Headlines

စစ်ကောင်စီက ကျင်းပရန် ကြံစည်နေသောအတုအယောင်ရွေးကောက်ပွဲကို မည်သည့်နည်းနှင့်မျှ အသိအမှတ်မပြု၊ ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန် NLDပါတီထုတ်ပြန်

စစ်ကောင်စီက ကျင်းပရန် ကြံစည်နေသော အတုအယောင်ရွေးကောက်ပွဲကို မည်သည့်နည်းနှင့်မျှ အသိအမှတ်မပြု၊ ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန် စသည့်အချက်များအပါအဝင် ဆုံးဖြတ်ချက် (၁၄) ချက်ကို ပါတီအစည်းအဝေးမှာကန့်ကွက်သူမရှိ အတည်ပြုချမှတ်နိုင်ခဲ့ကြောင်း ဒီကနေ့ ဩဂုတ်လ ၃၁ ရက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီကထုတ်ပြန်ပါတယ်။ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၃၁ ရက်နေ့ နံနက် ၉ နာရီအချိန်တွင်အမျိုးသားဒီမိုကရစီအဖွဲ့ချုပ် ဒုတိယဗဟိုကော်မတီ၏ ကြားကာလစတုတ္ထအကြိမ် အစည်းအဝေး ကို Zoom မှတစ်ဆင့် ကျင်းပခဲ့ရာ၊အစည်းအဝေးသို့ သဘာပတိအဖွဲ့ဝင် (၁) ဦး၊ ဗဟိုကော်မတီဝင်(၄၀) ဦး၊ အရံဗဟိုကော်မတီဝင် (၁၁) ဦး၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အလုပ်အမှုဆောင်(၂၁) ဦး၊ ဗဟိုရေးရာကော်မတီများမှ (၂၀) ဦး စုစုပေါင်း (၉၃) ဦး တက်ရောက်ခဲ့ကြောင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီကထုတ်ပြန်ပါတယ်။ စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသော မြန်မာ့နိုင်ငံရေးပြဿနာများကို ဖြေရှင်းရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ…

Read More

မင်းတပ်မြို့နယ်က ကျေးရွာ ၁ ရွာကို စစ်ကောင်စီက လေကြောင်းနဲ့တိုက်ခိုက်မှုကြောင့် ဒေသခံနေအိမ်တချို့ ထိခိုက်ပျက်စီး

ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်းက ကျေးရွာတစ်ရွာကို စစ်ကောင်စီက ဒီကနေ့ ဩဂုတ်လ ၃၁ ရက် မနက်အစောပိုင်း သုံးနာရီလောက်မှာ ဂျက်ဖိုက်တာနဲ့ တိုက်ခိုက်ခဲ့လို့ ဒေသခံပြည်သူတွေရဲ့နေအိမ်တချို့ ထိခိုက်ပျက်စီးသွားတယ်လို့ မင်းတပ် ဒေသခံတွေဆီကနေ သိရပါတယ်။ မင်းတပ်မြို့ကိုတိုက်တော့မယ် ဆိုတဲ့ သတင်းတွေကြောင့် စစ်ကောင််စီတပ်ဖွဲ့ဘက်က ကြိုတင်ခုခံကြတဲ့ အနေနဲ့ နေ့စဉ် ဒရုန်းဗုံးကြဲတာ၊ ဂျက်ဖိုက်တာနဲ့ နေ့တိုင်းလာပစ်ခတ်နေတာဖြစ်တယ်လို့ စစ်ရေးအခြေအနေ သိရှိတဲ့ မင်းတပ်ဒေသခံတစ်ဦးကပြောပါတယ်။ စစ်ရေးအခြေအနေ သိရှိတဲ့ မင်းတပ်ဒေသခံတစ်ဦးက “မင်းတပ်မြို့ကို တိုက်မယ်လို့ သတင်းရလို့ ကြိုတင်ခုခံကြတဲ့ သဘောနေမှာပါ၊ ကျတော်တို့တပ်ဖွဲ့တွေက အရင်ကတည်းက မြို့အနီးအနားကို စိုးမိုးပြီးသားပါ အခုက မြို့အနီးအနားတွေမှာ စကစ ဘက်က အင်အားထပ်တိုးထားပြီး စုဖွဲ့လေ့ကျင့်မှုတွေ လုပ်လေ့ရှိတာကြောင့် အကြောက်လွန်ပြီး ရမ်းပစ်နေကြတာနေမှာပါ သူတို့နောက်ကျောက မတူပီဗျူဟာလည်း ကျသွားပြီဆိုတော့ တချို့စစ်သားတွေက…

Read More

အဆိုတော် Benjamin Sum မင်းသားနေရာ သရုပ်ဆောင်တဲ့ “Ka Nihna A Ni lo” (ငါ့ဖြစ်တည်မှုမဟုတ်ဘူး)ရုပ်ရှင်ဇာတ်ကားပြသ

