
မတ်လ ၁၇ ရက်။
မီဇိုရမ်ပြည်နယ်ဟာ လက်ရှိမှာ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် မဏိပူရတို့မှ ရွှေ့ပြောင်းဒုက္ခသည်ပေါင်း ၄၁,၀၀၀ ခန့်အတွက် ခိုလှုံရာနေရာများ ပေးနေရကာ ကြီးထွားလာနေတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကူညီနိုင်ရေး အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းဖို့ ဝန်ကြီးချုပ် Pu Lalduhoma က အိန္ဒိယနိုင်ငံဗဟိုအစိုးရကို အကူအညီပေးဖို့ တောင်းဆိုလိုက်ပါတယ်။
တရားဝင်ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံမှ ဒုက္ခသည် ၃၃,၇၀၀ ကျော်ဟာ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုများကြောင့် မီဇိုရမ်ပြည်နယ်မှာ ခိုလှုံခဲ့ကြပါတယ်။ ခိုလှုံသူမြန်မာဒုက္ခသည် ၃၃,၇၀၀ ကျော်ထဲမှာအမျိုးသား ၁၀,၁၁၉ ဦး၊ အမျိုးသမီး ၁၀,၇၈၂ ဦးနှင့် ကလေး ၁၂,၈၁၁ ဦးတို့ ပါဝင်ပါတယ်။
ထို့အပြင်၊ မဏိပူရပြည်နယ်မှ လူပေါင်း ၁၂၀၀၀ ခန့်ဟာ ၂၀၂၃ ခုနှစ် မေလမှာ အကြမ်းဖက်မှုများ ဖြစ်ပွားပြီးကတည်းက မီဇိုရမ်ပြည်နယ်တွင် ခိုလှုံနေထိုင်ခဲ့ကြပါတယ်။
မီဇိုရမ်ပြည်နယ်အစိုးရအ နေနဲ့ အရင်းအမြစ် အကန့်အသတ်ရှိသော်လည်း ဒုက္ခသည်များကိုစားနပ်ရိက္ခာ၊ အမိုးအကာနှင့် ပညာရေးတို့ကို ဆက်လက်ပံ့ပိုးပေးလျက်ရှိပါတယ်။
Central Young Mizo Association (CYMA)အဖွဲ့က ရွှေ့ပြောင်းနေထိုင်သူများအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီနှင့် ငွေကြေးအကူအညီများ တိုးမြှင့်ပေးရန် ပြည်ထောင်စု ပြည်ထဲရေးဝန်ကြီး Amit Shah ကို စာချွန်လွှာ တင်သွင်းခဲ့ပါတယ်။
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကူညီနိုင် ရေး အကျပ်အတည်းများ ဆက်လက်ရှိနေသည်နှင့်အမျှ မီဇိုရမ်ပြည်နယ်အစိုးရဟာ ဒုက္ခသည်များအတွက် ပံ့ပိုးကူညီမှုများရရှိ ရေး ဆက်လက်ရှာဖွေလျက်ရှိ ကြောင်းသိရပါတယ်။
Ref:Northeast Today

