Headlines

မြန်မာနိုင်ငံမှာ ငလျင် ကြောင့် သေဆုံးသူ ၁၆၄၄ ဦးရှိလာ၊ဒဏ်ရာရရှိသူ ၃၄၀၈ ဦးနဲ့ ပျောက်ဆုံးသူ အယောက် ၁၃၉ ရှိလာ

မတ်လ ၂၉ ရက်။ မတ် ၂၉ ရက် ည ၈ နာရီ MRTV သတင်းကြေညာချက်အရ စစ်ကောင်စီကောက်ယူထားတဲ့ စာရင်းအရ မြန်မာတစ်နိုင်ငံလုံး မှာ အင်အားပြင်းငလျင်ကြောင့် သေဆုံးသူဦးရေ ၁၆၄၄ ဦး ရှိလာကာ၊ဒဏ်ရာရရှိသူ ၃၄၀၈ ဦးနဲ့ ပျောက်ဆုံးသူ အယောက် ၁၃၉ ရှိပြီးမန္တလေးတိုင်းဒေသကြီးမှာ ငလျင် ကြောင့် သေဆုံးသူအများဆုံးဖြစ်ကြောင်း အသေးစိတ်အချက်အလက်ကို ဆက်ကောက်ယူနေတယ်လို့၊အိန္ဒိယ၊တရုတ်ကနိုင်ငံတကာအကူအညီများ ဒီနေ့မတ်လ ၂၉ ရက်မှာ စတင် ရောက်ရှိနေကြောင်း စစ်ကောင်စီကသတင်းထုတ်ပြန်ပါတယ်။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကမတ်လ ၂၈ ရက်ညက မြန်မာငလျင်နဲ့ပတ်သက်ပြီးမိန့်ခွန်း ပြောကြားရာမှာ “လက်ရှိယခုအချိန်ထိ နေပြည်တော်ကောင်စီနယ်မြေမှာ ၉၆ ယောက်၊ စစ်ကိုင်းမြို့မှာ ၁၈ ယောက်၊ ကျောက်ဆည်မှာ ၃၀ ယောက် စုစုပေါင်း…

Read More

CDF -Asho တပ်စိတ်မှုး ရှေ့တန်းမှာကျဆုံးကြောင်း CDF-Asho ထုတ်ပြန်

မတ်လ ၂၈ ရက်။ ချင်းကာကွယ်ရေးတပ် – အရှို( CDF-Asho) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၁) သင်တန်းဆင်း ရဲဘော်တစ်ဦးဖြစ်တဲ့ CDF – Asho ရဲ့ တပ်စိတ်မှူး တပ်ကြပ် ဆလိုင်းစိုးနိုင်ဝင်းဟာ မတ်လ ၂၅ ရက်နေ့တွင် ရှေ့တန်းတစ်နေရာမှာ မြင့်မြတ်စွာ ကျဆုံးခဲ့ရကြောင်းCDF-Asho က ဒီကနေ့မတ်လ ၂၈ ရက်မှာ အမိန့်ပြန်တမ်းထုတ်ပြန်ပါတယ်။ မပြီးပြတ်သေးတဲ့ တော်လှန်ရေးတာဝန်တွေကို ကျွန်တော်တို့ရဲဘော်အားလုံး အဆုံးတိုင် ဆက်လက်ထမ်းဆောင်သွားမယ်လို့ တော်လှန်ရေးတာဝန်တွေကို အသက်နဲ့ ခန္ဓာစွန့် ထမ်းဆောင်ခဲ့တဲ့ ချင်းကာကွယ်ရေးတပ် – အရှိုရဲ့ (CDF – အရှို)တပ်စိတ်မှူး တပ်ကြပ် ဆလိုင်းစိုးနိုင်ဝင်း ဝိညာဉ်ရှေ့မှောက် ကတိသစ္စာပြုတယ်လို့ CDF – Asho က မတ်လ…

Read More

စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး နဲ့ ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီးတို့မှာ အရေးပေါ်အခြေအနေအဖြစ် ကြေညာ

