Headlines

မြန်မာနိုင်ငံမှာ ငွေကြေးအဖွဲ့အစည်းတွေအကြား ဒစ်ဂျစ်တယ် ငွေလွှဲပြောင်းမှုနဲ့ အပြန်အလှန် ငွေပေးချေမှု ပြုလုပ်နိုင်မယ့် MMQR စနစ် စတင်အသုံးပြု

ဖေဖော်ဝါရီလ ၂၈ ရက်။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-1)၊ ကျောက်စိမ်း ခန်းမမှာ မြန်မာနိုင်ငံရဲ့ ဒစ်ဂျစ်တယ် ငွေပေးချေမှုများ အတွက် ငွေကြေးအဖွဲ့အစည်းတွေအကြား ငွေလွှဲပြောင်းမှုနဲ့ အပြန်အလှန်ငွေပေးချေမှု ပြုလုပ်နိုင်မယ့် National QR Standard ဖြစ်တဲ့ MMQR စတင် အသုံးပြုခြင်း အခမ်းအနားကျင်းပခဲ့တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ သတင်းဖော်ပြချက်များ အရ သိရှိရပါတယ်။

MMQR ဟာ မြန်မာ နိုင်ငံရဲ့ National Standard အဖြစ် သတ်မှတ်ထားတဲ့ QR Code နဲ့ ငွေပေးမှုကို ထောက်ပံ့ပေးမယ့် Digital Payment Switch တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ကြီးကြပ်ဦးဆောင် ပြီး ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကာ Symtem Operator အဖြစ် Payplus Co., Ltd. က ဆောင်ရွက်ခဲ့ ကြောင်းမြန်မာနိုင်ငံတော် ဗဟိုဘဏ် ငွေရေးကြေးရေး ဈေးကွက်၊ ငွေပေးချေမှု နှင့် စာရင်းရှင်းလင်းမှု ဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်ခိုင်ရွှေဝါ မှ ပြောကြားချက် အရ သိရှိရပါတယ်။

လက်ရှိမှာတော့ MMQR ကို အသုံးပြုပြီး ဈေးဝယ်သူတွေက ကုန်သည်တွေဆီ (Customers to Merchant) ကို ငွေပေးချေနိုင်ပြီ ဖြစ်ပြီး နောက်ပိုင်းမှာ အသုံးပြုသူ အချင်းချင်း (Person to person) ငွေကြေးလွှဲပြောင်း (Transfer)တာ၊ ရေခွန်၊ မီတာဘီလ် ကဲ့သို့သော အခွန်ပေးဆောင်တွေ အပါအဝင် အခြား ဝန်ဆောင်မှုတွေမှာလည်း အသုံးပြုနိုင်အောင် နှင့် နယ်စပ်ဖြတ်ကျော် ငွေပေးချေမှုတို့ အတွက်ပါ တိုးချဲ့ ဆောင်ရွက် သွားမယ် လို့လည်း ဒေါ်ခိုင်ရွှေဝါ မှ ရှင်းပြထားပါတယ်။

MMQR ကို မြို့ပြဘဏ်စနစ် မရှိတဲ့ ကျေးလက် ဒေသတွေ အထိ ဧရိယာ အစုံတွင် အသုံးပြု နိုင်မှာ ဖြစ်ပြီး ကနဦး စတင်တဲ့ အစီအစဉ်တွင် AYA Pay, KBZ Pay, Wave Money, OK$, CB Pay, uabpay, A+ Wallet, CTZ Pay, Yoma, Tusty, Zego နှင့် Mpitesan တို့ ပါဝင် ခဲ့ပြီး အဆိုပါ Mobile Wallet တစ်ခုခု ရှိရုံဖြင့် ငွေပေးချေမှု ပြုလုပ်နိုင်မှာ ဖြစ်တယ် လို့လည်း ဒေါ်ခိုင်ရွှေဝါ ရဲ့ ရှင်းပြချက်များ အရ သိရှိခဲ့ရ ပါတယ်။

MMQR ဟာ မတူညီတဲ့ Mobile Payment တွေကို အပြန်အလှန် အသုံးပြုနိုင်ဖို့ System ချိတ်ဆက်ရုံသာ ဖြစ်ပြီး Transactions အရေအတွက်၊ ပမာဏ ကန့်သတ်ချက်တွေ မရှိပေမယ့် မိမိ အသုံးပြုတဲ့ Mobile Wallet ရဲ့ ချမှတ်ထားတဲ့ ကန့်သတ်ချက်တွေကို လိုက်နာဖို့ လိုမှာ ဖြစ်တယ် လို့လည်း AYA Pay ရဲ့ Deputy Chief Executive Officer ဦးမြတ်မင်းထင်ကျော် က ရှင်းပြထား ပါတယ်။

MMQR အသုံးပြုဖို့အတွက် အက်ပလီကေးရှင်း သီးသန့် Download ထပ်လုပ်စရာမလိုဘဲ မိမိလက်ရှိအသုံးပြုနေတဲ့ ဒါမှမဟုတ် အသုံးပြုလိုတဲ့ ဘဏ်၊ မိုဘိုင်းငွေကြေးအဖွဲ့အစည်းတွေကို ဆက်သွယ်အကြောင်းကြားဖို့ပဲ လိုတယ်လို့ ဆိုပါတယ်။

လက်ရှိအသုံးပြုနေတဲ့ Mobile Banking တွေ၊ Mobile Wallet အများစုအနေနဲ့လည်း MMQR ကို Certified ဖြစ်ထားပြီးဖြစ်တဲ့အတွက် အလွယ်တကူအသုံးပြုန်ိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ MMQR စတင် အသုံးပြုခြင်း အခမ်းအနားကို အာဏာသိမ်းစစ်ကောင်စီဉက္ကဌ၊ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်အမှာစကားပြောကြားခဲ့တယ်လို့ လည်း ပြန်ကြားရေး ဝန်ကြီးဌာနသတင်းဖော်ပြချက်အရ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *