Headlines

နိုင်ငံရေးပဋိပက္ခကြားက ဈေးကွက်ပျောက်လာတဲ့ သီးနှံတွေနဲ့ ချွတ်ခြုံကျလာတဲ့ ချင်းပြည်ကတောင်သူတွေ

ကိုဇံ(ချင်းတောင်) မန္တလေးငလျင် လှုပ်ခတ်အပြီးမှာ ချင်းတောင်အတွက် အနာပေါ် တုတ်ကျသလိုအထိအနာဆုံးဖြစ်ခဲ့တာက ဝဥ ဈေးကွက် ပါပဲ။ “စစ်ဘေးရော၊ သဘာဝဘေးကြောင့်ပါ ချင်းတောင်ရဲ့ စိုက်ပျိုးရေး ထုတ်ကုန်တွေ ဈေးကွက် ပျောက်ခဲ့ရပြီ” လို့ ချင်းတောင် ဝဥစိုက် တောင်သူတစ်ဦးက ပြောပါတယ်။ ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ ငါးသိန်းနီးပါးရှိတဲ့ ချင်းပြည်နယ်မှာ စိုက်ပျိုးရေးကို အခြေခံပြီးအသက် မွေးဝမ်းကျောင်းသူအရေအတွက်က ဘက်စုံ ဖွံ့ဖြိုးရေး ကို ဆောင်ရွက်နေတဲ့ NGO တစ်ခုဖြစ်သော လူထု အကျိုးဆောင် ဖွဲ့ဖြိုးရေး အဖွဲ့ ခေါ် Community Agency for Rural Development (CAD)ရဲ့ စစ်တမ်းအရ ပြည်နယ်လူဦးရေရဲ့ လေးပုံသုံးပုံ ရှိပါတယ်။ ဒီစိုက်ပျိုး တောင်သူတွေမှာ တောင်ယာ စပါး စိုက်သူတွေကလွဲရင်…

Read More

ချို့ယွင်းမှုလေးတွေရှိတာကြောင့် ထန်တလန်မြို့သိမ်းတိုက်ပွဲမှာ ထိုးစစ်ဆင်တာတွေ နားထားတယ်လို့ CNF ပြော

ဇွန်လ ၃ ရက်။ ချင်းပြည်နယ်၊ ထန်တလန်မြို့သိမ်းတိုက်ပွဲမှာ ချို့ယွင်းမှုလေးတွေရှိတာကြောင့် လက်ရှိ ထိုးစစ်ဆင်တာတွေကို နားထားတယ်လို့ ချင်းအမျိုးသားတပ်ဦး (CNF/CNA)ရဲ့တပ်မှူးတစ်ဦးဖြစ်တဲ့ ဗိုလ်မှူးကြီးဆော်လမွန်က The Zotung Post မီဒီယာနဲ့မနေ့ဇွန်လ ၂ ရက်ကပြုလုပ်တဲ့ အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။ “ကျနော်တို့တွေ နှစ်နဲ့ချီလောက်အောင် တိုက်ပွဲဖော်ဆောင်တဲ့ခါကြတော့ ကျနော်တို့နယ်မြေစိုးမိုးထား တာတွေလည်း သူတို့ပြန်ပြန်စိုးမိုးတဲ့ခါကြတော့ အထူးသဖြင့် ကျနော်တို့ CNA ကသိတဲ့အတိုင်း ဟိုးပလက်ဝမှာလည်းသွားရတယ် မင်းတပ်၊ ကန်ပက်လက်၊ မတူပီ နောက် တွန်းဇံ နောက် ကလေးကဘော် နောက် မကွေး အဲဒီနေရာတွေထိဆိုတော့ ကျနော်တို့တွေလည်း အဲ့ထန်တလန်ကိုထိန်းနိုင်ဖို့က တာ်တော်ပြန်ပြီးချို့ယွင်းမှုလေးတွေရှိတဲ့အခါကြတော့ ထန်တလန်ကို အခုအခြေအနေမှာ နားထားတယ်လို့ဘဲဖြေပါရစေ” လို့ ချင်းအမျိုးသားတပ်ဦး (CNF/CNA)က ဗိုလ်မှူးကြီးဆော်လမွန်က ပြောပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်…