မတ်လ ၂၈ ရက်။ ဒီကနေ့ မတ်လ ၂၈ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၅၁ မိနစ်ခန့်မှာ အင်အား ရစ်(ခ်) တာစကေး ၇ ဒသမ ၇ အဆင့်ရှိအင်အားအလွန်ပြင်းထန်တဲ့ ငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး နဲ့ ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီးတို့မှာ အဆောက်အအုံပြိုကျပျက်စီးတာ၊ လူထိခိုက်သေဆုံးတာတွေ ဖြစ်ခဲ့တာကြောင့် အရေးပေါ်အခြေအနေအဖြစ် စစ်ကောင်စီရဲ့အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီကဒီကနေ့မတ်လ ၂၈ ရက်နေ့မှာ ကြေညာထားပါတယ်။ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ပညာရှင်တွေရဲ့ ခန့်မှန်းချက်တွေအရ ငလျင်လှုပ်ခတ်ပြီး နောက်ထပ် ၆ နာရီအတွင်း နောက်ဆက်တွဲ ငလျင်ငယ်တွေဆက်လက် လှုပ်ခတ်လာနိုင်ကြောင်း ခန့်မှန်းထားတာကြောင့် ပြည်သူတွေအနေနဲ့ ဘေးလွတ်ရာနေရာတွေမှာ နေထိုင်ကြဖို့လိုအပ်မယ်လို့ စစ်ကောင်စီက ဒီကနေ့မတ်လ ၂၈…

Read More

တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ PDF တွေ လက်နက်ကိုင်လမ်းစဉ်စွန့်ပြီး ရွေးကောက်ပွဲလမ်းကြောင်း ရွေးဖို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြော

မတ်လ ၂၇ ရက်။ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF )တွေအနေနဲ့ လက်နက်ကိုင်လမ်းစဉ်စွန့်ပြီး ပါတီနိုင်ငံရေးလမ်းကြောင်းနဲ့ ရွေးကောက်ပွဲလမ်းကြောင်း ရွေးဖို့ ဒီကနေ့ မတ်လ ၂၇ ရက်နေ့မှာ နေပြည်တော်မှာ ကျင်းပတဲ့ နှစ် ၈၀ ပြည့်တပ်မတော်နေ့မှာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မိန့်ခွန်းမှာထည့်သွင်းပြောကြားပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “လက်နက်ကိုင်လမ်းစဉ်နဲ့ အကြမ်းဖက်လမ်းစဉ်တွေကြောင့် နိုင်ငံတော်မှာဖြစ်ပေါ်ခဲ့ရတဲ့ ဆုံးရှုံးနစ်နာမှုတွေကိုထောက်ရှု့ပြီး ထာဝရငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ပြည်သူတွေနဲ့အတူ ဖော်ဆောင်နိုင်ဖို့အတွက် နိုင်ငံတော်ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ တိုင်းရင်းသားလက်နက် အဖွဲ့အစည်းတွေ အကြမ်းဖက်သောင်းကြမ်းတဲ့ အဖွဲ့အစည်းတွေ PDF တွေအနေနဲ့ လက်နက်ကိုင်အကြမ်းဖက်တိုက်ခိုက်တဲ့ လမ်းစဉ်ကို စွန့်ပြီး ပါတီနိုင်ငံရေးလမ်းကြောင်းနဲ့ ရွေးကောက်ပွဲလမ်းတွေကနေ တဆင့် နိုင်ငံရေးပြဿနာကို ဖြေရှင်းဆောင်ရွက်နိုင်ဖို့ ဖိတ်ခေါ်ကမ်းလှမ်းထားပြီးဖြစ်တယ် နိုင်ငံရေးနည်းလမ်းကို စားပွဲဝိုင်းပေါ်မှာ တွေ့ဆုံဆွေးေနွးခြင်းနဲ့သာ အဖြေရှာနိုင်မှာဖြစ်တာကြောင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို…

Read More

တမူးမြို့နဲ့ မိုးရေးမြို့ကြားမှာ အိန္ဒိယ – မြန်မာ နယ်စပ်ခြံစည်းရိုးခတ်ဖို့ လုပ်ဆောင်နေတာဟာ သာမန်ပြည်သူ အရေးပေါ် စစ်ဘေးရှောင်ချင်သူတွေကို ဟန့်တားနိုင်တာကလွဲရင် ဘာမှ အကျိုးမရှိနိုင်လို့ဆို

