Headlines

UFC ချင်းလူငယ် ဖိုက်တာ Joshua Van နဲ့ ဘရာဇီးဖိုက်တာတို့ မတ်လ ၈ ရက်မှာ ယှဉ်ပြိုင်ထိုးသတ်မယ်

ဇန်နဝါရီလ ၃ ရက်။ UFC ချင်းလူငယ်ဖိုက်တာ Joshua Van ဟာ လာမယ့် မတ်လ (၈) ရက်နေ့မှာ အသက် ၃၅ နှစ်အရွယ် ဘရာဇီး ဖိုက်တာ Bruno Silva နဲ့ ယှဉ်ပြိုင်ထိုးသတ်မှာဖြစ်ကြောင်း Joshua Van က ဒီကနေ့ ဇန်နဝါရီလ ၃ ရက်နေ့မှာ သူ့ရဲ့လူမှုကွန်ယက် ဖေ့ဘုတ်ကနေ တဆင့်ဖော်ပြထားပါတယ်။ Joshua Van နဲ့ ယှဉ်ပြိုင်ထိုးသတ်မယ့် ဘရာဇီးဖိုက်တာ Bruno Silva ဟာ ပွဲပေါင်း ၁၄ ပွဲနိုင် ၆ ပွဲရှုံး၊ ၂ ပွဲ သရေကျထားတဲ့ ကစားသမားဖြင့်ပြီး UFC Flyweight အဆင့် ၁၃ နေရာမှာ ရပ်တည်ထားသူဖြစ်ပြီး အလွန်တော်တဲ့…

Read More

နှစ်သစ်ကူးညမှာ ကလေးမြို့ ကြုံ့သုံးပင်ရပ်ကွက်က သက်တမ်း နှစ် ၆၀ ကျော်ရှိတဲ့အထကကျောင်းဆောင်မီးလောင်ပြာကျခဲ့

ဇန်နဝါရီလ ၂ ရက်။ ဒီဇင်ဘာလ ၃၁ ရက်နေ့ နှစ်သစ်ကူးည ၇ နာရီခန့်က စပြီး ကလေးမြို့ ကြုံ့သုံးပင်ရပ်ကွက်က သက်တမ်း နှစ် ၆၀ ကျော်ရှိတဲ့အထကကျောင်းဆောင်မီးလောင်ပြာကျခဲ့ကြောင်း၊မီးလောင်ပြာကျသွားတဲ့ ကြုံ့သုံးပင် ရပ်ကွက်ရှိ တွဲဖက် အထက်တန်း ကျောင်းဆောင်ဟာ ၁၉၆၀ ခန့်မှာ တည်ဆောက်ခဲ့တဲ့ ပျဉ်ထောင် နှစ်ထပ် ကျောင်းဆောင် ဖြစ်ကာ နှစ်ပေါင်းစွာ ကလေးမြို့ဒေသခံများပညာသင်ခဲ့ရာကျောင်းမီးလောင်တာဖြစ်လို့စိတ်မကောင်းဖြစ်ရကြောင်း ကလေးမြို့ ဒေသခံများရဲ့ ပြောပြချက်အရ သိရှိရ ပါတယ်။ “အရင် Seventh Day Adventist အသင်းတော်ရဲ့ ကျောင်း ပါ။ ပြည်သူပိုင် သိမ်းတော့ အစိုးရ ကျောင်း ဖြစ်သွား တာပါ။ မီးလောင်တဲ့ အဆောင် ကို ၁၉၆၀ လောက်က SDA အသင်းတော်ကနေ…

Read More

မြို့သိမ်းတိုက်ပွဲတွေ ဆက်လက်ပြီး ဆင်နွဲသွားဖို့ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) တိုက်တွန်း

ဇန်နဝါရီလ ၂ ရက်။ ချင်းပြည်သူတွေ လိုလားတောင့်တတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ချင်းပြည်သစ် ထူထောင်နိုင်ရေး သန္နိဌာန်နဲ့ မဆုတ်မနစ် ဆက်လက်ပြီး မြို့သိမ်းတိုက်ပွဲတွေ ဆင်နွဲသွားဖို့ တိုက်တွန်းတဲ့အကြောင်း ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) ရဲ့ ဇန်နဝါရီလ (၁) ရက်နေ့ နှစ်သစ်ကူးသဝဏ်လွှာမှာ တိုက်တွန်းထားပါတယ်။ ၂၀၂၅ ခုနှစ်ဟာ ချင်းတစ်မျိုးသားလုံးအတွက် အပြီးသတ်အောင်ပွဲခံမည့်နှစ် ဖြစ်စေဖို့ အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ကြောင်းနဲ့ ပြည်သူပြည်သားအားလုံး ဘေးရန်ကင်း၍ ကျန်းမာလုံခြုံစွာ အောင်ပွဲများနဲ့အတူ ပါဝင်ဆင်နွှဲနိုင်ပါစေလို့လည်း ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံ ကောင်စီ(ICNCC) က ဆိုပါတယ်။ ချင်းလက်နက်ကိုင် (၆) ဖွဲ့ဖြစ်တဲ့ ချင်းကာကွယ်ရေး – မင်းတပ် (CDF – Mindat)၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF)၊ ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU/ PDF – Zoland)၊ ချင်းကာကွယ်ရေးတပ်…

Read More

မြို့သိမ်းတိုက်ပွဲဖြစ်ပွားလာမှာ စိုးရိမ်ပြီး တီးတိန်မြို့ခံပြည်သူများ ပစ္စည်းများ စတင်ရွေ့ပြောင်းနေကြ

