မီဇိုရမ်ပြည်နယ်မှာ ၂၀၂၄ ခုနှစ်အတွင်း မူးယစ်ဆေးဝါးနဲ့ဆက်နွယ်ပြီး သေဆုံးသူ ၇၁ ဦးရှိပြီးမြန်မာနယ်စပ်ဖက်မှ မူးယစ်ဆေးရောင်းဝယ်ဖောက်ကားမှုအတွက် ကြီးမားတဲ့စိန်ခေါ်မှုရှိနေဆဲ
ဇန်န၀ါရီလ ၁၄ ရက်။ မီဇိုရမ်ပြည်နယ်မှာ ၂၀၂၄ ခုနှစ်အတွင်း မူးယစ်ဆေးဝါးနဲ့ဆက်နွယ်ပြီး သေဆုံးသူ ၇၁ ဦးရှိပြီးမီဇိုရမ်ပြည်နယ်နဲ့ နယ်နိမိတ်ရှည်ထိစပ်နေတဲ့ မြန်မာနိုင်ငံဖက်ကနေ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုအတွက် ကြီးမားတဲ့ စိန်ခေါ်မှုရှိနေဆဲဖြစ်တယ်လို့မီဇိုရမ်ပြည်နယ်ယစ်မျိုးနဲ့ မူးယစ်ဆေးဝါးဦးစီးဌာနရဲ့အစီရင်ခံစာအရသိရကြောင်း ဇန်နဝါရီလ(၁၃) ရက်နေ့မှာ The northeast Today မီဒီယာကဖော်ပြပါတယ်။ “ ၂၀၂၃ ခုနှစ်အတွင်း သေဆုံးသူဦးရေထက်စာရင် ဒီနှစ်စာရင်းမှာ ၇၄ ဦးသေဆုံးတာဟာသေဆုံးမှု အနည်းငယ်လျှော့သွားတယ်။ သေဆုံးသူအများစုကတော့ ဘိန်းဖြူသုံးစွဲမှုနဲ့အဓိကဆက်စပ်ပါတယ်” လို့ ဌာနရဲ့ပြောရေးဆိုခွင့်ရှိသူ Peter Zohmingthanga ကပြောပါတယ်။ မီဇိုရမ်ပြည်နယ်အစိုးရအနေနဲ့ ၁၉၈၄ ခုနှစ်ကစတင်ပြီး မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ပတ်သက်ပြီးသေဆုံးသူများစာရင်းကို သီးခြားထုတ်ပြန်ခဲ့ပြီး နောက်ဆုံးထုတ်ပြန်တဲ့ ၂၀၂၄ခုနှစ်အစီရင်ခံစာအထိ အမျိုးသမီး ၂၃၀ ဦးအပါအဝင် လူပေါင်း ၁၈၈၁ ဦးသေဆုံးသေဆုံးခဲ့တယ်လို့သိရပါတယ်။ မီဇိုရမ်ပြည်နယ်အတွင်း အရက်ယမကာများတရားမဝင်တင်သွင်းခြင်းနဲ့ရောင်းချခြင်း၊လိုင်စင်မပါပဲ မှောင်ခိုဖြင့်ဝယ်ယူသောက်သုံးခြင်းတွေကို တားမြစ်ထားပေမယ့်လည်းမကြာခင်နှစ်ပိုင်းများက ဘိန်းဖြူသုံးစွဲမှုပိုမိုမြင့်တက်လာပြီး…