
ကနေဒါနိုင်ငံအစိုးရအနေနဲ့ သူ့နိုင်ငံအတွင်း အမြဲတမ်းနေထိုင်ခွင့်အတွက် ၃ နှစ်အတွင်း ကမ္ဘာအနှံ့က လူဦးရေ ၁၁ သိန်းကျော် ခေါ်ယူမယ်
ဖေဖော်ဝါရီလ ၂၆ ရက်။ ကနေဒါနိုင်ငံ လူဝင်မှုကြီးကြပ်ရေး၊ ဒုက္ခသည်များနဲ့ နိုင်ငံသားဖြစ်ရေး – ကနေဒါ (Immigration, Refugee and Citizenship Canada – IRCC ) အနေနဲ့ ၂၀၂၅ ခုနှစ်အတွင်းကနေစပြီး သုံးနှစ်အတွင်း ကနေဒါနိုင်ငံမှာ အမြဲတမ်းနေထိုင်ခွင့်အတွက် နိုင်ငံတကာကနေ လူဦးရေ ၁၁ သိန်းကျော် ခေါ်ယူမယ်လို့ ဒီနေ့ဖေဖော်ဝါရီလ ၂၆ ရက်မှာသတင်းထုတ်ပြန်လာပါတယ်။ ကနေဒါနိုင်ငံမှာ အမြဲတမ်းနေထိုင်ခွင့် (PR) ဖြင့် ၂၀၂၅ ခုနှစ်မှာ ၃၉၅၀၀၀၊ ၂၀၂၆ ခုနှစ်မှာ ၃၈၀၀၀၀ နဲ့ ၂၀၂၇ ခုနှစ်မှာ ၃၆၅၀၀၀ အထိနိုင်ငံတကာကနေ ခေါ်ယူသွားမှာဖြစ်တယ်လို့ IRCC က ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ “ဒီကာလမှာ ကနေဒါနိုင်ငံအနေနဲ့ ဒုက္ခသည်များကို လက်ခံဖို့ကိစ္စကြေညာလာတာနဲ့ မလေးရှားအခြေစိုက်…