မတ်လ ၂၇ ရက်။ စစ်ကိုင်းတိုင်း၊ တမူးမြို့နဲ့ မဏိပူရပြည်နယ်၊မိုးရေးမြို့ကြားက အိန္ဒိယ – မြန်မာနယ်စပ် နှစ်နိုင်ငံနယ်စပ်ကို အိန္ဒိယအစိုးရဘက်က မတ်လ ၂၅ ရက်နေ့ ကစလို့ နယ်စပ်ခြံစည်းရိုးခတ်ဖို့ လုပ်ဆောင်နေတာဟာ သာမန်ပြည်သူ အရေးပေါ် စစ်ဘေးရှောင်ချင်သူတွေကို ဟန့်တားနိုင်တာကလွဲရင် ကျန်တာဘာမှ အကျိုးမရှိနိုင်တဲ့အကြောင်း အိန္ဒိယ မြန်မာ့အရေးလေ့လာစောင့်ကြည့်တဲ့ India For Myanmar အဖွဲ့တည် ေထာင်သူ ဆလိုင်းဒိုခါရ်က ပြောပါတယ်။ နယ်စပ်ခြံစည်းရိုးကာရံမယ့် နေရာဟာ အိန္ဒိယ – မြန်မာနယ်စပ် နှစ်နိုင်ငံ ချစ်ကြည်ရေးတံတားကနေ နယ်စပ်မှတ်တိုင် ၇၇ ကနေ ၇၉ အထိ ကာရံဖို့ လုပ်ဆောင်နေတာဖြစ်ပြီး ဟောင်လင်ဖိုင်ကျေးရွာအနီး မိုင်တိုင် ၇၆ အထိ တိုးချဲ့ကာရံဖို့ အိန္ဒိယအစိုးရဘက်က လုပ်ဆောင်နေတာလို့ ဒေသအခြေစိုက် မီဒီယာနေတွေကနေ…

Read More

ဟားခါးမြို့မှာ မီးမလာတာ ၅ ရက်ရှိလာပြီဖြစ်ပြီး မီးသွေးဈေးနှုန်းတွေ အဆမတန်မြင့်တက်

မတ်လ ၂၇ ရက်။ ချင်းပြည်နယ်မြို့တော် ဟားခါးမှာ မီးမလာတာ ၅ ရက်ရှိလာပြီဖြစ်ပြီး မီးသွေးဈေးနှုန်းတွေ ၂ သောင်းခွဲကနေ သုံးသောင်းဝန်းကျင်အထိ ဈေးတက်သွားတယ်လို့ ဟားခါးမြို့နေ ဒေသခံတွေဆီကနေ သိရပါတယ်။ ဟားခါးမြို့နေ ဒေသခံတစ်ဦးက “မီးမလာတာက ၅ ရက်လောက်တော့ ရှိတော့မယ် အခုတလော မီးမလာတော့ မီးသွေးဈေးက ၂၅၀၀၀ လောက်ကနေ ၃၀၀၀၀ ဝန်းကျင်လောက်ရှိတော့မယ် မီးမလာတော့ မီးသွေးခတွေ ဈေးတက်တယ် ဟားခါးမှာ ကုန်ဈေးနှုန်းက သိတဲ့အတိုင်း အကုန်ဈေးကြီးနေတာပေါ့” လို့ပြောပါတယ်။ လမ်းပန်းဆက်သွယ်ရေးနဲ့ သယ်ယူစရိတ်တွေကြောင့် ဟားခါးမှာ ကုန်ပစ္စည်းဈေးနှုန်းတွေလည်း တနေ့ပြီးတစ်နေ့ ဈေးတက်လျက်ရှိနေပြီး ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က မီးသွေးတစ်အိတ်ကို ၂၂၀၀၀ ဝန်းကျင်ကနေ အခုလို မီးပျက်တာရက်ပိုင်းအကြာမှာ ကုန်ဈေးနှုန်းတွေထပ်မြှင့်တက်တာလို့လည်း သိရပါတယ်။ အခုတလောဟားခါးမြို့မှာ ဖုန်းလိုင်းတွေလည်း…