မြန်မာနိုင်ငံက နာမည်ကျော်အဆိုတော် Benjamin Sum ပထမဆုံးပါဝင်သရုပ်ဆောင်တဲ့ရုပ်ရှင်ဇာတ်ကား “Ka Nihna A Ni lo” (ငါ့ဖြစ်တည်မှုမဟုတ်ဘူး) ရုပ်ရှင်ဇာတ်ကားကို သြဂုတ်လ ၂၉ ရက်နေ့မှာ အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်၊အိုက်ဇောလ်မြို့ကဗန်နပါခန်းမ (Vanapa Hall) မှာ ပြသခဲ့ပြီဖြစ်ကာ အဲ့ဒီရုပ်ရှင်ကို အွန်လိုင်း App တစ်ခုဖြစ်တဲ့ Lersia App မှာ အခကြေးငွေပေးကာ ကြည့်ရှုလို့ရပြီဖြစ်ပါတယ်။ အချစ်နဲ့ ပညာပေးအပိုင်းကို အသားပေး ပုံဖော်ရိုက်ကူးထားတဲ့ဇာတ်လမ်းဖြစ်တဲ့ဒီရုပ်ရှင်ဇာတ်လမ်းကို မီဇိုးဘာသာစကားနဲ့သရုပ်ဆောင် ရိုက်ကူးထားတာဖြစ်ကာ Benjamin Sum က မင်းသားနေရာကနေသရုပ်ဆောင်ထားပြီး နောက်ပိုင်းမှာ ဒီရုပ်ရှင်ကို ဟားခါး၊ ဖလမ်း နဲ့ဇိုမီးတို့နဲ့လည်း အသံအစားထိုးပြီးလုပ်ဆောင်သွားဖို့ရှိတယ်လို့သိရပါတယ်။ Benjamin Sum ရဲ့ပထမဆုံးရုပ်ရှင်ကားနဲ့ပတ်သက်ပြီး “ကျွန်တော်ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားလေးထွက်ရှိလို့လာပါပြီခင်ဗျ။ဒီနေ့အထိချစ်ခင်အားပေးကြသောသူအယောက်စီတိုင်းကိုကျေးဇူးတင်ကြောင်းကိုလည်း ပြောပါရစေခင်ဗျ။ရှေ့ဆက်လျှောက်လှမ်းမယ့်အနုပညာလမ်းကြောင်းမှာ အတူပါရှိနေပေးကြဖို့ကိုလည်းဖိတ်ခေါ်ချင်ပါတယ်ဗျ။” လို့ နာမည်ကျော်အဆိုတော် Benjamin…

Read More

မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် အမေရိကန်နိုင်ငံမှာ ချင်းလူထုနဲ့တွေ့ဆုံဖို့ထွက်ခွါ

အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် Pu Lalduhoma ဟာ အမေရိကန်ပြည်ထောင်စုက ချင်းလူထုနှင့်တွေ့ဆုံပွဲတက်ရောက်ဖို့အတွက် ဒီနေ့ဩဂုတ်လ ၃၀ ရက်နေ့မှာ မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့မှ စတင်ထွက်ခွါသွားပြီဖြစ်ကြောင်း မီဇိုရမ်ပြည် သတင်းဖော်ပြချက်အရသိရပါတယ်။ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်Pu Lalduhoma ဟာချင်းလူမျိုးအများစုနေထိုင်ကြတဲ့ အမေရိကန်နိုင်ငံ၊အင်ဒီယားနားပြည်နယ်မှာ စက်တင်ဘာလ ၄ ရက်နေ့မှာ ချင်းလူထုနှင့်တွေ့ဆုံမှာဖြစ်ပါတယ်။ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်Pu Lalduhoma ဟာ အမေရိကန်ခရီးစဉ်အတွင်းမှာ အမေရိကန်ပြည်ထောင်စုမြို့တော်ဝါရှင်တန်ဒီစီက အမေရိကန်အစိုးရဌာနတာဝန်ရှိသူများနှင့်လည်း တွေ့ဆုံရန်စီစဉ်ထားကြောင်းမီဇိုရမ်ပြည်သတင်းမှာဖော်ပြချက်အရသိရပါတယ်။ ၂၀၂၁ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် မတည်ငြိမ်မှုနဲ့မလုံခြုံမှုတွေကြောင့် ချင်းပြည်နယ်က ချင်းလူမျိုး ၅ သောင်းခန့်ဟာ နယ်နမိတ်ထိစပ်နေတဲ့ အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်ဆီထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

Read More

ဟားခါးမြို့မှာ ဆိုင်ကယ်တစ်စီးကို အမျိုးသား ၂ ဦး စီးတာမျိုးတွေ့ရင် ရိုက်နှက်ခံရပြီး ဒဏ်ကြေးငွေများစွာပေးဆောင်ခိုင်းတာ ၁ လ ခန့်ရှိလာ

