Headlines

၂ နှစ် အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ကျော်သေဆုံးပြီး စစ်သုံ့ပန်းအဖြစ် ၁၅၀ ခန့် ဖမ်းဆီးရမိခဲ့တယ်လို့ CDF – Asho ပြောရေးဆိုခွင့်ရှိသူကဆို

ဇန်နဝါရီလ ၂၂ ရက်။ ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းနယ်စပ်ဒေသမှာ စစ်ကောင်စီနဲ့ တိုက်ခိုက်လာတဲ့ ၂ နှစ်တာအတွင်း စစ်ကောင်စီဘက်က ၂၀၀ ကျော်သေဆုံးပြီး စစ်သုံ့ပန်းအဖြစ် ၁၅၀ ခန့် ဖမ်းဆီးရမိခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ် – အရှို (CDF – Asho)တပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ CDF – Asho တပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူက “စစ်ကောင်စီနဲ့ တိုက်ပွဲပေါင်း ၂၅ ကျော်ဖြစ်ခဲ့တယ် အဲဒီမှာ စစ်ကောင်စီတပ်ဖွဲ့ဘက်က ၂၀၀ ကျော်သေဆုံးတယ်၊ စစ်သုံ့ပန်းအဖြစ် ၁၅၀ ခန့်ဖမ်းဆီးရမိတယ်၊ CDF – Asho ဘက်က ၁ ယောက်ကျတယ်၊ ၁ ဦးဒဏ်ရာရတယ်။ရခိုင်နဲ့ မကွေးနယ်စပ်မှာ စစ်ရေးလှုပ်ရှားရတာ ဆက်သွယ်ရေးပိုင်းမှာတော့ အခက်အခဲရှိတယ် ဒါကြောင့် အခုဆက်သွယ်ရေးစက်တွေဝယ်ဖို့ ကမ်ပိန်းလုပ်ထားပါတယ်၊ အာရက္ခတပ်တော် (AA) နဲ့လည်း…

Read More

CDF – Hualngoram အမည်ကို အလွဲသုံးစားလုပ်ပြီး ပြည်သူတွေကို ခြိမ်းခြောက်တာတွေ သတင်းမှားဖြန့်တာတွေကို ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်မယ်လို့ CDF – Hualngoram က ထုတ်ပြန်

ဇန်န၀ါရီလ ၂၂ ရက်။ ချင်းပြည်နယ်၊ ဟွာလ်းငိုးရမ်းဒေသအတွင်း CDF – Hualngoram အမည်ကို အလွဲသုံးစားလုပ်ပြီး ပြည်သူတွေကို ခြိမ်းခြောက်တာတွေ သတင်းမှားဖြန့်တာတွေကို ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်တော့မယ်လို့ CDF – Hualngoram က ဇန်နဝါရီလ ၂၁ ရက်နေ့ရက်စွဲနဲ့သတင်းထုတ်ပြန်ပါတယ်။ အိန္ဒိယ – မြန်မာနယ်စပ်မှာရှိတဲ့ ဟွာလ်းငိုးရမ်းဒေသထဲက ရိဒ်ခေါဒါရ်မြို့နယ်အတွင်း CDF – Hualngoram နာမည်တွေသုံးပြီး မူးရှုးသောင်းကြမ်းတာ၊ အဖွဲ့အစည်းနာမည်ပျက်အောင် တမင်ရည်ရွယ်ချက်တွေနဲ့ ပြည်သူတွေကို ခြိမ်းခြောက်တာတွေ ရှိလာတာကြောင့် အခုလို ထုတ်ပြန်ရတာလို့ CDF – Hualngoram က တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ “ကျနော်တို့က နယ်စပ်ဒေသဖြစ်တဲ့အခါကြတော့ ကျနော်တို့ဒေသမှာ နယ်အသီးသီးကလာတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေ တစ်ချို့က လက်နက်ပါတယ် တချို့ကလက်နက်မပါဘူးပေါ့နော် နယ်စပ်ဒေသဖြစ်တော့ အဝင်အထွက်များတော့ ကျနော်တို့က…

Read More

ဖလမ်းမြို့နဲ့ မြို့အနောက်ခြမ်းတွေကို ဒီနေ့မှာ စစ်ကောင်စီတပ်က လေကြောင်းကနေအပြင်းအထန်ဗုံးကြဲတိုက်ခိုက်

