးနည်းလမ်းနဲ့ အမြန်ဆုံးဖြေရှင်းပြီးတော့မှ ချင်းတွေနှစ်ပေါင်း (၇၀)ကျော် တောင်းတလာတဲ့ ပင်လုံစာချုပ်ကတည်းကနေ တောင်းတလာတဲ့ ဖက်ဒရယ်ဒီမိုကရေစီမရရှိဘူးဆိုရင်တော့ ချင်းပြည်သူတွေရဲ့ ဆန္ဒအလျောက် ရွေးချယ်ပိုင်ခွင့်ရှိတဲ့ဟာပေါ့နော် ဒါကိုမဖြစ်လာနိုင်ဘူးလို့တော့ ပြောလို့မရဘူး ကျနော်တို့နိုင်ငံရေးခင်းအကျင်းအရ လွတ်လပ်ရေး ဒါမှမဟုတ် အိန္ဒိယနဲ့ပူးပေါင်းရေးအတွက် ရွေးချယ်စရာနည်းလမ်း အဖြစ်ကျန်လာခဲ့ရင်တော့ ဒါမဖြစ်မနေ လက်တွေ့မဖြစ်နိုင်ရင်တောင်မှ ဖြစ်အောင်လုပ်ရမှာဘဲ ဥပမာပြောရမယ်ဆိုရင် မြန်မာနိုင်ငံတစ်ခုလုံးမှာ နိုင်ငံရေးဆွေးနွေးပွဲလည်း မပေါ်လာနိုင်ဘူး စစ်ကောင်စီကလည်း…

Read More

တီးတိန်မြို့နယ်မှာ ကော်ဖီစေ့ ဈေးကောင်း ရလာ၊ တောင်သူများကိုယ်တိုင်ကော်ဖီမှုန့်လုပ်ရောင်းချမှု များပြားလာ

မတ်လ ၁၄ ရက်။ တီးတိန်မြို့နယ်မှာ ယခုနှစ် ကော်ဖီစေ့ သိမ်းရာသီမှာ တောင်သူများ အနေဖြင့် အရင်နှစ်များ ထက် ဈေးကောင်း ရလာကြကြောင်း တောင်သူများ မှလည်း ကော်ဖီစေ့ကို ကိုယ်တိုင်လှော်ကာ ကော်ဖီမှုန့် ထုတ်လုပ် ရောင်းချမှုများ များလာကြောင်း တီးတိန်မြို့နယ် လိုင်ဘုံရွာရှိ ကော်ဖီစိုက် တောင်သူ တစ်ဦး ထံမှ သိရှိရပါတယ်။ “လက်ရှိမှာ ကော်ဖီစေ့ တစ်ပိဿာက ကျပ် ၁၅၀၀၀ ဈေး နှင့် ဝယ်ယူနေ ပါတယ်။ ၂၀၂၄ ခုနှစ်၊ မနှစ်ကပေါ့ တစ် ပိဿာ ကျပ် ၁၀၀၀၀ လောက် ဈေးပေါက်ခဲ့တယ်။ ၂၀၂၃ မှာတော့ တစ်ပိဿာ ကျပ် ၆ ထောင် လောက်ပဲ ပေါက်ခဲ့တယ်။ ၂၀၁၅…

Read More

CDF-Hualngoram မှ ဖမ်းဆီးခဲ့တဲ့ တီးတိန်မြို့နယ်၊ Bukphil ရွာသား ၅ ဦးကို လွတ်ပေးခြင်း မရှိသေး

မတ်လ ၁၃ ရက်။ မတ်လ ၁၁ ရက်နေ့က CDF-Hualngoram တပ်ဖွဲ့မှ ဖမ်းဆီးခဲ့တဲ့ တီးတိန်မြို့နယ် ဒေသခံ ၁၂ ဦးထဲမှ တီးတိန်မြို့နယ် Ngalbual ရွာသား ၇ ဦးကို ဒီကနေ့မတ်လ ၁၃ ရကနေ့မှာ ပြန် လွှတ်ပေးခဲ့ပြီး ကျန်ရှိတဲ့ တီးတိန်မြို့နယ် Bukphil ရွာသား ၅ ဦးကို နှစ်ရက်ကြာသည့်တိုင် ပြန်လွှတ်ပေးခြင်း မရှိသေးဘူး လို့ တီးတိန်ဒေသခံများ ထံမှ သိရှိရပါတယ်။ “CC အဖွဲ့မှာ ပါဝင်တဲ့ CDF-Hualngoram တပ်သားတွေက မတ် လ ၁၁ ရက်နေ့ မနက် ၉ နာရီ လောက်မှာ Bukphil ရွာထဲကို ဝင်လာပြီး ရွာသား ငါးယောက်ကို ဖမ်းသွားတယ်။…

Read More

စစ်ကောင်စီကင်းစင်တာ ၃ လနီးပါးရှိပြီဖြစ်တဲ့ ကန်ပက်လက်မြို့ပေါ် ကို ဒေသခံတွေ ပြန်မလာနိုင်ကြသေးဘူးလို့ သိရ

မတ်လ ၁၃ ရက်။ စစ်ကောင်စီကင်းစင်သွားပြီဖြစ်တဲ့ ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့ပေါ်ကို ဒေသခံတွေ အများစုဟာ လုံခြုံစိတ်ချရတဲ့ အနေအထားမှာ မရှိသေးတာကြောင့် ပြန်မလာနိုင်သေးဘူးလို့ ကန်ပက်လက်ဒေသခံတွေဆီကနေ သိရပါတယ်။ လက်ရှိကန်ပက်လက်မြို့ပေါ်မှာ ချင်းညီနောင်တပ်ဖွဲ့ဝင် CDF – Kanpetlet နဲ့ အာရက္ခတပ်တော် (AA) တွေက မြို့တွင်းလုံခြုံရေး၊ သန့်ရှင်းရေးတွေကို လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ကန်ပက်လက် ဒေသခံတစ်ဦးက “ကျနော်ထင်တာက အခုလိုပြန်မနေကြသေးတာက အားလုံးသိတဲ့အတိုင်းဘဲ လေကြောင်းအန္တရာယ်တွေ လုံခြုံစိတ်ချမှုမရှိသေးတာတို့ ပြီးတော့အဲဒီမှာ မိုင်းတွေ၊ ဗုံးတွေ အဲလိုမျိုးအန္တရာယ်တွေ စိုးရိမ်တာတွေလည်းဖြစ်မယ်ထင်တယ် အရမ်းကြီးစိတ်ချရတဲ့ အနေထားမျိုးမဟုတ်သေးဘူးလို့ အများစုကမခံစားရသေးဘူးပေါ့နော် အဲလိုကြောင့် ကြာနေသေးတာလည်းဖြစ်ပါတယ် ကျနော်တော့ အဲလိုနားလည်တာပေါ့နော်၊မြို့ကိုသန့်ရှင်းရေး၊ ဘာတွေလုပ်တာကတော့ (AA) တွေနဲ့ သန့်ရှင်းရေးတွေ လုပ်တာကိုတော့ကြားရတယ် ပြည်သူတွေကတော့ လောလောဆယ် ပြန်လာတာမျိုးတွေ သိပ်မရှိသေးဘူးလို့…

Read More

မီဇိုရမ်ပြည်ကချင်းစစ်ဘေးရှောင်စခန်းက ကျောင်းဆရာ၊ ဆရာမတွေကို ပလက်၀ကိုစေလွှတ်ပေးဖို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ကမ်းလှမ်းမှုတွေ လုပ်နေတယ်လို့ သိရ

မတ်လ ၁၃ ရက်။ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း ၂၀၂၅ – ၂၀၂၆ ခုနှစ် ပညာသင်နှစ်အတွက် ကျောင်းဆရာ/ဆရာမ လိုအပ်လျက်ရှိနေတာကြောင့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ ပညာရေးဦးဆောင်ကော်မတီက မီဇိုရမ်ပြည်နယ် ချင်းစစ်ဘေးရှောင်စခန်းတွေမှာ ပညာသင်ကြားပေးနေတဲ့ ဆရာ၊ ဆရာမတွေကို အခုလ မတ်လ (၃) ရက်နေ့ကစလို့ ဖိတ်ခေါ်ကမ်းလှမ်းမှုတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။ ၂၀၂၅ – ၂၀၂၆ ပညာသင်နှစ်ကို လာမယ့်ဇွန်လကနေ စတင်မှာဖြစ်ကြောင်းနဲ့ (G -12) အထိ ဖွင့်လှစ်ဖို့ ပြင်ဆင်ထားတာဖြစ်လို့ ခူမီးချင်းတိုင်းရင်းသားသာသာစကားဖြင့် သင်ကြားနိုင်သူ ဒါမှမဟုတ် မြန်မာဘာသာစကားနဲ့ သင်နိုင်တဲ့ ကျောင်းဆရာ/ဆရာမ စေလွှတ်ပေးဖို့ မီဇိုရမ်ပြည်နယ် စစ်ဘေးရှောင်စခန်းတွေမှာ ပညာသင်ကြားပေးနေတဲ့ တာဝန်ရှိသူတွေဆီကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ ပညာရေးဦးဆောင်ကော်မတီက အကြောင်းကြားလာတယ်လို့ သိရပါတယ်။…