ချင်းပြည်နယ်ဟားခါးမြို့မှာ ဆိုင်ကယ်တစ်စီးကို အမျိုးသား ၂ ဦးစီးလာတာမျိုးတွေ့ရင် စစ်ကောင်စီတပ်က ရိုက်နှက်ပြီး ဒဏ်ကြေးငွေတွေ ပေးဆောင်ခိုင်းတာ ၁ လ ခန့်ရှိလာတယ်လို့ ဟားခါးမြို့ဒေသခံတစ်ဦးဆီကနေ သိရပါတယ်။ ဟားခါးမြို့ဒေသခံတစ်ဦးပြောတာက “ဆိုင်ကယ်တစ်စီးကို အမျိုးသား ၂ ဦးစီးလာတာမျိိုးတွေ့ရင် ပါးတွေ၊ နားတွေ ရိုက်ပြီး ပိုက်ဆံပေးဆောင်ခိုင်းတာမျိုး လုပ်တယ်ပေါ့ ပိုက်ဆံကိုတော့ ၅ သိန်းကနေ ၈ သိန်းအထိ ပေးခိုင်းတယ်။ အဲလိုမျိုး လုပ်တာ အခုဆို တစ်လလောက်ရှိတော့မယ်။ ဖမ်းဆီးပြီး အချုပ်ထဲထည့်တာမျိုးတော့ မလုပ်ဘူး” လို့ပြောပါတယ်။ ချင်းပြည်နယ် ဟားခါးမြို့နဲ့ ဖလမ်းမြို့မှာ စစ်ကောင်စီက လုံခြုံရေးအကြောင်းပြပြီး ဆိုင်ကယ်တစ်စီးကို အမျိုးသား ၂ ဦးစီးနင်းတာနဲ့ အမျိုးသမီးနောက်မှာ အမျိုးသား လိုက်ပါစီးနင်းတာမျိုးတာမျိုးကို မလုပ်ဖို့ ဇူလိုင်လ ၁၁ ရက်နေ့က ဒေသန္တရ…

Read More

Increased Displaced Population in Kale Town Creates Housing Rental Challenges

Many residents are returning to Kale Town, Sagaing Region, and the increasing number of displaced people(IDPs) in Kale Town from various regions has made finding rental housing difficult, according to residents. Due to the junta’s frequent attacks on villages in Kale Township using heavy weapons, the IDP population in Kale Town has increased. Many villagers…

Read More

စစ်ဘေးရှောင်တွေ များလာတဲ့ ကလေးမြို့ပေါ် မှာ အိမ်ဌားဖို့အိမ် ရှာရခက်လာ 

 ချင်းတောင်ခြေ ၊စစ်ကိုင်းတိုင်း ကလေးမြို့ပေါ်မှာ ဒေသခံပြည်သူအများစု ပြန်လာနေထိုင်လာကြသလို အနယ်နယ်အရပ်ရပ်က စစ်ဘေးရှောင်လာတဲ့သူတွေ များလာလို့ အိမ်ဌားဖို့အိမ် ရှာရခက်လာတယ်လို့ ကလေးမြို့ဒေသခံတွေဆီကနေ သိရပါတယ်။   ကလေးမြို့နယ်အတွင်း ကျေးရွာတွေကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာမျိုးတွေလုပ်လေ့ရှိတာတွေကြောင့်လည်း ရွာကနေ ပိုလုံခြုံမယ်ထင်တဲ့ မြို့ပေါ်ကို ပြောင်းရွှေ့နေထိုင်လာကြသူတွေနဲ့ ချင်းတောင်ဘက်ကနေ စစ်ဘေးရှောင်လာတဲ့သူတွေ များလာတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။  ကလေးမြို့ဒေသခံတစ်ဦးက “တချို့ရွာတွေဆို တိုက်ပွဲမရှိရင်တောင် လက်နက်ကြီးနဲ့အချိန်မရွေး ပစ်ခတ်တိုက်ခိုက်ခံနေရသေးတယ်လေ အဲဒါတွေကြောင့် ပိုလုံခြုံမယ်ထင်တဲ့ မြို့ပေါ်မှာ အိမ်အဌားရှာပြီးနေကြတာများတယ်။နောက်ပြီး ချင်းတောင်ဘက်ကနေ လာတဲ့စစ်ဘေးရှောင်တွေလည်း များလာတယ်။ အိမ်ဌားစျေးတွေလည်း တက်လာတယ် မြို့ပြင်ဘက်က အရင်တစ်လကို ၁ သိန်းနဲ့ ဌားတဲ့ဟာ အခုဆိုရင် ၁ သိန်းခွဲနဲ့ ဌားတယ်ပေါ့ တချို့ဆိုရင် အိမ်ဌားစရာမတွေ့လို့ ရှာနေကြရသူတွေလည်း များတယ်” လို့ Chin World…

Read More

ချင်းပြည်နယ်မှာ ဘုရားကျောင်းမှာဝတ်ပြုနိုင်ခြင်းသည် ဒေသတွင်းတည်ငြိမ်အေးချမ်းမှု ရှိခြင်းကြောင့် ဖြစ်ပါသလား??

