Headlines

ပထမမျိုးဆက် ချင်းပန်းချီဆရာတွေနဲ့ မျိုးဆက်သစ်ချင်းပန်းချီဆရာတွေ စုပေါင်းပြီး ချင်းအမျိုးသားနေ့မှာ ပန်းချီပြပွဲကျင်းပမယ်

ဖေဖော်ဝါရီလ ၁၇ ရက်။ ချင်းပန်းချီဆရာတွေထဲက Artist Moe Yin Lushai Hills နဲ့ Artist Pu ZoZam တို့ပါ၀င်တဲ့ ပထမမျိုးဆက်ပန်းချီဆရာတွေနဲ့ လက်ရှိမျိုးဆက်သစ် ပန်းချီဆရာတွေ စုပေါင်းကာ လာမယ့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ချင်းအမျိုးသားနေ့ကစလို့ ၅ ရက်အကြာ ပန်းချီပြပွဲ (Inn Lam Art Exhibition) ကိုရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က Izana Gallery မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။ ဒီပန်းချီပြပွဲမှာပါ၀င်တဲ့ ချင်းလူငယ်ပန်းချီဆရာ ဆလိုင်းနံရံက “ချင်းလူမျိုးပန်းချီဆွဲတဲ့ မျိုးဆက်တွေ အတူပြပွဲလုပ်တဲ့သဘောပါပဲ ပန်းချီဆရာတွေကတော့ လက်လှမ်းမှီသလောက်ပဲလုပ်နိုင်သေးတယ်။ ချင်းပန်းချီဆရာတွေ မစုံသေးဘူး နယ်ဝေးရောက်နေသူတွေ၊ နိုင်ငံခြားရာက်နေသူတွေကိုတော့ လက်လှမ်းမမှီတာတွေရှိတယ်။ Native Chin Art Circle –…

Read More

CDF – Lautu နဲ့ MDF နှစ်ဖက်အဖွဲ့အကြားဖြစ်တဲ့တိုက်ပွဲမှာ Chinland Council မပါဘူးလို့ထုတ်ပြန်

ဖေဖော်ဝါရီလ ၁၇ ရက်။ မရာချင်းလူမျိုးစုလက်နက်ကိုင် MDF တပ်ဖွဲ့နဲ့ လောက်တူချင်းလူမျိုးစုလက်နက်ကိုင် CDF – Lautu တပ်ဖွဲ့အကြား ပစ်ခတ်တိုက်ခိုက်နေမှုဟာ နှစ်ဖက်အဖွဲ့အစည်းဖြစ်ပွားနေတဲ့ ပြဿနာဖြစ်ပြီး (Chinland )ကောင်စီအနေနဲ့ တိုက်ခိုက်မှုတွေမှာလည်း ပူးပေါင်းပါဝင်ခြင်း မရှိဘူးလို့ ဒီကနေ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ လက်ရှိချင်းပြည်နယ်အတွင်း (Chinland) ကောင်စီ အဖွဲ့ဝင် CDF -–Lautu နဲ့ ချင်းညီနောင်အဖွဲ့ဝင် MDF အကြား ပစ်ခတ်တိုက်ခိုက်မှုတွေနဲ့ ပက်သက်ပြီး CDF -–Lautu နဲ့ MDF နှစ်ဖက်အဖွဲ့ကြားဖြစ်တဲ့ ပြဿနာဖြစ်ပြီး ချင်းလူမျိုးအချင်းချင်းကြား တိုက်ခိုက်သတ်ဖြတ်မှုတွေကို လက်မခံတဲ့အပြင် စစ်ရေးဖော်ဆောင်မှုတွေနဲ့ တိုက်ခိုက်မှုတွေမှာ ပူးပေါင်းပါဝင်ခြင်းမရှိဘူးလို့ Chinland ကောင်စီက ထုတ်ပြန်ပါတယ်။ CDF – Lautu နဲ့…