ဇန်နဝါရီလ ၂၂ ရက်။ ချင်းညီနောင်အဖွဲ့က မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နဲ့ မြို့ အနောက်ခြမ်းတွေကို စစ်ကောင်စီတပ်က ဒီကနေ့ ဇန်နဝါရီလ ၂၂ ရက်နေ့မှာဘဲ တိုက်လေယာဉ် ၂ စီး နဲ့ Y – 12 တွေအသုံးပြုကာ လေကြောင်းကနေ အပြင်းအထန် ၄ ကြိမ် ထက်မနည်းဗုံးကြဲတိုက်ခိုက်တာတွေ လုပ်သွားတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်ဆီကနေ သိရပါတယ်။ ဒေသခံ စစ်ရေးသတင်းရင်းမြစ်က “ထိခိုက်မှုတော့ မရှိဘူး Y – 12 က ကြဲတာများတယ် နေ့တိုင်းတော့ လေကြောင်းကနေ ကြဲတာမျိုးတော့ မဟုတ်ဘူး နောက်ဆုံးသူတို့ကြဲတာ ၁၈ ရက်နေ့ကပေါ့ ဒီကနေ့မှာ ပြန်ကြဲတာတွေ လုပ်နေတယ်” လို့ပြောပါတယ်။ မိထ္ထီလာရှမ်းတဲလေတပ်ကနေ MIG – 29…

Read More

စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် ၄ ဦး လက်နက်တွေနဲ့အတူ CDF – Hakha ထံ အလင်းဝင်

ဇန်နဝါရီလ ၂၁ ရက်။ ဟားခါးမြို့မှာတာဝန်ထမ်းဆောင်နေတဲ့စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် ၄ ဦးဟာ လက်နက်တွေနဲ့ အတူ Chinland Defence Force – Hakha (CDF – Hakha) ထံ CDM လုပ်ပြီး ပူးပေါင်းလာတယ်လို့ CDF – Hakha က ဒီကနေ့ ဇန်နဝါရီလ ၂၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အာဏာသိမ်းစစ်ကောင်စီ လက်အောက်မှာ တာဝန်မထမ်းဆောင်ချင်ဘဲ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့အတူ ပူးပေါင်းပါဝင်ချင်တယ်ဆိုပြီး ဟားခါးမြို့က ပြည်သူ့စစ် ၄ ဦးဟာ ဇန်နဝါရီလ ၈ ရက်နေ့နဲ့ ၁၄ ရက်နေ့တုန်းက လက်နက်တွေနဲ့အတူ (CDF – Hakha)ထံ လာရောက် ပူးပေါင်းခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။ အခုလို(CDF – Hakha)ထံ CDM…

Read More

မဏိပူရ်ပြည်နယ်မှာ နေထိုင်သူများအနေနဲ့ နောင်တွင် လူမျိုးရေးပြသနာကိုဆွေးနွေးအဖြေရှာခြင်းဖြင့် ဖြေရှင်းရန် ဝန်ကြီးချုပ်တိုက်တွန်း

ဇန်န၀ါရီလ ၂၁ ရက်။ အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်အတွင်းနေထိုင်ကြတဲ့ မျိုးနွယ်စုအားလုံးအနေနဲ့အချင်းချင်းကြားနားလည်မှုလွဲမှားတဲ့ကိစ္စရပ်များကို အကြမ်းဖက်နည်းလမ်းမဟုတ်ပဲဆွေးနွေးအဖြေရှာတဲ့နည်းလမ်းနဲ့ဖြေရှင်းပြီး လူမျိုးနွယ်စုတစ်ခုနဲ့တစ်ခုအကြား အသိအမှတ်ပြုကာနေထိုင်ကြရမှာဖြစ်တယ်လို့ ဇန်နဝါရီလ (၂၁) ရက်နေ့တွင်ကျရောက်တဲ့ ၅၃ နှစ်မြောက်မဏိပူရ်ပြည်နယ်နေ့မှာ ဝန်ကြီးချုပ် N Biren Singh ကတိုက်တွန်းပြောကြားခဲ့ပါတယ်။ ဝန်ကြီးချုပ်က “ နားလည်မှုလွဲမှားမှုတိုင်းကို အတူတကွ ဆွေးနွေးဖြေရှင်းသင့်တယ်။မသက်ဆိုင်တဲ့ ကိစ္စရပ်တွေကို ဆွေးနွေးပြီး ပြသနာကို လမ်းကြောင်းလွှဲဖို့ ကြိုးစားတာကိုရပ်လိုက်ကြရအောင်။ ကျွန်တော့်အနေနဲ့ ပြောချင်တာကတော့ မဏိပူရ်ပြည်နယ်အတွင်းတရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေကို မှန်မှန်ကန်ကန်ဖော်ထုတ်ပြီးမောင်းထုတ်ရမှာဖြစ်တယ်။ ပြည်နယ်အတွင်း မူလကတည်းက အခြေချနေထိုင်တဲ့မျိုးနွယ်စုအချင်းချင်း အသိအမှတ်ပြုပြီး အတူတကွ နေထိုင်ရန် လိုအပ်ပါတယ်”လို့ပြောပါတယ်။ မဏိပူရ်ပြည်နယ်အတွင်း နေထိုင်ကြတဲ့ ကသည်းလူမျိုးများနဲ့ ဇို-ကူကီးလူမျိုးနွယ်စုတို့အကြား၂၀၂၃ ခုနှစ် မေလက စတင်ပြီး လူမျိုးရေးအကြမ်းဖက်မှုများကြောင့် လူပေါင်း ၂၅၀ကျော်သေဆုံးပြီး လူပေါင်း ထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့အပြင်ဘာသာရေးအဆောက်အဦးပေါင်း ၃၈၆…