ကိုဇံ (ချင်းတောင်) တော်လှန်ရေး အင်အားစုများ မြို့တွင်းမှ ဆုတ်ခွာ ခဲ့အပြီး စစ်ကောင်စီမှ ပြန်လည် ထိန်းချုပ်ခဲ့သည့် တီးတိန်မြို့ရှိ ဘုရားကျောင်း အသီးသီး၌ တနင်္ဂနွေနေ့များတွင် ဝတ်ပြုကိုးကွယ်လာနိုင်ခြင်း နှင့် ပတ်သက်ပြီး တီးတိန်မြို့မှ သင်းအုပ်ဆရာတစ်ပါး က “လက်ရှိမှာတော့ တနင်္ဂနွေနေ့ ဝတ်ပြုကိုးကွယ်ခြင်းကိုတော့ ကောင်းကောင်း ဝတ်ပြုလို့ရပါတယ်။ ဒါ ပေ မယ့်လွတ်လွတ်လပ်လပ် ပြုလုပ်ခဲ့တာလို့ မခံစားရဘူး။ လူစုလူဝေးဖြစ်တဲ့အ ခါကြတော့ အနည်းအများ ဆူညံမှုတွေ ရှိတယ်။ တခုခု ဖြစ်သွားမှာကို အမြဲတမ်း စိတ်ပူရတယ်။ တခါတလေဆို ဝတ်ပြုကိုးကွယ်တဲ့ အချိန်မှာတင် ဘုရားကျောင်း အပြင်ဘက်တွေမှာ စစ်သားတွေ လှည့်လည် သွားလာ နေခဲ့တယ်လေ” ဟု လက်ရှိ ဝတ်ပြုမှု အခြေအနေကို Chin World Media…

Read More

မင်းတပ်မြို့ပေါ်မှာ စစ်ကောင်စီက ခုခံစစ်အတွက်ပြင်ဆင်နေကာ လေကြောင်းကနေ နည်းပညာပစ္စည်းတွေ ထပ်ဖြည့်နေတာဖြစ်နိုင်တယ်လို့ သိရ

စစ်ရေးတင်းမာနေတဲ့ မင်းတပ်မြို့ပေါ် မှာ စစ်ကောင်စီက ခုခံစစ်အတွက်ပြင်ဆင်နေကာ ခလရ ၂၇၄ တပ်ရင်း ကို စစ်ကောင်စီလေကြောင်းကနေ ဒီကနေ့ သြဂုတ်လ ၂၈ ရက်နေ့ မနက်ပိုင်းမှာ ခဲယမ်း/ရိက္ခာတွေ လေကြောင်းသုံးပြီး ချပေးခဲ့ကြောင်း၊စစ်ကောင်စီကလေကြောင်းကနေ ချပေးလိုက်တဲ့ ရိက္ခာတွေဟာ နည်းပညာပစ္စည်းတွေ ဖြစ်ဖို့များတဲ့ကြောင်း စစ်ရေးအခြေအနေသိရှိတဲ့ မင်းတပ််မြို့ဒေသခံတစ်ဦးက သုံးသပ်ပြောဆိုပါတယ်။ စစ်ရေးအခြေအနေသိရှိတဲ့ ဒေသခံတစ်ဦးက “ကျနော်တို့ ယူဆတာကတော့ လိုအပ်တဲ့ နည်းပညာပစ္စည်းတွေဘဲ ဖြစ်ဖိို့များပါတယ် နည်းပညာပစ္စည်းတွေကိုဘဲ ထပ်ထပ်ပြီး ဖြည့်နေတဲ့ သဘောထင်ပါတယ်။ စစ်ရေးအခြေအနေက ရှုပ်ထွေးနေတဲ့ အခြေအနေမှာ ရှိတယ်။ ရိက္ခာကို သူတို့ ရချင်ရမှာပါ” လို့သူကပြောပါတယ်။ လက်ရှိ မင်းတပ်မြို့ပေါ်မှာ စစ်ကောင်စီတပ်အင်အား အနည်းဆုံး ၆၀၀ ဝန်းကျင်ခန့်ရှိပြီး ခုခံစစ်အတွက်အဓိကပြင်ဆင်နေသလို ဒရုန်း၊ လက်နက်ကြီး၊ လေကြောင်းကနေ မြို့…

Read More