Headlines

ချင်းပြည် (Chinland) လွှတ်တော်က ပြဌာန်းတဲ့ အခွန်ကောက်ဥပဒေ ကိုစတင်အကောင်အထည်ဖော်မယ်လို့ ဇိုဖေရမ်ကောင်စီထုတ်ပြန်

အောက်တိုဘာလ ၁၈ ရက်။ ချင်းပြည် (Chinland) လွှတ်တော်က ပြဌာန်းတဲ့ အခွန်ကောက်ဥပဒေ စတင်အကောင်အထည်ဖော်ဖို့ ချမှတ်နိုင်ခဲ့ပြီလို့ ထန်တလန်မြို့နယ်မှာေနထိုင်တဲ့ ဇိုဖေမျိုးနွယ်စုတွေရဲ့ဇိုဖေရမ်ကောင်စီရဲ့ အောက်တိုဘာလ ၁၅ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဒုတိယအကြိမ် ဇိုဖေကောင်စီအစည်းအဝေးကို အောက်တိုဘာလ ၁၁ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ ဇိုဖေရမ်ကောင်စီ ဌာနချုပ်မှာ ကျင်းပပြုလုပ်ခဲ့ပြီး ချင်းပြည် (Chinland) လွှတ်တော်က ပြဌာန်းခဲ့တဲ့အခွန်အကောက်ဥပဒေ လုပ်ထုံးလုပ်နည်းတွေကို ဆွေးနွေးပြီး စတင်အကောင်အထည်ဖော်ဖို့ ချမှတ်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဇိုဖေရမ်အတွင်း အခွန်ကောက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနဲ့ လုပ်ငန်းစီမံချက်တွေကို ထပ်မံရေးဆွဲပြီး စတင်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် တာဝန်ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ပြီး ဇိုဖေရမ်အတွင်း ပြည်သူ့အုပ်ချုပ်ရေး ပိုမိုကောင်းမွန်စွာ လည်ပက်နိုင်ရေးအတွက် ဇိုဖေရမ်အက်ကိုလည်း ပြင်ဆင်ခြင်း ဖြည့်စွပ်ခြင်းများ ပြုလုပ်ပြီး အတည်ပြုနိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ ဇိုဖေရမ်ကောင်စီသည်…

Read More

ဟားခါးမြို့မှာ အခြေခံစားသောက်ကုန် ဈေးတွေ ဒီနှစ်ထဲ၂ ဆ စျေးထပ်တက်ပြီး၊နေ့စားအလုပ်သမားတွေလည်း ရပ်တည်ရေးပိုခက်ခဲလာ

အောက်တိုဘာလ ၁၈ ရက်။ ချင်းပြည်နယ်ရဲ့မြို့တော် ဟားခါးမှာ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ ဒီတစ်နှစ်တွင်းမှာတင် ကုန်ဈေးနှုန်းက ၂ ဆလောက် ဈေးထပ်တက်လာပြီး၊အခြေခံနေ့စားအလုပ်သမားတွေလည်း ရှင်သန်ရပ်တည်ရေးမှာလည်း ပိုခက်ခဲလာတယ်လို့ ဟားခါးမြို့နေဒေသခံတစ်ဦးက ပြောပါတယ်။ ဟားခါးမြို့ကဒေသခံတွေဟာ ဆန်ကလွဲရင် အခြေခံစားသောက်ကုန်တွေကို မန္တလေးဘက်ကနေ သယ်ယူနေရတာဖြစ်ပြီး စားကုန်တန်ဆာခက လက်ရှိမှာ တပိဿာကို ၁၀၀၀ ကျော်အထိ ဖြစ်သွားပြီလို့ ဒေသခံတစ်ဦးကပြောပါတယ်။ ဟားခါးမြို့ဒေသခံတစ်ဦးက“စားသောက်ကုန် တန်ဆာခက ခေတ်ကောင်းတုန်းက တပိဿာ ၁ ရာကျော်ကနေ ဒီနှစ်နွေမှာ တစ်ပိဿာ ၅၀၀ – ၆၀၀ ရှိရာကနေ အခုတော့ တပိဿာ ၁၀၀၀ ကျော်ထိ ဖြစ်သွားပြီ အခုလိုဖြစ်ရတာကလည်း ခုစစ်ကိုင်းတံတားဖြတ်ခက ၁၂ ဘီးကားတစ်စီးကို ၁၅ သိန်း ကနေ သိန်း ၂၀ လောက်ထိ ပေးနေရတာတွေကြောင့်ပေါ့…

Read More

ကလေးမြို့နယ် ဆည်ကြီးရွာက စစ်ကောင်စီဂိတ်နားမှာ ဒေသခံအမျိုးသားတစ်ဦး မိုင်းနင်းမိလို့ ခြေတစ်ဖက်ပြတ်

အောက်တိုဘာလ ၁၇ ရက်။ စစ်ကိုင်းတိုင်း၊ကလေးမြို့နယ် ဆည်ကြီးရွာက စစ်ကောင်စီဂိတ်နားမှာ ဒီကနေ့ အောက်တိုဘာလ (၁၇) ရက်နေ့ မနက်ပိုင်းမှာ ဒေသခံအမျိုးသားတစ်ဦး လမ်းဘေးအပေါ့သွားစဉ် စစ်ကောင်စီထောင်ထားတဲ့ မိုင်းနင်းမိလို့ ခြေတစ်ဖက်ကျေမွကာပြတ်သွားကြောင်း ထိခိုက်ဒဏ်ရာရတဲ့အမျိုးသားကို ဆေးရုံမှာ ဆေးကုသထားရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ကလေးမြို့အဝင် ဆည်ကြီးကျေးရွာမှာ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်ရှိပြီး ဂိတ်ကိုလည်းပိတ်ထားလေ့ရှိတာကြောင့် သူတို့ဂိတ်ဖွင့်ချိန်ကို စောင့်ရင်း ကလေးမြို့အနောက်မြောက်ဘက်က ဒေသခံအမျိုးသား တစ်ဦးဟာ ဆည်ကြီးတံတားနားက စစ်ကောင်စီစစ်ဆေးရေးဂိတ် အနီးအနားမှာဘဲ လမ်းဘေးအပေါ့သွားစဉ် မိုင်းနင်းမိတာလို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ကလေးမြို့ ဒေသခံတစ်ဦးက “ဒီမနက် တာဟန်းဘက်သွားတဲ့ တစ်ယောက် ဆည်ကြီး တံတားနားရောက်တဲ့ချိန် သေးပေါက်ချင်လို့ လမ်းဘေးသွားတဲ့ချိန် စစ်ကောင်စီထောင်တဲ့ မိုင်းနင်းမိတယ် ဘယ်ခြေဖဝါးတစ်ဘက် ကျေမွသွားတယ် အခုဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်” လို့ ပြောပါတယ်။ စစ်ကောင်စီတပ်က…

Read More

သန်းခေါင်စာရင်းကိုအောက်တိုဘာလ (၃၁)ရက်အထိ ဆက်လက်ကောက်ယူမယ်လို့စစ်ကောင်စီကသတင်းထုတ်ပြန်

အောက်တိုဘာလ ၁၇ ရက်။ ၂ဝ၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခဲ့ရာတွင် အကြောင်းအမျိုးမျိုးကြောင့် သန်းခေါင်စာရင်း အကောက်မခံရသေးသောပြည်သူများအား အောက်တိုဘာ (၃၁)ရက်အထိ ဆက်လက်ကောက်ယူပေးသွားမည်ဖြစ်ကြောင်း အာဏာသိမ်းစစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို အောက်တိုဘာ(၁)ရက်မှ (၁၅)ရက်အထိ ကောက်ယူခဲ့ရာ အကြောင်းအမျိုးမျိုးကြောင့် သန်းခေါင်စာရင်း အကောက်မခံရသေးသော ပြည်သူများအနေဖြင့် သန်းခေါင်စာရင်း ပြန်လည်ကောက်ခံနိုင်ရေး အတွက် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စုသန်းခေါင်စာရင်းကော်မတီနှင့် မြို့နယ်သန်းခေါင်စာရင်းကော်မတီထံသို့ ဆက်သွယ်နိုင်ပြီး ဆက်သွယ်လာသည့် ပြည်သူများအား ပြန်လည် စာရင်းကောက်ယူပေးသွားမည်ဖြစ်ကြောင်းစစ်ကောင်စီက ထုတ်ပြန်လိုက်ပါတယ်။ မြို့နယ် ၉ မြို့နယ်ရှိတဲ့ ချင်းပြည်နယ်မှာ နေရာတော်တော်များများမှာ စစ်ကောင်စီက သန်းခေါင်စာရင်းကောက်ယူနိုင်ခဲ့ခြင်းမရှိဘဲ ဟားခါးမြို့၊ဖလမ်းမြို့နဲ့ တီးတိန်မြို့တွေမှာ မြို့ပေါ် ရပ်ကွက်တချို့မှာ အပေါ်ယံအဖြစ်သဘောလောက်သာ ကောက်ယူနိုင်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ နိုင်ငံတဝန်း…