Read More

အိမ်သုံး၊အများပြည်သူအသုံးပြုရန်ကလွဲရင် သစ်သိုလှောင်ခွင့် Chinland Defence Force – Hakha Central Council ပိတ်ပင်

ဇန်နဝါရီလ ၂၁ ရက်။ မိမိသုံး၊ အိမ်သုံး၊ အများပြည်သူအသုံးပြုရန်ကလွဲပြီး တခြားမည်သည့် သစ်မှ သိုလှောင်ခွင့်မရှိကြောင်း အမိန့်စာထုတ်ပြန်တယ်လို့ Chinland Defence Force – Hakha Central Council (CDF-Hakha) က ဇန်နဝါရီလ ၂၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ဗဟိုမြေယာနဲ့ သစ်တောဌာနကို တရားဝင်အကြောင်းကြားခြင်း၊ မှတ်ပုံတင်ခြင်းမရှိတဲ့ သစ်တွေကို ဟားခါးမြို့အတွင်းသို့ ဇန်နဝါရီလ ၂၁ ရက်နေ့ကစလို့ သယ်ယူရောင်းဝယ်ခွင့်အား ပိတ်ပင်လိုက်ပြီး မလိုက်နာပါက မြို့နယ်ဥပဒေအတိုင်း အရေးယူဆောင်ရွက်မယ်လို့လည်း CDF-Hakha က ထုတ်ပြန်ထားပါတယ်။ တော်လှန်ရေးကာလအတွင်း စီးပွားရေး သစ်ရောင်းဝယ်ခြင်း၊ ထုတ်လုပ်ခြင်းအား ခွင့်မပြုကြောင်း မြို့နယ်က အမိန့်စာထုတ်ထားပြီးဖြစ်လို့ လိုက်နာခြင်းမရှိဘဲ မိမိသုံး၊ အိမ်သုံး၊ အများပြည်သူသုံးမှ လွဲ၍ အခြားမည်သည့်သစ်မှ သိုလှောင်ခွင့် မရှိကြောင်း…

Read More

“အမေရိကန်ရဲ့ ရွှေရောင်ခေတ်ကို အခု ပြန်စပါပြီ “အမေရိကန်သမ္မတဒေါ်နယ်ထရမ့်

“ အမေရိကန်ရဲ့ ရွှေရောင်ခေတ်ကို အခု ပြန်စပါပြီ။ ဒီနေ့ကစလို့ ကျနော်တို့ တိုင်းပြည်ဟာ ပွင့်လင်းပြီး တကမ္ဘာလုံးက လေးလေးစားစား ဆက်ဆံခံရတဲ့တိုင်းပြည် ပြန်ဖြစ်လာပါမယ်။ နိုင်ငံတိုင်းက အားကျရပြီး၊ ကျနော်တို့ကို ဘယ်လိုမှ အမြတ်ထုတ် အခွင့်အရေး ယူတာမျိုး ခွင့်မပြုနိုင်တော့ပါဘူး။ Trump အစိုးရလက်ထက် နေ့စဉ်တိုင်းမှာ အမေရိကန်ကသာ ပထမဦးစားပေး ဆိုတာ ရှင်းရှင်းလင်းလင်း ဖြစ်ရပါမယ်။ကျနော့်အနေနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်သူနဲ့ ညီညွတ်ရေးသမားအဖြစ် ဂုဏ်ယူစွာနဲ့ သမိုင်းအမွေထားရစ်ပါမယ်။ မနေ့က ပြောသလိုပါပဲ ကျနော် သမ္မတတာဝန် မယူခင် တရက်မှာပဲ အရှေ့အလယ်ပိုင်းက ဓါးစာခံတွေ လွတ်မြောက်လာပြီး သူတို့ မိသားစုတွေဆီ ပြန်သွားကြပါပြီ။” အမေရိကန်သမ္မတဒေါ်နယ်ထရမ့် ဇန်နဝါရီလ ၂၀ ရက်မှာ ဝါရှင်တန်ဒီစီ မြို့တော်ရဲ့ လွှတ်တော် အဆောက်အအုံမှာ ကျင်းပခဲ့တဲ့ ကျမ်းသစ္စာ…

