Headlines

မလေးရှားနိုင်ငံမှာ အိမ်မှာ အကြမ်းဖက်အသတ်ခံရတဲ့ ချင်းအမျိုးသမီးကိစ္စနဲ့ပတ်သက်လို့ သံသယနဲ့ဖမ်းဆီးခံထားရသူ ၆ ဦး ပြန်လွတ်ပြီလို့ သိရ

ဖေဖော်ဝါရီလ ၂၇ ရက်။

မလေးရှားနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က နေအိမ်တွင်းအကြမ်းဖက် အသတ်ခံရတဲ့ အသက် ၃၆ နှစ်အရွယ် သား ၁ ယောက်မိခင် ချင်းအမျိုးသမီးကိစ္စနဲ့ပတ်သက်ပြီး သံသယနဲ့ ဖမ်းဆီးခံရတဲ့ သေဆုံးသူရဲ့အမျိုးသားအပါအဝင် Dai Community in Malaysia (DCM) အဖွဲ့ဝင် ၆ ဦး မနေ့ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ ပြန်လွတ်လာပြီလို့ (DCM) ရုံးကတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

Dai Community in Malaysia ရုံးကတာဝန်ရှိသူ Ko Hung Naing က “ သံသယနဲ့ ဖမ်းဆီးထားတဲ့ ကျနော်တို့ မင်ဘာဝင် ၆ ဦးမနေ့ကပြန်လွှတ်ပေးလိုက်ပါပြီ အဲဒီပြန်လွှတ်ပေးလိုက်တဲ့ထဲမှာ သေဆုံးသူအမျိုးသမီးရဲ့ ခင်ပွန်း အမျိုးသားလည်းပါဝင်တာပေါ့ သူတို့က ၁၃ ရက် အချုပ်ကျတာပေါ့၊ နောက်ပြီးဖမ်းဆီးမိထားတဲ့ တရားခံကိုတော့ စစ်ချက်ယူနေတုန်းပါ တရားရုံးမတင်ရသေးဘူး” လို့ပြောပါတယ်။

အသက် (၃၆) နှစ်အရွယ်၊ ကလေးမိခင် ချင်းအမျိုးသမီးကို သတ်တဲ့ တရားခံကိုလည်း ဖေဖော်ဝါရီလ ၁၆ ရက်နေ့က မလေးရှားအာဏာပိုင်တွေက ဖမ်းဆီးနိုင်ခဲ့ပြီဖြစ်ပြီး လက်ရှိ လက်ရှိတရားခံကို စစ်ချက်ယူနေတုန်းဖြစ်သလို သေဆုံးသူအလောင်းကိုလည်း ပြန်မရသေးလို့ မသဂြိုလ်ရသေးဘူးလို့လည်း Dai Community in Malaysia ရုံးကတာဝန်ရှိသူ Ko Hung Naing ကပြောပါတယ်။

အကြမ်းဖက်အသက်ခံရတဲ့ ချင်းအမျိုးသမီးဟာ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကနေ မလေးရှားနိုင်ငံမှာ နေထိုင်သူဖြစ်ပြီး သူမအမျိုးသား Seremban ကို အလည်သွားတဲ့အချိန် သူမနေအိမ်အခန်းထဲမှာ အကြမ်းဖက်အသတ်ခံရတာဖြစ်ပြီး သူမကိုသတ်ခဲ့တဲ့ တရားခံမြန်မာနိုင်ငံသားကလည်း ဝန်ခံခဲ့လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ မလေးရှားအာဏာပိုင်တွေက ဖမ်းဆီးလိုက်ပြီလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *