
အိိန္ဒိယနိုင်ငံ၊မဏိပူရပြည်နယ်မှာ ၉ နှစ်အရွယ် ချင်းစစ်ဘေးရှောင်ကလေးမ တစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရ
မတ်လ ၂၂ ရက်။ မတ်လ ၂၀ ရက်နေ့မှာ အိန္ဒိယနိုင်ငံ၊မဏိပူရပြည်နယ်၊ ချိုရချန်ပူ (Churachanpur/ Lamka) မြို့မှာ တီးတိန်မြို့နယ် ဆဲဇန်ရွာကအသက် ၉ နှစ်အရွယ် ချင်းစစ်ဘေးရှောင်ကလေးမ Lia Man Deih Kim အဓမ္မပြုကျင့် သတ်ဖြတ်ခံရကြောင်း အိန္ဒိယအရှေ့မြောက်မီဒီယာများရဲ့ဖော်ပြချက်အရ သိရှိရပါတယ်။ သေဆုံးသူဟာ Nu Niang Sen Khup ရဲ့ သမီး ဖြစ်ကြောင်း၊ တီးတိန်မြို့နယ် ဆဲဇန်ရွာကနေ အမေ၊ အစ်ကို နှင့် မောင်လေး တို့နဲ့ အတူ မဏိပူရပြည်နယ် Lamka မြို့မှာ စစ်ဘေးဒုက္ခသည် အဖြစ် နေထိုင် နေကြသူများ ဖြစ်ကြောင်း၊ Way Mark Academy ကျောင်းတွင် ဒုတိယတန်း တက်ရောက်နေသူ ဖြစ်ကြောင်း၊…