Read More

ကလေးမြို့နယ်နဲ့ မုံရွာမြို့တွေမှာ ၃ ရက်အတွင်းစစ်ကောင်စီက လေကြောင်းကနေ ဗုံးအလုံး ၂၁၂ ကြိမ်ကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ် ၆ ဦး အပါအဝင် အရပ်သား ပြည်သူ၁၅ ဦးသေဆုံးပြီး ၂၉ ဦး ထိခိုက်ဒဏ်ရာရခဲ့

ဖေဖော်ဝါရီလ ၁၇ ရက်။ စစ်ကိုင်းတိုင်း ကလေးမြို့နယ်နဲ့ မုံရွာမြို့နယ်တွေကို စစ်ကောင်စီက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကနေ ၁၄ ရက်နေ့ အထိ သုံးရက်တာအတွင်း လေကြောင်းကနေ ဗုံးအလုံးရေ ၂၁၂ ကြိမ် ကြဲချတိုက်ခိုက်ခဲ့လို့ ကလေးငယ် (၆) ဦးအပါအဝင် စုစုပေါင်းအရပ်သားပြည်သူ ၁၅ ဦးသေဆုံးပြီး ၂၉ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီကနေ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ လေကြောင်းတိုက်ခိုက်မှုအပြင် ဟောက်ဝှစ်စာနဲ့ လက်နက်ကြီးတွေအသုံးပြုပြီး အရပ်သားပြည်သူနေအိမ်တွေ စစ်ရှောင်စခန်းတွေ ဆေးရုံတွေ နဲ့ စာသင်ကျောင်း ဆိုးဆိုးရွားရွား တိုက်ခိုက်မှုတွေ ဆက်လက်ကျူးလွန်ခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ ကလေးမြို့နယ်တောင်ပိုင်းက ကျေးရွာတွေကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့က တစ်ရက်အတွင်း လေကြောင်းတိုက်ခိုက်မှု…

Read More

မီဇိုရမ်ပြည်နယ်မှာ ပြည်ပကနေရောက်ရှိလာသူများ တရားဝင်အလုပ်လုပ်ခွင့်ရရှိရေး ဥပဒေကြမ်း မီဇိုရမ်ပြည်နယ်လွှတ်တော်မှာ ဆွေးနွေးမယ်

မြန်မာပြည်ဖက်က စစ်ဘေးရှောင် လူသောင်းချီကိုလက်ခံထားတဲ့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အနေနဲ့ မကြာခင်ကျင်းပမယ့် မီဇိုရမ်ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ ပြည်ပကနေရောက်ရှိလာသူတွေအပါအဝင် ဒေသခံလူငယ်များအတွက် တရားဝင်အလုပ်လုပ်ခွင့်ရရေး ဥပဒေမူကြမ်းကို ဆွေးနွေးမယ်လို့ဖေဖော်ဝါရီ (၁၆) ရက်နေ့မှာ မီဇိုရမ်ပြည်နယ်လွှတ်တော်ရုံးကထုတ်ပြန်ပါတယ်။ လွှတ်တော်အစည်းအဝေးကို ဖေဖော်ဝါရီလ (၁၉) ရက်နေ့မှာ စတင်ကျင်းပမှာဖြစ်ပြီး အစည်းအဝေးအတွင်း ပြည်ပကနေလာရောက်နေထိုင်ပြီး မီဇိုရမ်ပြည်နယ်အတွင်း လုပ်ငန်းလုပ်ကိုင်လိုသူများအတွက် သီးသန့်နေရာချထားပေးရေးကိစ္စများကိုလည်း ဆွေးနွေးသွားမှာဖြစ်တယ်လို့ India Today ကဖော်ပြပါတယ်။ အဆိုပြုထားတဲ့ ဥပဒေကြမ်းမှာ ပုဂ္ဂလိက အလုပ်ခန့်ထားရေး၊ အိမ်အကူအမျိုးသမီးအလုပ်သမားများကိစ္စ၊ နိုင်ငံပြင်ပကနေတရားဝင်လမ်းကြောင်းကတစ်ဆင့် အလုပ်သမားအရေးဆောင်ရွက်ပေးမယ့်အေဂျင်စီများကို ဥပဒေကြောင်းအရ လုံခြုံစိတ်ချရတဲ့ လမ်းညွှန်ချက်နဲ့ လိုင်စင်ထုတ်ပေးရေး ကိစ္စများပါဝင်မယ်လို့သိရပါတယ်။ အခုလိုအလုပ်သမားများတရားဝင်လက်ခံရေးကိစ္စဟာ ယခင်နှစ်များက ပြည်နယ်တွင်းကလူငယ်များ ဆီးရီးယား၊ UAE နဲ့ အခြားပင်လယ်ကွေ့နိုင်ငံများမှာ လုပ်ငန်းလုပ်ကိုင်ရာမှာ အခက်အခဲများစွာရှိခဲ့ပြီး အထူးသဖြင့် ဥပဒေကြောင်းအရ အခက်အခဲများကြုံတွေ့နေကြရတာကြောင့် ပြည်နယ်အစိုးရ၊ အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများနဲ့…

Read More

မလေးရှားနိုင်ငံမှာ ချင်းအမျိုးသမီးတစ်ဦးကို အကြမ်းဖက်သတ်ခဲ့တဲ့ တရားခံကို ဖမ်းဆီးရမိပြီလို့သိရ

ဖေဖော်ဝါရီလ ၁၇ ရက်။ မလေးရှားနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က အိမ်မှာ အကြမ်း ဖက်အသတ်ခံလိုက်ရတဲ့ အသက် (၃၆) နှစ်ဝန်းကျင်အရွယ်ရှိ ကလေးမိခင် ချင်းအမျိုးသမီးကို သတ်ခဲ့တဲ့ တရားခံမြန်မာနိုင်ငံသားကို ဖေဖော်ဝါရီ ၁၆ ရက် နေ့လည် ၂ နာရီလောက်မှာ ဖမ်းဆီးထိန်းသိမ်းလိုက်ပြီလို့ Dai Community in Malaysia ရုံးက မူခင်းတာဝန်ခံ Ko Hung Naing ကပြောပါတယ်။ လူသတ်တရားခံက သူသတ်တယ်ဆိုတာ ဝန်ခံလို့ မနေ့ နေ့လည် ၂ နာရီလောက်မှာ Dai Community in Malaysia နဲ့ အစိုးရအာဏာပိုင်တွေ ပူးပေါင်းကာ တရားခံကို ဖမ်းဆီးအပ်နှံနိုင်ခဲ့တာလို့ Dai Community in Malaysia…

Read More

“CNF ဟာ တော်လှန်ရေးအဖွဲ့အစည်းတစ်ခုသာဖြစ်တယ်။ တော်လှန်ရေးပြီးရင် CNF ကို လုံးဝဖျက်သိမ်းပစ်မယ်။ ” By Dr.Sui Khar (CNF)

LORCAN LOVETT | FRONTIER ဇန်နဝါရီ ၈ ရက်က ချင်းအမျိုးသားတပ်ဦး(CNF)ဒုဥက္ကဋ္ဌ Dr.Sui Khar နဲ့  FRONTIERတို့ ‌တွေ့ဆုံခဲ့ပါတယ်။Frontier နဲ့ Dr.Sui Khar ရဲ့ English လို အင်တာဗျူးမေးမြန်းခန်းမှ Chin World စာဖတ်ပရိတ်သတ်အတွက် ကောက်နှုတ်ဘာသာပြန်ဖော်ပြရပါတယ်။  ချင်းအမျိုးသားတပ်ဦး(CNF)ဟာ ၁၉၈၈ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ သက်တမ်း ၃၇ နှစ်ခန့်ရှိတဲ့ ဝါရင့်ချင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းဖြစ်ပါတယ်။ Source: The CNF will be abolished after the revolution’, says Chin leader Sui Khar from Frontier Myanmar FRONTIER-မြန်မာစစ်တပ်ရဲ့ အခြေအနေကို ဘယ်လိုမြင်လဲ။ ? Dr.Sui Khar -ဗိုလ်ချုပ်မှုးကြီး…