Read More

ငလျင်ဘေးသင့်ချိန် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းပြည်နယ်အပါအဝင် နိုင်ငံအနှံ့မှာ အရပ်သားသေဆုံးမှု ၄၆၂ ဦးရှိခဲ့၊၈၈၄ ဦး ထိခိုက်ဒဏ်ရာရခဲ့

ဇွန်လ ၃ ရက်။ မြန်မာနိုင်ငံမှာ အင်အားပြင်းငလျင်လှုပ်ခတ်မှုဘေးသင့်ခဲ့တဲ့အချိန် မတ်လ ၂၈ ရက်နေ့ကနေ မေလ ၃၀ ရက်အတွင်း စစ်ကောင်စီက ချင်းပြည်နယ်အပါအဝင် နိုင်ငံတစ်ဝှမ်းကို လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၅၂၈ ကြိမ်တိုက်ခိုက်ခဲ့လို့ အရပ်သားသေဆုံးမှု ၄၆၂ ဦးရှိခဲ့ကာ၊အရပ်သား ၈၈၄ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၊လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့ ဇွန်လ ၃ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ချင်းပြည်နယ်မှာတော့ ငလျင်လှုပ်ခတ်မှုဘေးသင့်တဲ့အချိန်အတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၀ ဖြစ်ခဲ့ပြီး အရပ်သားသေဆုံးမှု ၁၆ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၃၂ ဦး ရှိခဲ့တယ်လို့လည်း အမျိုးသားညီညွှတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် စစ်ကိုင်းတိုင်းထဲက…

Read More

ပလက်ဝမြို့နယ်မှာ အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်တစ််ဦး ငှက်ဖျားရောဂါကြောင့် သေဆုံးမှု ထပ်ရှိလာ

ဇွန်လ ၂ ရက်။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ဒိုင်ရ်ဒေသ အမှတ်(၂) ၊ မှုံးတနူးကျေးရွာမှာ အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ငှက်ဖျားရောဂါကြောင့် မေလ ၃၀ ရက်နေ့မှာ ထပ်မံ သေဆုံးခဲ့ရတယ်လို့ ပလက်ဝဒေသတွင်း သတင်းတွေဖော်ပြချက်အရ သိရပါတယ်။ ပလက်ဝဒေသခံတစ်ဦးက “ကျနော်တို့ မြို့နယ်အတွင်း ငှက်ဖျားကြောင့် အရင်ကလည်းသေဆုံးတာတွေ များခဲ့တယ် ဆေးလက်လှမ်းမမှီနိုင်တဲ့အတွက်ပေါ့နော် နောက်ပြီးတော့ အဖြစ်များဆုံးကလည်း ငှက်ဖျားဖြစ်တော့ တချို့တချို့ရွာတွေဆိုရင် ဖုန်းလိုင်းမရတဲ့အခါကြတော့ ချိတ်ဆက်မှုအဆင်မပြေဘူး မပြေတော့ နောက်ပိုင်းကြမှ သိရတဲ့ဟာတွေ ရှိတဲ့အခါကြတော့ ငှက်ဖျားကြောင့်သေဆုံးသူက တော်တော်များတယ်လို့ အဲလိုခန့်မှန်းထားလို့လဲရတယ်” လို့ပြောပါတယ်။ ပလက်ဝမြို့နယ် ၊ ဒိုင်ရ်ဒေသ အမှတ်(၂) ၊ မှုံးတနူးကျေးရွာမှာ အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးဟာ ဒေသတွင်း…

Read More

တီးတိန်မြို့နယ် မွာလ်ပီးရွာကို စစ်ကောင်စီတပ်ကမီးရှို့ခဲ့

ဇွန်လ ၁ ရက်။ ချင်းတောင်ကိုစစ်ကြောင်းထိုးတက်လာတဲ့စစ်ကောင်စီစစ်တပ်များမှ ဒီရက်ပိုင်းအတွင်း တီးတိန်မြို့နယ် မွာလ်ပီးရွာရှိ လူနေအိမ်များ မီးရှို့နေတယ် လို့ အတည်ပြုနိုင်ပြီ ဖြစ်ကြောင်း ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့များ နဲ့ နီးစပ် သူ တစ်ဦးမှ Chin World Media ကိုပြောပါတယ်။ “မေလ ၂၇ နေ့ က စပြီး မွာလ်ပီးရွာ ဘက်ကနေ မီးခိုးတွေ တက်လာတာ တွေ့ရတယ်။ အစမှာ ကျဆုံးသွားတဲ့ စစ်ကောင်စီ တပ်သားတွေကို မီးသဂြိုလ်တာ ဖြစ်မယ်လို့ ခန့်မှန်း ခဲ့ကြ ပေမယ့် မီးခိုး တက်လာပုံတွေ ကြည့်တော့ နေအိမ်တွေ မီးရှို့တယ် ဆိုပြီး အတည်ပြုဖြစ်တာပါ။ ကာကွယ်ရေး တပ်ဖွဲ့တွေ နဲ့ စစ်ကောင်စီ စစ်တပ်တွေကြား တိုက်ပွဲ က မနားဘူး။…

Read More

မီဇိုရမ်ပြည်နယ်၊ကျန်ဖိုင်ခရိုင်မှာ မြေပြိုလို့ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးအပါအဝင် ချင်းစစ်ဘေးရှောင် ၃ ဦးသေဆုံး

မေလ ၃၁ ရက်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ်သည်းထန်စွာရွာသွန်းမှုကြောင့် အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်တဝန်းလုံးမှာ ရေကြီး မြေပြိုမှုများဖြစ်ပွားလျှက်ရှိကာ မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်ခရိုင်၊ ဗာဖိုင်းကျေးရွာ ( Vaphai ) မှာ ဒီကနေ့မေလ ၃၁ ရက်မနက် ၄ နာရီဝန်းကျင်မှာ ချင်းစစ်ဘေးရှောင်တွေဌားရမ်းနေထိုင်တဲ့နေအိမ်၁လုံးမြေပြိုကျလို့ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးအပါအဝင် ချင်းစစ်ဘေးရှောင် မိသားစုဝင် ၃ ဦးသေဆုံးခဲ့တယ်လို့မီဇိုရမ်ပြည်နယ်သတင်းမီဒီယာများဖော်ပြချက်အရသိရပါတယ်။ မြေပြိုမှုကြောင့် သေဆုံးသွားသူများမှာ စစ်ကိုင်းတိုင်း၊ကလေးမြို့နယ် Vutbuak ကျေးရွာမှ မီဇိုရမ်ပြည်နယ် ကျန်ဖိုင်ခရိုင်၊Vaphai ကျေးရွာမှာ လာရောက်စစ်ဘေးရှောင်ကြတဲ့ အသက် ၇၁ နှစ်အရွယ် Pu Lenkhuaithanga၊ အသက် ၄၈ နှစ်အရွယ် Pi Lalneihthuami နှင့် ကိုယ်ဝန် ၄ လ လွယ်ထားရသော အသက် ၃၄ နှစ်အရွယ် Pi…

Read More

ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီ တပ်မဟာ (၂) ရဲ့ ၄ နှစ်တာကာလအတွင်း ကျဆုံးရဲဘော် ၁၄ ဦး၊ ကိုယ်လက်အင်္ဂါဆုံးရှုံးသူ ၆ ဦး၊ အမြင်အာရုံဆုံးရှုံးသူ ၂ ဦး ရှိခဲ့တယ်လို့ ထုတ်ပြန်

မေလ ၃၁ ရက်။ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီ တပ်မဟာ (၂) ရဲ့ ၄ နှစ်တာကာလအတွင်း တိုင်းပြည်နဲ့ လူမျိုးအတွက် ကျဆုံးရဲဘော် ၁၄ ဦးနဲ့ ကိုယ်လက်အင်္ဂါဆုံးရှုံးသူ ၆ ဦး၊ အမြင်အာရုံဆုံးရှုံးသူ ၂ ဦး နှင့် ထိခိုက်ဒဏ်ရာရ ၄၀ ဦးကျော်အထိ ရှိခဲ့တယ်လို့ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီ တပ်မဟာ (၂) က ဒီကနေ့ မေလ ၃၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ၄ နှစ်ပြည့် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီ နဲ့ တပ်မဟာ ၂ ဒုတိယအကြိမ် ညီလာခံကို ၂၀၂၅ ခုနှစ် ၊မေလ ၂၈ – ၂၉ နှစ်ရက်တာ…

Read More