Read More

ဖလမ်းမြို့က စစ်ကောင်စီတပ်ရဲ့ နောက်ဆုံး လက်ကျန်စခန်းတစ်ခုဖြစ်တဲ့ ခလရ – ၂၆၈ တပ်ကုန်းထဲထိ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေဝင်ရောက်ပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ သိရ

မတ်လ ၁၂ ရက်။ ချင်းပြည်နယ်၊ ဖလမ်းမြို့က စစ်ကောင်စီတပ်ဖွဲ့ရဲ့ နောက်ဆုံးလက်ကျန် စခန်းတစ်ခုဖြစ်တဲ့ ခလရ – ၂၆၈ တပ်ကုန်းထဲ ဒီကနေ့ မတ်လ ၁၂ ရက်နေ့ မနက်ပိုင်းကစလို့ ချင်းညီနောင်တပ်ဖွဲ့နဲ့ ပူးပေါင်းအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ပြီး ဒီနေ့တနေကုန် တိုက်ပွဲလည်းပြင်းထန်ခဲ့ကာ စစ်ကောင်စီဘက်ကလည်း လေကြောင်းကနေ အပြင်းအထန် ခုခံကာကွယ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေပြောပြချက်အရ သိရပါတယ်။ ရှေ့တန်းရောက် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “ ဒီကနေ့ မနက်ပိုင်းလောက်စလို့ တိုက်ပွဲတွေ အရမ်းပြင်းထန်တယ်၊ စစ်ကောင်စီဘက်ကလည်း လေကြောင်းကနေ တစ်နေကုန် တိုက်ခိုက်နေတယ်၊ ကျနော်တို့ဘက်က ခလရ – ၂၆၈ ထဲကိုလည်း ကျနော်တို့ အားလုံးဝင်ပြီးသွားပြီလို့” လို့ပြောပါတယ်။ ဖလမ်းမြို့ကို ချင်းညီနောင်နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၉…

Read More

မင်းတပ်မြို့အဝင်မှာ တောမီးလောင်နေလို့ မီးဘေးအန္တရာယ်ကို စုပေါင်းလက်တွဲကာကွယ်ကြဖို့ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အသိပေး

မတ်လ ၁၂ ရက်။ ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့အဝင် တောတန်းတစ်လျှောက် အထိန်းကွပ်မဲ့ တောမီးလောင်ကျွမ်းနေတာကြောင့် မီးဘေးအန္တရာယ်ကို စုပေါင်းလက်တွဲ ကာကွယ်ကြဖို့ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မတ်လ ၁၂ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။ အရပ်သားပြည်သူတွေအနေနဲ့ မိမိနေအိမ် မီးဘေးအန္တရာယ်ကို သတိထားနေကြရန်၊ မီးဘေးအန္တရာယ်ကိုလည်း စုပေါင်းလက်တွဲ ကာကွယ်ကြရန်နဲ့ မြို့အနီးတဝိုက်တောင်ယာလုပ်ကိုင်သူတွေ၊ တောလိုက်ငှက်ပစ်သူတွေ အနေနဲ့လည်း တောမီးရှို့မှုတွေ မဖြစ်စေရန် သတိထားစောင့်ကြည့်ကူညီကြဖို့ကိုလည်း မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးထားပါတယ်။ မင်းတပ်မြို့သိမ်းတိုက်ပွဲကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့ကစတင်ပြီး CDF – Mindat ပါဝင်တဲ့ ချင်းညီနောင်အဖွဲ့နဲ့ မဟာမိတ်တွေက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကာ မင်းတပ်မြို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ အပြီးသတ် သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး မင်းတပ်မြို့တွင်း ပြည်သူတွေ…