Read More

မလေးရှားနိုင်ငံမှာ အသက်၂၈နှစ်အရွယ် ချင်းအမျိုးသားတစ်ဦး ကျားဆွဲခံရလို့ သေဆုံး

အောက်တိုဘာလ ၁၇ ရက်။ မလေးရှားနိုင်ငံ၊ ကလန်တန် ပြည်နယ် ဂျာလီခရိုင်ထဲက တောတွင်းစိုက်ပျိုးရေးခြံတစ်ခုမှာ အလုပ်လုပ်တဲ့ အသက်၂၈နှစ်အရွယ် ချင်းအမျိုးသားတစ်ဦး ကို ယမန်နေ့ အောက်တိုဘာလ ၁၆ ရက်နေ့မှာ ကျားဆွဲခံခဲ့ရလို့ သေဆုံးသွားတယ်လို့ သိရပါတယ်။ မနေ့ အောက်တိုဘာလ ၁၆ ရက်နေ့ မလေးရှားစံတော်ချိန်ည ၈ နာရီဝန်းကျင်လောက်မှာ ကျားဆွဲခံရတာဖြစ်ပြီး သူ့အလောင်းကို ဒီကနေ့ အောက်တိုဘာလ ၁၇ ရက်နေ့ မနက်ပိုင်းမှာ ပြန်တွေ့တာဖြစ်ပါတယ်။ သေဆုံးသူဟာ မင်းတပ်မြို့နယ် စွန်တောင်ကျေးရွာက ဆလိုင်းဟုန်းရှိန်ဖေ (၂၈) အရွယ်ရှိသူလို့ သိရပြီး မလေးရှားနိုင်ငံ ကလန်တန်ပြည်နယ်က ဂျာလီခရိုင်ရှိ တောတွင်း စိုက်ပျိုးရေးခြံမှာ အလုပ်လုပ်ကိုင်နေသူဖြစ်တယ်လို့လည်း သိရပါတယ်။ ဆလိုင်းဟုန်းရှိန်းဟာ မလေးရှားနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတာ အလုပ်လုပ်ကိုင်နေတာ ၁၀ နှစ်ဝန်းကျင်လောက် ရှိနေပြီလို့လည်း…

Read More

ဟားခါးမြို့မှာ ညနေ ၆ နာရီကနေ မနက် ၆ နာရီအတွင်း အပြင်ထွက်သွားလာခြင်း မလုပ်ကြဖို့ CDF – Hakha သတိပေးထုတ်ပြန်

အောက်တိုဘာလ ၁၆ ရက်။ ချင်းပြည်နယ် ဟားခါးမြို့မှာ ဒီကနေ့ အောက်တိုဘာလ ၁၆ ရက်နေ့ကစလို့ ညနေ ၆ နာရီကနေ မနက် ၆ နာရီအတွင်း အိမ်အပြင်မှာသွားလာတာမျိုး မလုပ်ဖို့ Chinland Defense Force – Hakha တပ်ဖွဲ့က ဒီကနေ့ အောက်တိုဘာလ ၁၆ ရက်မှာ သတိပေးထုတ်ပြန်လိုက်ပါတယ်။ ဒါ့အပြင် ဇူလိုင်လ ၃၀ ရက်နေ့က CDF – Hakha အသိပေးထုတ်ပြန်ထားတဲ့ မိမိမွေးထားတဲ့ အိမ်မွေးခွေးကို ရောင်းခြင်း/သတ်ခြင်း ကို မလုပ်ဆောင်ပါက ပြင်းပြင်းထန်ထန် အပြစ်ပေးခံရမယ်လို့ ထပ်မံပြီး CDF – Hakha အသိပေးထုတ်ပြန်ထားပါတယ်။ တော်လှန်ရေးကို အနှောက်အယှက်ဖြစ်စေတာကြောင့်ဟားခါးမြို့မှာ ခွေးမွေးခွင့်မရှိ ကြောင်းနှင့် မည်သူမဆို အိမ်ပြင်ထွက်နေတဲ့ လမ်းပေါ်က…

Read More

ပလက်ဝမြို့ဆေးရုံတာဝန်ခံဒေါက်တာအေးကျော်ကိုပြန်လွှတ်ပေးပြီး၊CDF – ပလက်ဝကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ပလက်ဝမြို့နယ်ဒေသခံ ၅ ဦးကို (AA)က ထပ်မံဖမ်းဆီး

အောက်တိုဘာလ ၁၆ ရက်။ ချင်းပြည်နယ် ပလက်ဝမြို့ဆေးရုံတာဝန်ခံဒေါက်တာအေးကျော်ကိုပြန်လွှတ်ပေးပြီး၊ပလက်ဝမြို့နယ် ဆမီးမြို့နယ် ဝက်မကျေးရွာနေဒေသခံ ၅ ဦးကို CDF – ပလက်ဝကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အောက်တိုဘာလ ၁၄ ရက်နေ့မှာ အာရက္ခတပ်တော် (AA) က ထပ်မံဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ပလက်ဝဒေသခံတစ်ဦးက “ပလက်ဝမြို့နယ် ဆမီးမြို့၊ ဝက်မကျေးရွာက ဦးအေးလွန်၊ ဦးကြာလုံး၊ ဦးဝင်းကြည်၊ ဦးကျင်ဝပ်၊ ဦးမနောတို့ကို CDF ပလက်ဝ ထောက်ပံ့တယ်လို့ စွပ်စွဲချက်နဲ့ အောက်တိုဘာလ ၁၄ ရက်နေ့က ဆမီးက အေအေစခန်းကို စက်လှေနဲ့ဖမ်းဆီးခေါ်ဆောင်သွားတယ်” လို့ပြောပါတယ်။ လက်ရှိ ဖမ်းဆီးခံရတဲ့ ဆမီးမြို့နယ် ဝက်မကျေးရွာက ဒေသခံ ၅ ဦးတို့ဟာအသက်အရွယ်အားဖြင့် ၃၀ ကနေ ၄၀ အကြား အရွယ်ရှိတဲ့…

Read More

ဟားခါး – ထန်တလန် ကြား စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ယောက်ကျော်သေဆုံးပြီး ၂၀ ခန့် ဟားခါးဆေးရုံပို့ဆောင်ထားရတယ်လို့ သိရ

အောက်တိုဘာလ ၁၆ ရက်။ ချင်းပြည်နယ်၊ဟားခါး – ထန်တလန်ကြားမှာ အောက်တိုဘာလ ၁၅ ရက်နေ့ကစစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ဝ ယောက်ကျော် တိုက်ပွဲအတွင်းမှာ သေဆုံးပြီး ၂၀ ခန့် ဟားခါး ဆေးရုံရောက်တယ်လို့ ချင်းအမျိုးသားတပ်ဦး (CNF/CNA)ရဲ့ေပြာရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက Chin World Media ကိုပြောပါတယ်။ ချင်းအမျိုးသားတပ်ဦး (CNF/CNA ) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက “မြေပြင်ရော ဝေဟင်ရောပြင်းထန်နေပါတယ် ဟားခါးနဲ့ ထန်တလန်ကြားပေါ့ စစ်ကောင်စီဘက်က ၁၀ ယောက်ကျော် ကျပြီး ၂၀ ခန့် ဟားခါးဆေးရုံရောက်တယ်လို့သိရတယ် စစ်ကောင်စီဘက်က ထန်တလန်ကို ပြန်စိုးမိုးဖို့ကြိုးစားနေတယ် ကျတော်တို့ဘက်က အထိခိုက်မရှိဘူး ဟားခါးကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်” လို့ပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့က ထန်တလန်မြို့ထဲကိုလည်း လေကြောင်းကနေ ကြိမ်ဖန်များစွာတိုက်ခိုက်နေသလို ဟားခါး…

