Headlines

ကန်ပက်လက်မြို့ကို စစ်ကောင်စီတပ်က ဒီလအတွင်း လေကြောင်းတိုက်ခိုက်မှု ၇ ကြိမ်လုပ်ခဲ့လို့ အဆောက်အဦးများစွာပျက်ဆီးပြီး ဒေသခံ ၁ ဦးသေဆုံး၊ ၁ ဦးဒဏ်ရာရ

ဧပြီလ ၁၈ ရက်။ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို စစ်ကောင်စီတပ်က ဒီလ ဧပြီလအတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း (၇) ကြိမ် လုပ်ခဲ့တာကြောင့် အဆောက်အဦးများစွာပျက်ဆီးပြီး အရပ်သားပြည်သူ ၁ ဦးသေဆုံးခဲ့ပြီး ၁ ဦးဒဏ်ရာရခဲ့တယ်လို့ ကန်ပက်လက်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီကနေ့ ဧပြီလ ၁၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ စစ်ကောင်စီက ပေါင် ၃၀၀၊ ပေါင် ၅၀၀ ဗုံးတွေ အသုံးပြုပြီး ကန်ပက်လက်မြို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူနေအိမ် ၁၈ လုံးက လုံးဝပျက်စီးပြီး ၃၀ လုံးက တစ်စိပ်တစ်ပိုင်းပျက်စီးခဲ့သလို ဌာနပိုင် အဆောက်အဦးပေါင်း ၁၄ လုံးနဲ့ ရိပ်သာ ၁ လုံးလည်း ပျက်စီးခဲ့ပြီး စုစုပေါင်း ၆၃ လုံးပျက်စီးခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။…

Read More

တီးတိန်မြို့ကို ကိုယ်တိုင်တိုက်ယူဖို့ ကြိုးစားပြင်ဆင်နေတယ်လို့ ZFU / PDF Zoland ထုတ်ပြန်

ဧပြီလ ၁၈ ရက်။ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးဖို့ ငါတို့မြို့ တီးတိန်မြို့ကို ငါတို့ကိုယ်တိုင် တိုက်ယူဖို့ ကြိုးစားပြင်ဆင်နေတယ်လို့ PDF – Zoland အပတ်စဉ် (၃) စစ်သင်တန်းဆင်းပွဲမှာ တီးတိန်မြို့နယ်အခြေစိုက် ချင်းလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့Zomi Federal Union / PDF Zoland က ဒီကနေ့ ဧပြီလ ၁၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ Zomi Federal Union / PDF Zoland တန်းမြှင့်သင်တန်း အပတ်စဉ် (၃) သင်တန်းဆင်းပွဲကို ဧပြီလ ၁၁ ရက်နေ့က အောင်မြင်စွာ ပြုလုပ်ပြီးဆုံးတဲ့ကြောင်းကိုလည်းကို ဒီကနေ့ မှာ ထုတ်ပြန်ထားပါတယ်။ တော်လှန်ရေးအောင်ပွဲတွေကို ယူဆောင်လာပေးနေတဲ့ ချင်းညီနောင်စစ်ဆင်ရေးတစ်ခုဖြစ်တဲ့ တီးတိန် စစ်ဆင်ရေးကို အောင်လံအတူတူ စိုက်ထူဖို့ ပြည်တွင်း၊…

Read More

5 locals, including a pastor, injured in military council airstrike on Matupi town

April 18. The military council attacked Matupi town in southern Chin State, which has been liberated from the military council, at around 2pm on April 17, injuring 5 local residents, including a Christian pastor. Four of the injured are receiving emergency medical treatment, and some of their homes were also damaged, according to Matupi residents….

Read More

မတူပီမြို့ကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် သင်းအုပ်ဆရာ တစ်ဦးအပါအဝင် ဒေသခံ ၅ ဦး ထိခိုက် ဒဏ်ရာရ

ဧပြီလ ၁၈ ရက်။ စစ်ကောင်စီကင်းစင်သွားပြီဖြစ်တဲ့ ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့ပေါ်ကို စစ်ကောင်စီတပ်က မနေ့ ဧပြီလ ၁၇ ရက်နေ့ မွန်းလွဲ ၂ နာရီဝန်းကျင်လောက်မှာ လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ ခရစ်ယာန်သင်းအုပ်ဆရာ တစ်ဦးအပါအဝင် ဒေသခံ ၅ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ဒဏ်ရာရတဲ့ထဲ ၄ ဦးဟာ အရေးပေါ် ဆေးကုသမှုခံနေရကာနေအိမ်တချို့လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ မတူပီဒေသခံတွေဆီကနေ သိရပါတယ်။ ဒေသခံတစ်ဦးက “သေဆုံးတာတော့ မကြားမိဘူး ၅ ဦးထဲမှာမှ ပါစတာရဲ့ မိသားစုတစ်စုလုံး အကုန်လုံးပါသွားတယ် သူ့အိမ်အနားလောက်မှာ ကျတာမျိုးဖြစ်လို့ သူ့အိမ်ပါ အကုန်လုံး လုံးဝပျက်စီးသွားတာပေါ့ အဲလိုမျိုးအခြေအနေတော့ ရှိတယ်” လို့ပြောပါတယ်။ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ခရစ်ယာန်သင်းအုပ်ဆရာ မိသားစုဝင် ၃ ဦးစလုံး ထိခိုက်ဒဏ်ရာရခဲ့ပြီး ခရစ်ယာန်သင်းအုပ်ဆရာကတော့ ခြေတဘက်…