Read More

ပလက်ဝမြို့နယ်က မီးဘေးသင့် ဒေသခံအိမ်ထောင်စု ၆ စု အတွက် ငွေသားနဲ့ ဆန်တချို့ AA ထောက်ပံ့ခဲ့တယ်လို့ သိရ

မတ်လ ၁၁ ရက်။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ အောက်သဲမဝကျေးရွာက မီးဘေးသင့်ပြည်သူ အယောက် (၃၀)ကျော်အတွက် အာရက္ခတပ်တော် (AA) ကငွေသားနဲ့ ဆန်အချို့ ထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။ ပလက်ဝမြို့နယ် အောက်သဲမယကျေးရွာမှာ မတ်လ ၉ ရက်နေ့က အိမ်ရှင်မတစ်ဦး ထမင်းချက်တဲ့ မီးဖိုချောင်နေရာကနေတဆင့် မီးစလောင်ခဲ့ပြီး နေအိမ် ၆ လုံးအထိလောင်ပျက်စီးခဲ့ပြီး လူအထိအခိုက်တော့ မရှိခဲ့ဘူးလို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဒေသခံတစ်ဦးက “ အာရက္ခတပ်တော် (AA)က မီးဘေးသင့်ပြည်သူတွေကို တစ်အိမ်ထောင်ကို ငွေ ၅ သောင်းနဲ့ ဆန်အချို့ပေးတယ်၊ တအိမ်ထောင်စုကို နို့ဆီဗူး ၂၀ ထောက်ပံ့တယ်လို့ သိရတယ် မီးဘေးသင့်တဲ့ အိမ်ထောင်စုက တအိမ်ထောင်စုမှာ ၅ ယောက်နှုန်းရှိတာဆိုတော့ တအိမ်ထောင်စုမှာ ၃ ရက်စာလှူတာပေါ့” လို့ပြောပါတယ်။…

Read More

တမူးမြို့နယ်၊ကဘော်ချိုင့်ဝှမ်းဒေသ ကို ပြန်လည် သိမ်းယူပြီး မဏိပူရ်ပြည်နယ်ထဲ ထည့်သွင်းပေးဖို့ မဏိပူရ်အမတ်က အိန္ဒိယလွှတ်တော်မှာ အဆိုတင်သွင်း

မတ်လ ၁၁ ရက်။ အိန္ဒိယ-မြန်မာနယ်စပ်မှာတည်ရှိကာ ချင်းလူမျိုးတွေအများအပြားနေထိုင်တဲ့တမူးမြို့နယ်၊ ကဘော်ချိုင့်ဝှမ်းဒေသ (Kabaw Valley) ကို ပြန်လည်သိမ်းယူပြီး မဏိပူရ်ပြည်နယ်ထဲ ထည့်သွင်းဖို့ မဏိပူရ်ပြည်နယ်ပါလီမန်လွှတ်တော်အမတ် Leishemba Sanajaoba က မနေ့မတ်လ ၁၀ ရက်နေ့ကကျင်းပတဲ့ အိန္ဒိယအထက်လွှတ်တော်(Rajya Sabha ) အစည်းအဝေးမှာ အိန္ဒိယအစိုးရကို အဆိုတင်သွင်းခဲ့ပါတယ်။ ၁၈၃၄ ခုနှစ် ကဘော်ချိုင့်ဝှမ်း သဘောတူညီမှု နဲ့ ၁၈၂၆ ခုနှစ် ရန္တပိုစာချုပ် (Treaty of Yandaboo) အရ သတ်မှတ်ထားတဲ့ လျော်ကြေးကို မြန်မာနိုင်ငံအား ဆက်လက်ပေးချေစေခြင်း ဒါမှမဟုတ် လက်ရှိမြန်မာနိုင်ငံပိုင်နက်ထဲ ရှိနေတဲ့ ကဘော်ချိုင့်ဝှမ်းဒေသ ကို ပြန်လည်သိမ်းယူပြီး မဏိပူရ်ပြည်နယ်ထဲကို ထည့်သွင်းဖို့မဏိပူရ်ပြည်နယ်ပါလီမန်လွှတ်တော်အမတ် Leishemba Sanajaoba ကအိန္ဒိယ ဗဟိုအစိုးရကို မတ်လ ၁၀…

Read More