ချင်းပြည်နယ်၊ပလက်ဝမြို့နယ်မှာ ချင်းစာကို ချင်းတွေသင်ကြားခွင့်ရတယ်လို့ ပလက်ဝကောင်စီကပြော
ဇန်နဝါရီလ ၂၃ ရက် ။ အာရက္ခတပ်တော်(AA )သိမ်းပိုက်၊ ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ပလက်ဝမြို့နယ်မှာ ချင်းစာကို ချင်းတွေသင်ကြားခွင့်ရတယ်လို့ ဇန်နဝါရီလ ၂၁ ရက်နေ့ကပြုလုပ်တဲ့ Vaurawng Zuunthin ကီမိုပရောဂျက်အတွက် အွန်လိုင်းကနေ ရန်ပုံငွေရှာတဲ့ပွဲမှာ ပလက်ဝကောင်စီ (PC) ဥက္ကဌ ဆလိုင်းမျိုးထိုက် က အခုလို ပြောခဲ့တာလည်းဖြစ်ပါတယ်။ ပလက်ဝကောင်စီ (PC) ဥက္ကဌ ဆလိုင်းမျိုးထိုက်က “အရင်က ကောလဟာလတွေတော့ထွက်ပါတယ် ပလက်ဝမှာချင်းတွေနေတဲ့ရွာတွေမှာ ရခိုင်စာသင်မယ်ဆိုတာမျိုးတွေထွက်ပါတယ် တကယ်မြေပြင်မှာတော့ မဟုတ်ပါဘူး ရခိုင်နဲ့ကျနော်တို့ချင်းညီအကိုတွေ ပေါင်းနေတာတွေရှိပါတယ် အဲဒီလိုပေါင်းနေတဲ့ ရွာတွေမှာဆိုရင်တော့ သူတို့ကတော့ ရခိုင်စာတွေ အဲဒီသီချင်းတွေ ဆိုတာတွေတော့ရှိတဲ့အချိန်မှာ တချို့သောအဲဒီမှာရှိတဲ့ဟာတွေက အဲလိုမျိုး သတင်းတွေကိုပေါ့လေ ကြားရတဲ့ဟာတွေ ရှိကောင်းရှိနိုင်ပါတယ် အရင်ကဆိုရင် တချို့ရွာတွေက ကျနော်တို့ကို သတင်းပို့တာတွေရှိပါတယ် အဲဒီရွာမှာ စာပေတွေသင်တဲ့အချိန်မှာ ရခိုင််စာနဲ့…

