
ငလျင်ဘေးကာလမှာ လေကြောင်းတိုက်ခိုက်မှုတွေ ချက်ခြင်းရပ်ဖို့ စစ်ကောင်စီကို CNF ကတိုက်တွန်း
မတ်လ ၃၁ ရက်။ မြေငလျင်သဘာဝဘေးအန္တရာယ် အရေးပေါ်ကာလမှာပင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေတာကိုတွေ့ရပြီး မြန်မာပြည်သူတွေဟာ မြေငလျင်ဘေးဒဏ်သာမက စစ်ကောင်စီလက်ချက် နဲ့ သေဆုံးမှုတွေလည်း ဆက်လက်ရှိနေတာကြောင့် ထိုလုပ်ရပ်ကို စစ်ကောင်စီအနေနဲ့ ချက်ချင်းရပ်တန့်ဖို့ တိုက်တွန်းကြောင်း ချင်းအမျိုးသားတပ်ဦး(CNF)က မတ်လ ၃၁ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။ ငလျင်ဘေးဒဏ်ခံစားနေရသော ပြည်သူများ ပြန်လည်ထူထောင်ရေးနဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီ ပေးအပ်ရာမှာ ပြည်သူများနဲ့အတူ တတ်နိုင်သမျှ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ချင်းအမျိုးသားတပ်ဦး CNF က ပြောပါတယ်။ မတ်လ ၂၈ ရက်နေ့က မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်း နဲ့ မန္တလေးမြို့အနီးကို ဗဟိုပြုကာ ပြင်းအား ၇.၇ အဆင့်ရှိတဲ့ ငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း) နဲ့ အခြားဒေသအသီး သီးတို့မှာ လူဦးရေ…