
မတ်လ ၁၃ ရက်။
မတ်လ ၁၁ ရက်နေ့က CDF-Hualngoram တပ်ဖွဲ့မှ ဖမ်းဆီးခဲ့တဲ့ တီးတိန်မြို့နယ် ဒေသခံ ၁၂ ဦးထဲမှ တီးတိန်မြို့နယ် Ngalbual ရွာသား ၇ ဦးကို ဒီကနေ့မတ်လ ၁၃ ရကနေ့မှာ ပြန် လွှတ်ပေးခဲ့ပြီး ကျန်ရှိတဲ့ တီးတိန်မြို့နယ် Bukphil ရွာသား ၅ ဦးကို နှစ်ရက်ကြာသည့်တိုင် ပြန်လွှတ်ပေးခြင်း မရှိသေးဘူး လို့ တီးတိန်ဒေသခံများ ထံမှ သိရှိရပါတယ်။
“CC အဖွဲ့မှာ ပါဝင်တဲ့ CDF-Hualngoram တပ်သားတွေက မတ် လ ၁၁ ရက်နေ့ မနက် ၉ နာရီ လောက်မှာ Bukphil ရွာထဲကို ဝင်လာပြီး ရွာသား ငါးယောက်ကို ဖမ်းသွားတယ်။ ပြီးတော့ Bulphil ဖက်ကို ဦးတည် ခရီးသွား နေတဲ့ Ngalbual ရွာသား ၇ ဦးကိုလည်း ဖမ်းဆီး သွားခဲ့တယ်။ Ngalbual ရွာသားတွေက မီဇိုရမ် ဘက်မှာ အလုပ်လုပ် ဖို့ သွားကြတာ” လို့ တီးတိန်ဒေသခံတစ်ဦး မှ ပြော ပါတယ်။
ဖမ်းဆီး ခံရတဲ့ Bulphil ရွာသားတွေဟာ Pastor Sut Khan Mung (Assembly of God), ZRA-EC တပ်ဖွဲ့ဝင်တွေရဲ့ မိဘများ ဖြစ်ကြတဲ့ Pa Gin Deih Piang, Pa Cin Do Kham, Pa Gin Do Khup နှင့် ရွာထဲတွင် လမ်းလျှောက်နေတဲ့ Pa Nang Lam Tuang တို့ ဖြစ်ကြောင်း၊ ဖမ်းဆီးခံရတဲ့ Ngalbual ရွာသား ခရီးသွား ၇ ဦး တို့မှာ Pa Thang Khan Kim, Pa Khup Lam Mang, Tg Hang Lian Thang, Tg Kam Sian Sing, Tg Pau Ngaih Lian, Tg Dal Sian Khai, Tg Lian Za Khai တို့ဖြစ်ကြောင်း၊ Ngalbual ရွာသား ၇ ဦးကို မူ မတ်လ ၁၃ ရက်နေ့ ပြန်လည် လွှတ်ပေး လိုက်ကြောင်း သိရှိရပါတယ်။
“အဖမ်းခံရတဲ့ Bukphil ရွာသားတွေက လက်နက်ကိုင် အဖွဲ့အစည်းဝင် တွေလည်း မဟုတ်ဘူး။ SAC တပ်တွေလည်း ရွာထဲမှာ ရှိမနေပါဘူး။ ZRA-EC တပ်ဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တွေ ဆိုတဲ့ စွပ်စွဲချက် ပုံစံ ဖြစ်နေတယ်။ မိမိတို့ ဒေသခံတွေရဲ့ လုံခြုံရေးကို အတော်လေး ခြိမ်းခြောက်လာတဲ့ လုပ်ဆောင်မှုပဲ” လို့ ဒေသခံ တစ်ဦး က သုံးသပ်ပါတယ်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ PDA-Tedim ပါဝင်တဲ့ Chinland Council ပူးပေါင်းတပ်ဖွဲ့များ နှင့် ZRA-EC အကြား တီးတိန်မြို့နယ် တုန်းဇံရွာအနီးမှာ ထိတွေ့ တိုက်ပွဲ ဖြစ်ပြီး နောက်ပိုင်း တီးတိန်မြို့နယ် နှင့် တွန်းဇံမြို့နယ်ထဲမှာ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများ ဆက်တိုက် နီးပါး ဖြစ်ပွားလာခဲ့ပါတယ်။