Read More

မင်းတပ်မြို့တွင်းနှင့် အနီးတဝိုက် မြေမြှုပ်မိုင်းအနည်းငယ် ကျန်ရှိနိုင်သေးသော နေရာများကိုပြည်သူများထံအသိပေးကြေညာ

ဧပြီလ ၁၇ ရက်နေ့။ မင်းတပ်မြို့တွင်းနှင့် အနီးတဝိုက် မြေမြှုပ်မိုင်းအနည်းငယ် ကျန်ရှိနိုင်သေးသော နေရာများကိုအသိပေးကြေညာကာ ၊ထိုနေရာများသို့ လတ်တလော သွားလာခြင်း မပြုလုပ်ရန်၊မိမိပတ်ဝန်းကျင်တွင် မိုင်းနှင့် ဆက်စပ်ပစ္စည်းများ တွေ့ရှိပါက ချက်ချင်းသတင်းပေးပို့ ပူးပေါင်းဆောင်ရွက်ကြရန် မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကဒီကနေ့ ဧပြီလ ၁၇ ရက်မှာသတင်းထုတ်ပြန်ထားပါတယ်။ မင်းတပ်မြို့အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထောင်ထားသော မြေမြှုပ်မိုင်း၊ ရှေ့ထွက်မိုင်းအပါအဝင် မိုင်းစုစုပေါင်း (၂,၀၀၀) ထက်မနည်း ရှင်းလင်းထားပြီးဖြစ်ကြောင်း ၂၀၂၅ ခုနှစ် မတ်လ ၆ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ကြောင်း၊လက်ရှိတွင် မိုင်းရှင်းလင်းခြင်းလုပ်ငန်းများ ဆက်လက်လုပ်ဆောင်သကဲ့သို့ မိုင်းရှင်းလင်းနိုင်ခြင်းမရှိသေးသည့် နေရာအချို့ ရှိနေကြောင်း၊ ထိုသို့သော အန္တရာယ်ရှိနေရာများတွင် မိဘပြည်သူများ သွားလာခြင်းမပြုလုပ်ရန် အသိပေး၊ သတိပေးစာတန်းများ ရေးသားသတ်မှတ်ထားပါသည်လို့ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။ (က) မင်းတပ်မြို့တွင်းနှင့် အနီးတဝိုက် မြေမြှုပ်မိုင်းအနည်းငယ် ကျန်ရှိနိုင်သေးသော…

Read More

ကလေးမြို့အကျဉ်းထောင်ကနေ ၁၈ ဦးလွတ်မြောက်ပြီး နိုင်ငံရေးအကျဉ်းသားမပါဝင်

ဧပြီလ ၁၇ ရက်။ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၇ ရက်၊ မြန်မာနှစ်ဆန်း ၁ ရက်နေ့ အထိမ်းအမှတ်အဖြစ် စစ်ကောင်စီက မြန်မာနိုင်ငံတဝန်း အကျဉ်းထောင်တွေမှာ အကျဉ်းချခံထားရသူတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့အထဲ ကလေးမြို့အကျဉ်းထောင်ကနေ အကျဉ်းသူ ၃ ဦး၊အကျဉ်းသား ၁၅ ဦး စုစုပေါင်း ၁၈ ဦးလွတ်မြောက်ပြီး လွတ်လာသူတွေအထဲ နိုင်ငံရေးအကျဉ်းသား တစ်ဦးမှမပါဘူးလို့ ဒေသခံနိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးဆီကနေ သိရပါတယ်။ ကလေးမြို့ဒေသခံနိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးက “ကလေးအကျဉ်းထောင်ကနေ စုစုပေါင်း ၁၈ ယောက် လွတ်ငြိမ်းခွင့်ရတယ်၊ အမျိုးသမီး ၃ ဦး၊ အမျိုးသား ၁၅ ဦးပေါ့ အဲဒီထဲမှာ နိုင်ငံရေးအကျဉ်းသားတစ်ဦးမှ မပါဘူးအရင်တုန်းကလည်းဒီလိုပါဘဲ လုပ်တာက အတူတူပါဘဲ လွတ်ခါနီး တစ်လ နှစ်လ လောက်သာလိုတော့တဲ့ ၅၀၅…

Read More

The ACDF and its allies jointly announced that more than 10 members of the military council were killed in an attack on the military that had entered villages in Minhla Township.

April 17. The Awami League Defense Force (ALDF) and its allies attacked the military council forces that had joined forces with the Kachin Independence Army (KIA) and entered villages along the Pathein and Monywa roads in Minhla Township during the Thingyan Festival, killing at least 10 members of the ALDF and seriously injuring 30 others,…

Read More