
CDF – မတူပီ တပ်မဟာ ၂ ၊ တပ်ရင်း(၃)က ကျဆုံးသွားတဲ့ ရဲဘော်တွေကို အောက်မေ့တဲ့ အခမ်းအနားကျင်းပခဲ့
ဇန်နဝါရီလ ၁၄ ရက်။ တော်လှန်ရေးကာလအတွင်း ကျဆုံးသွားတဲ့ CDF – မတူပီ ၊တပ်မဟာ -၂ ၊တပ်ရင်း(၃)က ကျဆုံးသွားတဲ့ ရဲဘော်တွေကို အောက်မေ့တဲ့ အခမ်းအနားကို ဒီကနေ့ ဇန်နဝါရီလ ၁၄ ရက်နေ့မှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။ CDF – မတူပီ တပ်မဟာ ၂ ပြန်ကြားရေးတာဝန်ခံ ကို Nai John Kim ကလည်း “ စစ်ကောင်စီ အာဏာသိမ်းကတည်းကနေ ဒီကနေ့အချိန်ထိပေါ့ ရရာလက်နက်ဆွဲကိုင်ပြီး ကျနော်တို့ စစ်ကောင်စီကို တိုက်ထုတ်ရင်း တပ်ရင်း (၃) က ရဲဘော် ၅ ဦး ကျသွားတယ် အဲဒီထဲမှာ မိသားစုရှိတဲ့သူတွေပါတယ် တာဝန်ကျေတယ် နိုင်ငံနဲ့တိုင်းပြည်လူမျိုးအတွက် ကျန်ခဲ့တဲ့မိသားစုတွေအပေါ်မှာလည်း အရမ်းဂုဏ်ယူတယ် ကျန်ရှိနေတဲ့ ရဲဘော်တွေ…