Read More

တီးတိန်မြို့နယ် နှင့် တွန်းဇံမြို့နယ် ရှိ ကျေးရွာတချို့မှာ ဝင်ထွက် သွားလာမှု မပြုလုပ်ရန် ZRA-EC မှ ပြည်သူများကိုအသိပေး

ဖေဖော်ဝါရီလ ၁၆ ရက်။ ဖေဖော်ဝါရီလ ၁၅ ရက်နေ့လည်ပိုင်းက တွန်းဇံမြို့နယ် တွီးခိန်းရွာမှာ Zomi Revolutionary Army -Eastern Command(ZRA-EC)တပ်ဖွဲ့က ဖေဖော်ဝါရီလ ၁၆ ရက်နေ့က စတင်ပြီး တီးတိန်မြို့နယ် နှင့် တွန်းဇံမြို့နယ်အတွင်းရှိ ကျေးရွာ တချို့မှာဝင်ထွက်သွားလာမှုများ မပြုလုပ်ရန် သက်ဆိုင်ရာ ဒေသခံပြည်သူများကို အသိပေးခဲ့တယ် လို့ ဒေသခံများထံမှ သိရှိရပါတယ်။ ZRA-EC က အများပြည်သူ ဝင်ထွက်သွားလာဖို့ပိတ်ပင်တဲ့ကျေးရွာတွေ ထဲမှာတော့ Thalmual, Phaiza, Buanli, Dampi, Tuisanzang, Bukphil, Ngente, Darkhai, Tauleng, Ngalbual ရွာတွေ ပါဝင်ပြီး ယင်း ကျေးရွာတွေရဲ့ နယ်မြေကို မည်သည့် အရေးကြီး အကြောင်း ကိစ္စ ကြောင့်မှ ဖြတ်သန်း…

Read More

ကက်သလစ်ဘုန်းတော်ကြီး အသတ်ခံရမှုဟာ အလွယ်တကူမေ့ပျောက်မယ့်အရာမဟုတ်တဲ့အပြင် ကျူးလွန်သူများကို ထိုက်သင့်စွာအရေးယူပေးဖို့ ကာဒီနယ်ချားလ်စ်ဘို တိုက်တွန်း

ဖေဖော်ဝါရီလ ၁၆ ရက်။ မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာမှ ဘုန်းတော်ကြီး Father Donald Martin ကိုဓားဖြင့်ခုတ်သတ်မှုဟာ အလွယ်တကူ မေ့ပျောက်မယ့်အရာမဟုတ်တဲ့အပြင် ကျူးလွန်သူတို့အား ထိုက်သင့်တဲ့ အရေးယူခြင်းနဲ့ တရားမျှတမှုဖော်ဆောင်ပေးကြပါလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်ဥက္ကဌ ကာဒီနယ် ချားလ်စ်ဘို ကတိုက်တွန်းကြောင်း မနေ့ဖေဖော်ဝါရီလ ၁၅ ရက်က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ Father Donald Martin ရဲနိုင်ဝင်းဟာသက်တော် ( ၄၄ နှစ်)၊ ၀ါတော် (၇ နှစ်) ရှိပြီဖြစ်တယ်လို့ သိရပြီးစစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကံကြီးတောကျေးရွာမှာ တာဝန်ကျသူဖြစ်ပြီး ဖေဖော်ဝါရီလ ၁၄ ရက်နေ့ညမှာ လက်နက်ကိုင်တစ်စုက ဓားနဲ့ ခုတ်ဖြတ်လို့ သေဆုံးခဲ့ရတာဖြစ်ပါတယ်။ ဘုန်းတော်ကြီးဟာ ဘုရားကျောင်းအတွင်းမှာ သတ်ဖြတ်ခံရခြင်းဖြစ်ပြီး လည်ကုတ်နဲ့ ရင်ဘတ်တွေမှာ မသေမချင်းခုတ်ဖြတ်ထားတဲ့ဒဏ်ရာတွေနဲ့ သေဆုံးတယ်လို့သိရပါတယ်။ ဘုန်းတော်ကြီးကိုသတ်ဖြတ်သူများဟာ…

