Headlines

စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး နဲ့ ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီးတို့မှာ အရေးပေါ်အခြေအနေအဖြစ် ကြေညာ

မတ်လ ၂၈ ရက်။

ဒီကနေ့ မတ်လ ၂၈ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၅၁ မိနစ်ခန့်မှာ အင်အား ရစ်(ခ်) တာစကေး ၇ ဒသမ ၇ အဆင့်ရှိအင်အားအလွန်ပြင်းထန်တဲ့ ငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး နဲ့ ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီးတို့မှာ အဆောက်အအုံပြိုကျပျက်စီးတာ၊ လူထိခိုက်သေဆုံးတာတွေ ဖြစ်ခဲ့တာကြောင့် အရေးပေါ်အခြေအနေအဖြစ် စစ်ကောင်စီရဲ့အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီကဒီကနေ့မတ်လ ၂၈ ရက်နေ့မှာ ကြေညာထားပါတယ်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ပညာရှင်တွေရဲ့ ခန့်မှန်းချက်တွေအရ ငလျင်လှုပ်ခတ်ပြီး နောက်ထပ် ၆ နာရီအတွင်း နောက်ဆက်တွဲ ငလျင်ငယ်တွေဆက်လက် လှုပ်ခတ်လာနိုင်ကြောင်း ခန့်မှန်းထားတာကြောင့် ပြည်သူတွေအနေနဲ့ ဘေးလွတ်ရာနေရာတွေမှာ နေထိုင်ကြဖို့လိုအပ်မယ်လို့ စစ်ကောင်စီက ဒီကနေ့မတ်လ ၂၈ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။

ဒီကနေ့ မတ်လ ၂၈ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၅၁ မိနစ်ခန့်မှာ မန္တလေးမြို့ရဲ့ အရှေ့ မြောက်ဘက် ၂၀ ကီလိုမီတာခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၂ ဒသမ ၀၉ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ်၉၃ ဒသမ ၂၃ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ရစ်(ခ်) တာစကေး ၇ ဒသမ ၇ အဆင့်ရှိ အင်အားအလွန်ပြင်းထန်တဲ့ မြေငလျင်လှုပ်ရှားသွားခဲ့ပြီး နောက်ဆက်တွဲ ငလျင်ငယ် ၃ ခု ခန့် လှုပ်ရှားခဲ့ကြောင်း တိုင်းထွာရရှိတယ်လို့လည်း စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြိုဒေသခံတစ်ဦးပြောတာက “ မိနစ်ပိုင်းလောက်ဘဲ လှုပ်သွားတယ်၊ လှုပ်တာက သိသိသာသာ လှုပ်သွားတယ် ဒါပေမယ့် တိုက်တာ အဆောက်အအုံတွေ ထိခိုက်ပျက်စီးတာမျိုးတော့ မရှိဘူးဒီမှာက ”လို့ပြောပါတယ်။

ယနေ့နေ့လည်က လှုပ်ခတ်သွားတဲ့ ငလျင်က မြန်မာနိုင်ငံရဲ့ မြို့နယ်တချို့မှာ ပြင်းပြင်းထန်ထန် လှုပ်ခတ်သွားခဲ့ပြီး လူထိခိုက်သေဆုံးမှုတွေ၊အိုးအိမ်များစွာပျက်ဆီးခဲ့တာရှိခဲ့သလို မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်းနိုင်ငံဘန် ေကာက်၊ချင်းမိုင်မြို့မှာလည်း ငလျင်လှုပ်ခတ်ခဲ့ပြီး အထပ်မြင့်တိုက်တာပြိုကျတာလူထိခိုက်သေဆုံးမှုတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *