ကနေဒီ တောင်ကြောတဝိုက် ကလေး-တီးတိန် ကားလမ်းပေါ် နှင်းခဲ လို့ခရီးသွားများ အခက်အခဲကြုံ
ဇန်နဝါရီလ ၃ ရက်။ ၂၀၂၅ နှစ်သစ်ကူးနေ့ ဇန်နဝါရီ ၁ ရက် မနက် က စပြီး တီးတိန်မြို့နယ် ကနေဒီတောင်ထိပ် အနောက်ဘက် တောင်ကြော တဝိုက်ရှိ ကလေး-တီးတိန် လမ်းပိုင်း တချို့မှာ ကွန်ဂရစ်လမ်းမ ပေါ်မှာ နှင်းများ ခဲနေခြင်းကြောင့် လမ်းချောကာ ယာဉ်သွားယာဉ်လာများလမ်းကြောင်း ထိန်းသိမ်းမောင်းနှင်ရန် ခက်ခဲတဲ့ပြဿနာများ ကြုံတွေ့ နေရတယ်လို့ ဒေသခံများ ထံမှ သိရှိရပါတယ်။ “နှစ်သစ်ကူးတဲ့ ညက စပြီး အအေးတွေ ပိုလာတယ်။ ကနေဒီတောင်ထိပ်ရဲ့ အနောက်ဘက် အောက်နား မှာ ရှိတဲ့ Dollam စခန်း တဝိုက်မှာ နှင်းတွေ ခဲတဲ့ အထိပဲ။ ရေတွေ ကွန်ဂရစ် လမ်းမပေါ် ခဲတော့ ချော နေပြီး ဆိုင်ကယ်တွေဆို…