တီးတိန်မြို့ပေါ်မှာ PDF – Zoland တပ်ဖွဲ့တွေသွားလာတာကို စစ်ကောင်စီတပ်ကမြင်ပြီး လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်တာတွေလုပ်ခဲ့
ဇန်နဝါရီလ ၁၀ ရက်။ ချင်းပြည်နယ်၊ တီးတိန်မြို့ပေါ်မှာ ဒီကနေ့ ဇန်နဝါရီလ ၁၀ ရက်နေ့မနက် ၇ နာရီ ဝန်းကျင်မှာ တီးတိန်မြို့နယ်အခြေစိုက် ချင်းလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ PDF – Zoland တပ်ဖွဲ့က လက်နက်တွေနဲ့ နယ်ဆင်းဖို့ သွားလာတာကို တီးတိန်မြို့မှာရှိတဲ့ စစ်ကောင်စီတပ် ခလရ (၂၆၉) တပ်ရင်းက မြင်ပြီး လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့ကြောင်းလူအထိအခိုက်မရှိကြောင်းသိရပါတယ်။ PDF – Zoland ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက “နယ်ဆင်းဖို့ သွားတဲ့ချိန်မှာဖြစ်သွားတာပါ လူအင်အား၊ လက်နက်အင်အားနဲ့ သွားတာသိလို့ သူတို့ (စစ်ကောင်စီ)ကကြောက်ပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသန်းပစ်ခတ်တာပါ”လို့ပြောပါတယ်။ စစ်ကောင်စီ ခလရ (၂၆၉) တပ်ရင်းက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး၊ လက်နက်ငယ်တွေကြောင့် လူနေအိမ်တချို့က အိမ်နံရံတွေ၊ ပြတင်းပေါက်မှန်တွေ ကွဲတာမျိုးတွေဖြစ်ပြီး လူအထိအခိုက်တော့…