Read More

ချင်းတောင်တန်းက တိမ်ဖုံးနေသော ကြယ်ကလေး

လွန်ခဲ့တဲ့ ၇ နှစ် 9-7-2018 (Monday) က ဆရာမ သစ်ဇင် ရေးသားခဲ့တဲ့ ချင်းပြည်နယ် ချင်းတောင်တန်း ချင်းလူမျိုးတို့ပါဝင်တဲ့ ကျောင်းဇာတ်လမ်းလေးတစ်ပုဒ် ကို ပြန်လည်ဖော်ပြခြင်းဖြစ်ပါတယ်။ Chin World Media (ချင်းပြည်နယ် ချင်းတောင်တန်း ချင်းလူမျိုးတို့ပါဝင်တဲ့ ကျောင်းဇာတ်လမ်းလေးတစ်ပုဒ်ပါ အားပေးဝေဖန် ဖြည့်စွက်ပေးကြပါဦး) 9-7-2018 (Monday ) By Thit Zin တိမ်တွေနေတဲ့အရပ် မြူတွေဝေတဲ့အရပ် မိုးတွေသည်းတဲ့အရပ် နှင်းတွေမစဲတဲ့အရပ် ပန်းတွေပွင့်တဲ့အရပ် အလွမ်းတွေသင့်စေတဲ့အရပ် အရာအားလုံးနှင့်ပြည့်စုံနေသောအရပ် ချစ်ရသူတို့ချစ်သောအရပ် ***@@နွယ် ချင်းပြည်ကြီး ကို ချစ်သည် ။အထက်တန်းကျောင်းသူဘဝ ချင်းပြည်ဆိုတာဘာမှန်းမသိခင်ကတည်းက ချစ်သည်။ သိခဲ့ရတာကတော့ တောအလှ တောင်တန်း အလှများနဲ့အင်မတန်မှအချမ်းဓာတ်လွန်ကဲလှတဲ့ပြည်နယ်ကြီးပေါ့ ။ချင်းတိုင်းရင်းသားတွေကလည်း သိပ်ကို ရိုးသားပွင့်လင်းကြသည်ဆိုပဲ။ ထိုကဲ့သို့ချစ်ခဲ့ရသော ချင်းပြည်ကို transfer…

Read More

ချင်းလူငယ်ဖိုက်တာ Joshua Van နဲ့ ဘရာဇီးဖိုက်တာ Bruno Silva တို့ ဇွန်လ (၇) ရက်နေ့မှာ ယှဉ်ပြိုင်ထိုးသတ်မယ်

မတ်လ ၂၇ ရက်။ ချင်းလူငယ်ဖိုက်တာ Joshua Van နဲ့ ဘရာဇီးဖိုက်တာ Bruno Silva တို့ဟာလာမယ့် ဇွန်လ (၇) ရက်နေ့မှာ ကျင်းပမယ့် UFC 316 ပြိုင်ပွဲမှာ ယှဉ်ပြိုင်ထိုးသတ်ကြမှာဖြစ်တဲ့ကြောင်း Joshua Van က သူ့ရဲ့လူမှုကွန်ယက်ဖေ့ဘုတ်ကနေ တဆင့်ဖော်ပြထားပါတယ်။ Joshua Van နဲ့ Bruno Silva ကိုပြီးခဲ့တဲ့ မတ်လတုန်းက ကျင်းပတဲ့ UFC 313 မှာ ပွဲတည်ပေးခဲ့ဖူးပေမယ့် အဲဒီတုန်းက Bruno Silva က နုတ်ထွက်ခဲ့တာကြောင့် ပွဲမဖြစ်လိုက်ရဘဲ Joshua Van က ဂျပန်ဖိုက်တာနဲ့ ထိုးသတ်ခဲ့ရပြီး UFC 316 မှာ ထပ်ပြီးပွဲပြန်တည်ပေးခဲ့တာဖြစ်ပြီး ဒီတစ်ကြိမ်တော့ ထပ်ပြီးနုတ်ထွက်လို့မရတော့ဘူးလို့လည်း သိရပါတယ်။ အသက်…

Read More

ဇိုတုန်ဒေသအတွင်း ပြည်သူတွေအနေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေသာ ကိုင်ဆောင်ခွင့်ရှိတဲ့ မောင်းပြန်သေနတ်ကဲ့သို့ သေနတ်တွေ ကိုင်ဆောင်ထားခြင်း ရှိမရှိ စစ်ဆေးတာတွေ လုပ်တော့မယ်လို့ အသိပေး

မတ်လ ၂၆ ရက်။ စစ်ကောင်စီ ကင်းစင်ပြီးဖြစ်တဲ့ချင်းပြည်နယ်၊ ဇိုတုန်ဒေသအတွင်း လက်နက်ကိုင်ဆောင်ခြင်းနဲ့ပက်သက်ပြီး စည်ကမ်းသတ်မှတ်ချက်တွေ ပြဌာန်းထားပြီးဖြစ်လို့ ပြည်သူတွေအနေနဲ့ မောင်းပြန်သေနတ်၊ ခြေမှုန်းရေးရိုင်ဖယ်၊ ပစ္စတိုလိုမျိုး သေနတ်တွေ ကိုင်ဆောင်ထားခြင်း ရှိမရှိ စစ်ဆေးတာတွေ လုပ်တော့မယ်လို့ CDF – Zotung တပ်ဖွဲ့က မတ်လ ၂၅ ရက်နေ့မှာ ထုတ်ပြန်အသိပေးထားပါတယ်။ ဇိုတုန်ဒေသအတွင်း နေထိုင်တဲ့ ပြည်သူတွေအနေနဲ့ ချင်းထုံစံအတိုင်း အမဲလိုက်ရာမှာ အသုံးပြုတဲ့ ရိုးရာတူမီးသေနတ်၊ နှစ်လုံပြူးသေနတ်၊ ခါးချိုးသေနတ်နဲ့ လေသေနတ်တွေသာ ကိုင်ဆောင်ခွင့်ရှိပြီး အခြားမောင်းပြန်သေနတ် ၊ ခြေမှုန်းရေးရိုင်ဖယ်၊ ပစ္စတိုလိုမျိုး သေနတ်နဲ့ ဖောက်ခွဲရေးပစ္စည်တွေကိုတော့ ကိုင်ဆောင်ခွင့်မရှိတာကြောင့် ကိုင်ဆောင်ခြင်းမပြုကြရန် CDF – Zotung ကဆိုထားပါတယ်။ ဒါ့အပြင် စစ်ကောင်စီကိုတော်လှန်တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အနေနဲ့လည်း ဇိုတုန်ဒေသကို ဖြတ်သန်းသွားလာလိုပါက…

Read More

ရွေးကောက်ပွဲကို ၂၀၂၅ ဒီဇင်ဘာလ တတိယပတ်ကနေ ၂၀၂၆ ဇန်နဝါရီလ ဒုတိယပတ်အထိ ကျင်းပမယ်လို့ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြော

မတ်လ ၂၆ ရက်။ စစ်ကောင်စီကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲကို ဒီနှစ် ၂၀၂၅ ဒီဇင်ဘာလ တတိယပတ်နဲ့ စတုတ္ထပတ် နောက်နှစ် ၂၀၂၆ ဇန်နဝါရီလ ပထမပတ်နဲ့ ဒုတိယပတ်တွေအထိ ၁ လ အချိန်ယူပြီး ကျင်းပမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မတ်လ ၂၅ ရက်နံနက်ပိုင်းက နေပြည်တော်မှာကျင်းပတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေးမှာပြောကြားခဲ့ပါတယ်။ “” ကောက်ယူရရှိတဲ့စာရင်းတွေအပေါ်မူတည်ပြီး ဆန္ဒမဲပေးနိုင်တဲ့ အသက်(၁၈)နှစ်နဲ့အထက်လူဦးရေစာရင်းကိုကောက်ယူရရှိထားပြီးဖြစ်ပါတယ်။ ဒါ့ကြောင့် ရွေးကောက်ပွဲကို ဒီ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလရဲ့ တတိယပတ်နဲ့ စတုတ္ထပတ်၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလရဲ့ ပထမပတ်နဲ့ ဒုတိယပတ်တွေအတွင်း မှာကျင်းပပြုလုပ်ဖို့လျာထားပါတယ်၊သက်ဆိုင်ရာတိုင်းနဲ့ ပြည်နယ်တွေအလိုက် Electronic Voting Machine တွေနဲ့ဆောင်ရွက်တာကြောင့် အချိန်တိုအတွင်းမှာ ဆန္ဒမဲပေးနိုင်ခြင်းနဲ့ မဲရလဒ်ရရှိခြင်းတွေရရှိမှာဖြစ်ပါတယ်။ မိမိတို့အနေနဲ့…

Read More