Read More

စစ်မှုထမ်းဥပဒေကြောင့် လက်နက်မကိုင်လိုသူလူငယ်တို့ ကမ္ဘာပျက်တဲ့ကာလ

ပုံ-စစ်မှုထမ်းဥပဒေကြောင့် နယ်စပ်တနေရာမှာတိမ်းရှောင်ရင်းကွယ်လွန်ခဲ့သောဒေါက်တာခွါလ်ရှင်းတုန်း ကိုဇံ (ချင်းတောင်) ဧပြီလ ၁၈ ရက်။ ဧပြီလ ၁၃ ရက်နေ့က မိမိ၏ အချက်အလက်များ စုံစမ်း ကောက်ယူ ခံရသည့် အတွက် မလေးရှားသို့ တိမ်းရှောင်ရန် နေရပ်စွန့် ထွက်ခွာသွားရာမှ ကရင်ပြည်နယ်တနေရာ တွင် ခရီးကြမ်းဒဏ်ကြောင့် အမောဆို့ပြီး ကွယ်လွန်သွားခဲ့သည့် ဒေါက်တာခွါလ်ရှင်းတုန်း (ခ) ဒေါက်တာတူတုန်း၏ သတင်းသည် မြန်မာပြည်နေ လူငယ်များ၏ လက်ရှိအခြေအနေကို ထင်ဟပ်ပြသည်ဟု မိမိ အနေဖြင့် ယုံကြည်မိပါသည်။ မြန်မာပြည်နေ မိဘများမှအစ လူကြီးလူငယ် ကလေးပါမကျန် ပြည်သူအားလုံးနီးပါးကို ခြောက်လှန့်ခဲ့သည်မှာ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ကြေညာခဲ့သည့် ပြည်သူ့စစ်မှုထမ်း ဥပဒေပင် ဖြစ်သည်။ စစ်အာဏာသိမ်းမှုပြီးနောက် မြန်မာပြည်တွင်းမှာ အဆင်မပြေကြသည့်တိုင် နေရပ်ကို ကပ်ပြီး နေခဲ့ကြသူ…

Read More

ပလက်ဝမြို့နယ်မှာ အောက်တိုဘာလ ၁၄ ရက်ညကစပြီးဖုန်းလိုင်း၊ အင်တာနက်လိုင်း လုံးဝပြတ်တောက်နေတယ်လို့ သိရ

အောက်တိုဘာလ ၁၅ ရက်။ ချင်းပြည်နယ်၊ပလက်ဝမြို့နယ်မှာဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ အောက်တိုဘာလ ၁၄ ရက်နေ့ညကစလို့ အဆက်အသွယ် လုံးဝပြတ်တောက်သွားပြီလို့ တခြားဒေသရောက်နေတဲ့ ပလက်ဝဒေသခံတွေဆီကနေ သိရပါတယ်။ အာရက္ခတပ်တော်(AA )နဲ့ စစ်ကောင်စီတပ် တို့ တကျော့ပြန်တိုက်ပွဲဖြစ်တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့ကစလို့ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေကို စစ်ကောင်စီဘက်က ဖြတ်တောက်ထားပေမယ့် ပလက်ဝမြို့နယ် နေရာဒေသတချို့မှာ ဖုန်းလိုင်းနဲ့ အဆက်သွယ်လုပ်လို့ရခဲ့ပြီး အခုတော့ ဖုန်းလိုင်းလုံးဝ ပြတ်တောက်တဲ့ အနေအထားဖြစ်သွားပြီဖြစ်ကြောင်း ပလက်ဝဒေသခံတွေဆီကနေ သိရပါတယ်။ ပလက်ဝဒေသခံတစ်ဦးက “အေအေနဲ့စကစ တိုက်ပွဲဖြစ်ကတည်းက ဒီကနေ့ထိ ဖုန်းလိုင်းဖြတ်တောက်ထားတာပေါ့နော် ဒါပေမယ့် ဖုန်းလိုင်းရတဲ့ နေရာတချို့ရှိတယ် အဲလိုရတဲ့နေရာလေးတွေကနေ ဖုန်းဆက်လို့ ရတဲ့အနေအထားမှာ ရှိသေးတယ်ပေါ့ ဖုန်းပြောလို့ရတဲ့ရွာတွေကလည်း များများစားစားမရှိပါဘူး ၊ရခိုင်ပြည်နယ်နဲ့ဆက်စပ်တဲ့ ရွာတချို့မှာရတာပေါ့ ဒါပေမယ့်အခု ၁၄…

Read More