Read More

ခမ်းပတ်မြို့ကို ဒီညမှာ စစ်ကောင်စီက လေကြောင်းကနေ ထပ်မံတိုက်ခိုက်

ဇန်နဝါရီလ ၂၀ ရက်။ ပြီးခဲ့တဲ့ ရက်ပိုင်းကဘဲ စစ်ကောင်စီကလေကြောင်းနဲ့တိုက်ခိုက်ခဲ့လို့ အရပ်သားထိခိုက် သေဆုံးတာတွေ ရှိခဲ့တဲ့ စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ခမ်းပတ်မြို့ကို ဒီကနေ့ ဇန်နဝါရီ ၂၀ ည (၇) နာရီဝန်းကျင််လောက်မှာ စစ်ကောင်စီက လေကြောင်းနဲ့ ၂ ကြိမ်တိုက်ခိုက်သွားခဲ့တယ််လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဒေသခံတစ်ဦးပြောတာက “ခမ်းပါတ်မြို့အဝင် မြို့ရဲ့တောင်ဘက် နန်းကတိတ်ရွာနားကို လေကြောင်းကနေ ၂ ကြိမ် ခိုက်သွားတယ်လို့ သိရတယ် ထိခိုက်၊ ကျဆုံး တွေတော့ မသိရသေးဘူး” လို့ပြောပါတယ်။ ခမ်းပတ်မြို့ကို တံတားဦးလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာ ၂ စီးနဲ့ ဒီည (၇) နာရီဝန်းကျင်လောက်မှာ လေကြောင်းကနေ ၂ ကြိမ်တိုက်ခိုက်တာလို့ ဒေသခံတစ်ချို့ကပြောပါတယ် ထိခိုက်ဒဏ်ရာရ တာတွေနဲ့ ပက်သက်တဲ့ အသေးစိတ်ကိုတော့…

Read More

ရခိုင်ပြည်၊မောင်တောမြို့နယ်မှာ အသက်မပြည့်သေးတဲ့ ကလေးအပါအဝင် မြိုအမျိုးသား ၉၀ ကျော် စစ်မှုထမ်းဖို့ AA ဖမ်းဆီး

ဇန်နဝါရီလ ၂၀ ရက်။ အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောမြို့နယ်၊ မြိုကျေးရွာ ၁၀ ရွာခန့်က အသက်မပြည့်သေးတဲ့ ကလေးတွေအပါအဝင် မြိုတိုင်းရင်းသား အမျိုးသား ၉၁ ဦးကို AA က စစ်မှုထမ်းဖို့အတွက် ၂၀၂၄ ခုနှစ်၊ဒီဇင်ဘာလ ၂၄ ညကစပြီး အခုအချိန်အထိအတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ AA ဖမ်းဆီးခေါ်ဆောင်သွားတဲ့အထဲမှာ အိမ်ထောင်ဦးစီးတွေ၊ မိဘလုပ်ကျွေးသူတွေ၊ ကျောင်းသားတွေ၊ ကျန်းမာရေးချို့ယွင်းတဲ့သူတွေလည်းပါဝင်ပြီး ၎င်းတို့ဟာ အသက်အရွယ်အားဖြင့် အသက် ၁၃ နှစ်မှ ၅၀ ကျော်အရွယ်တွေဖြစ်ကြပါတယ်။ “ညဘက် လူအိမ်မော့ကျတဲ့အချိန် AA ရဲဘော်တွေက ယူနီဖောင်းတွေ၊ သေနတ်တွေနဲ့ တစ်အိမ်တက်ဆင်း လာဖမ်းဆီးသွားတာပါ။ တချို့တွေဆို တစ်အိမ်မှာနှစ်ယောက်ပါသွားတဲ့သူတွေလည်းရှိတယ်။ အသက်မပြည့်တဲ့ကလေးတွေရော့၊ အသက်ကြီးပိုင်းတွေရော့ပါ အကုန်ခေါ်သွားတာ။ အခုအဆက်သွယ်လည်း…

Read More