ဇန်နဝါရီလ ၁ ရက်။ တီးတိန်မြို့မှာ ချင်းညီနောင် အဖွဲ့မှ မြို့သိမ်း တိုက်ပွဲ ဖော်ဆောင်လာမှာကို စိုးရိမ်ပြီး ဒီဇင်ဘာလ ၂၉ ရက်နေ့ကစပြီး တီးတိန်မြို့ခံပြည်သူအတော်များများဟာ ၄င်းတို့ပိုင် ပစ္စည်းများကို တခြား လုံခြုံတဲ့ ဒေသများ နှင့် ကျေးလက်ဒေသများသို့ ရွေ့ပြောင်း နေကြကြောင်း တီးတိန်မြို့ခံ များ ထံမှ သိရှိရပါတယ်။ “ခရစ္စမတ်နေ့ နောက်ပိုင်းမှာ ပစ္စည်းရွေ့တာပါ။ လူတွေကတော့ စွန့်ခွာ ရွေ့ပြောင်းတာမျိုး သိပ်တော့ မရှိသေးဘူး။ လေးလံတာရယ်၊ ဝန်ကျယ်တာရယ် ကြောင့် ရွေ့ပြောင်း ရ ခက်ခဲတဲ့ ပစ္စည်းတွေ ရွေ့ကြတာ ပိုများ ပါတယ်” လို့ တီးတိန်မြို့ခံ တစ်ဦးက ပြောပြပါတယ်။ ဒီဇင်ဘာလကုန်ပိုင်းမှာ မင်းတပ် နှင့် ကန်ပက်လက် မြို့ နှစ်ခုကို…

Read More

၂၀၂၄ သန်းခေါင် စာရင်းမှာချင်းပြည်နယ်လူဦးရေကို ၃ သိန်း ၇ သောင်းကျော်သာဖော်ပြပြီး ၁၀ နှစ် အတွင်း ချင်းပြည်နယ် လူဦးရေ ၁ သိန်းကျော် လျော့ကျ

ဇန်နဝါရီလ ၁ ရက်။ ၂၀၂၄ ခုနှစ် ဒီဇင်လာလ ၃၁ ရက်နေ့မှာ အာဏာသိမ်းစစ်ကောင်စီမှ ထုတ်ပြန်သော ၂၀၂၄ ခုနှစ် လူဦးရေ နှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းရဲ့ ရှေ့ပြေး လူဦးရေ စာရင်း အစီရင်ခံမှာ ချင်းပြည်နယ် လူဦးရေကို ၃၇၃,၀၂၄ ဦး အဖြစ် ဖော်ပြထားရာ လွန်ခဲ့သော ၁၀ နှစ်က ပြုလုပ်ခဲ့တဲ့ ၂၀၁၄ သန်းခေါင်စာရင်း အရ ဖော်ပြထားသည့် ၄၇၈,၈၀၁ နှင့် ယှဉ်ကြည့်ပါက လူဦးရေ ၁ သိန်း နှင့် ၅ ထောင်ကျော် လျော့ကျ သွားကြောင်း တွေ့ရှိရပါတယ်။ ၂၀၂၄ ခုနှစ် လူဦးရေ နှင့် အိမ်အကြောင်းအရာ သန်းခေါင် စာရင်းမှ ရရှိသော ရှေ့ပြေး လူဦးရေ…

Read More

၂၀၂၅ ခုနှစ်ဟာ ချင်းအမျိုးသားစည်းလုံးညီညွှတ်ရေး အုတ်မြစ်ချနိုင်တဲ့ နှစ်ဖြစ်ဖို့ အားလုံးကြိုးစားကြရန် Chinland Council ဥက္ကဌ Pu Zing Cung မှတိုက်တွန်း

ဇန်နဝါရီလ ၁ ရက်။ ၂၀၂၅ ခုနှစ်ဟာ ချင်းအမျိုးသားစည်းလုံးညီညွှတ်ရေး အခိုင်အမာ အုတ်မြစ်ချနိုင်တဲ့ နှစ် ဖြစ်ဖို့ အားလုံးစုပေါင်း ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းလိုတယ်လို့ ဒီကနေ့ ဇန်နဝါရီလ ၁ ရက်နေ့ Chinland Council ရဲ့ နှစ်သစ်ကူး သဝဏ်လွှာမှာ Chinland Council ဥက္ကဌ Pu Zing Cung ကတိုက်တွန်းပြောကြားသွားပါတယ်။ ချင်းလူမျိုးတွေအကြား အမြင်မတူညီမှုတွေရှိခဲ့ပါက ဆွေးနွေးညှိနှိုင်းပြီး အဖြေရှာရပါမယ် အားလုံးလက်ခံနိုင်တဲ့ အဖြေရှာဖွေခြင်းဖြင့် Chinland ပြည်သူများအကြား အမြင်ကင်းကင်းရှင်းရှင်းနဲ့ Chinland တည်ဆောက်ရေးကို ဖော်ဆောင်ကြရမှာဖြစ်ပြီး ဒါဟာ အောင်မြင်မှုရဲ့ သော့ချက်လို့ နှစ်သစ်ကူး သဝဏ်လွှာမှာ ချင်းလဲန်းကောင်စီ (CC) ဥက္ကဌ Pu Zing Cung ကဆိုပါတယ်။ ဒီကနေ့ စစ်အာဏာရှင်စနစ်ကို…

Read More