Read More

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးမြို့နယ် သံဖိုရွာနဲ့ ကျော်ရွာက ဒေသခံ စုစုပေါင်း ၁၀ ဦး သေဆုံးကြောင်းသိရ

ဖေဖော်ဝါရီလ ၁၅ ရက်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း ကလေး – ဂန့်ဂေါကားလမ်းဘေးမှာ ရှိတဲ့ ချင်းလူမျိုးတွေနေထိုင်တဲ့ သံဖိုရွာနဲ့ ကျော်ရွာကို ယမန်ဖေဖော်ဝါရီလ ၁၄ ရက်နေ့က စစ်ကောင်စီကလေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူ ၁၀ ဦးသေဆုံးခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဒေသခံတစ်ဦးက “သံဖိုနဲ့ကျော်ရွာ ဗုံးကြဲတယ် တစ်ရွာကို ပြည်သူ ၅ ယောက်စီ ဗုံးထိပြီးတော့ သေဆုံးတယ်လို့ပြောတယ် ဝက်တစ်ကောင်ရောသေတယ် ကျားမ၊ အသက်အရွယ်တွေတော့ မသိရသေးဘူး” လို့ပြောပါတယ်။ ချင်းလူမျိုးတွေ နေထိုင်တဲ့ သံဖိုကျေးရွာကို စစ်ကောင်စီဗုံးကြဲလို့ တစ်အိမ်ထဲနေ မြေးအဖိုးနှစ်ယောက်စလုံး ပွဲခြင်းပြီးသေဆုံးခဲ့ရပြီး အဖိုးဖြစ်သူက ဦးခေါင်းပြတ်ထွက်သွားကာ သေဆုံးခဲ့ရပြီး နေအိမ်အတွင်း ဗုံးစထိမှန်သူတချို့လည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အဲဒီအခြေအနေ သိရှိသူ ဒေသခံတွေဆီကနေ သိရပါတယ်။ “ ကလေး ၂…

Read More

ဟားခါးမြို့မှာ စစ်ကောင်စီခန့်ချင်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာဝုန်ဆွန်းထန် (၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားပြင်ဆင်မှုကြည့်ရူ့စစ်ဆေး

ဖေဖော်ဝါရီလ ၁၄ ရက်။ ချင်းပြည်နယ်၊ဟားခါးမြို့မှာ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ကျင်းပမယ့် (၇၇)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေကို ယမန်နေ့ ဖေ ဖော်ဝါရီလ ၁၃ ရက် နေ့ နံနက် (၉) နာရီခွဲက စစ်ကောင်စီခန့် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းစစ်ကောင်စီကသတင်းထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဟားခါးမြို့မှာ ကျင်းပခဲ့တဲ့ ချင်းအမျိုးသားနေ့အခမ်းအနားတွေမှာ စစ်ကောင်စီခေါင်း ဆောင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က တကြိမ်မှာ လာရောက်တက် ရောက်ခဲ့ခြင်းမရှိသေးကြောင်း သိရပါတယ်။ ယခုနှစ် ၂၀၂၅ ဖေ ဖော်ဝါရီ ၂၀ ရက် ဟားခါးမြို့မှာ ကျင်းပမယ့် ချင်းအမျိုးသားနေ့ အခမ်းအနားမှာ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ကိုယ်စား တခြားစစ်ကောင်စီထိပ်ပိုင်းခေါင်းဆောင်တချို့သာ လာ ရောက်ဖွယ်ရှိ ကြောင်း ဟားခါးမြို့ ဒေသခံ၁ဦးဆီကသိရပါတယ်။…

Read More