Headlines

တီးတိန်စစ်ဆင်ရေးအပြင် ဟားခါး၊ ထန်တလန် လွတ်မြောက်ရေးအတွက်လည်း စွမ်းစွမ်းတမံပူးပေါင်းဆောင်ရွက်မယ်လို့ CDF – Mindat စစ်ဦးစီးချုပ်ပြော

ဧပြီလ ၂၅ ရက်။ ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ဖော်ဆောင်ရမယ့် တီးတိန်စစ်ဆင်ရေး အပြင် ဟားခါး၊ ထန်တလန် လွတ်မြောက်ရေးအတွက်ကိုလည်း စွမ်းစွမ်းတမံပူးပေါင်းဆောင်ရွက်သွားမှာဖြစ်လို့ ချင်းညီနောင်အဖွဲ့ဝင်တွေကို ဆက်ပြီး အားပေးဝိုင်းရံထောက်ခံပေးကြဖို့ ဧပြီလ ၂၄ ရက်နေ့မှာကျရောက်တဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)ရဲ့တော်လှန်ရေး (၄) နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ချင်းညီနောင်အဖွဲ့ဝင် ၊CDF – Mindat စစ်ဦးစီးချုပ်ဆလိုင်းထန်းချွမ်ဖေက မိန့်ခွန်းမှာထည့်သွင်းပြောကြားပါတယ်။ CDF – Mindat စစ်ဦးစီးချုပ်ဆလိုင်းထန်းချွမ်ဖေက “လက်ရှိအောင်မြင်နေတဲ့ ကျနော်တို့ ချင်းညီနောင်စစ်ဆင်ရေးကိုလည်း ဆက်လက်ပြီးဝိုင်းရံပံ့ပိုးပေးကြပါ ကျနော်တို့ချင်းညီနောင်ဟာ ဆက်ပြီးတော့ ဖော်ဆောင်ရမယ့် တီးတိန်စစ်ဆင်ရေး ထိုနည်းတူဘဲ ကျနော်တို့ ချင်းပြည်နယ်အတွင်းမှာရှိနေသေးတဲ့ ဟားခါး၊ ထန်တလန် စတဲ့မြို့တွေလွတ်မြောက်ရေးအတွက်ကိုလည်း ကျနော်တို့ စွမ်းစွမ်းတမံပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ် အဲဒါကြောင့်ဆက်ပြီးတော့ ချင်းညီနောင်စစ်ဆင်ရေး၊ ချင်းညီနောင်အဖွဲ့ဝင်တွေကိုလည်း ဆက်ပြီးတော့ အားပေးဝိုင်းရံထောက်ခံပေးကြဖို့ မေတ္တာရပ်ခံလိုပါတယ်” လို့ပြောပါတယ်။ နောက်လာမယ့် ၅…

Read More

ပလက်ဝမြို့နယ်က ဒေသခံချင်းအမျိုးသမီးတစ်ဦးကို မုဒိန်းကျင့်ပြီးသတ်ဖို့ကြိုးစားခဲ့တဲ့ AA တပ်သား ၂ ဦးကို ဖမ်းဆီးကာ စစ်ဆေးမှုတွေလုပ်နေတယ်လို့ AA ကပြော

ဧပြီလ ၂၅ ရက်။ ဧပြီလ ၅ ရက်နေ့က ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ စိမ်းစင်းကျေးရွာနေ ဒေသခံ ကလေးမိခင် ခူမီးချင်းအမျိုးသမီးတစ်ဦးကို မုဒိန်းကျင့်ပြီး ရေနစ်သတ်ဖို့ကြိုးစားခဲ့တဲ့ အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် ၂ ဦးကို ပြစ်မှုဖြစ်ပွားတဲ့နေကတည်းက ဖမ်းဆီးထိန်းသိမ်းထားပြီး စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ AA ရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခ က မနေ့ ဧပြီလ ၂၄ ရက် မှာ ရခိုင်မီဒီယာတစ်ခုဖြစ်တဲ့ Narinjara သတင်းဌာမှာ ဖြေကြားထားပါတယ်။ ဦးခိုင်သုခက “အဲ့ဒီမုဒိမ်းမှု ကျူးလွန်တယ်ဆိုတဲ့ ကိစ္စက မှန်ပါတယ်ခင်ဗျာ။ ဒီကိစ္စကတော့ပလက်ဝမြို့နယ်၊ စိမ့်စင်းဝကျေးရွာမှာ ဖြစ်ပွားသွားခဲ့တာပါ။ပြစ်မှုဖြစ်ပွားတဲ့ နေ့ကတည်းက အဲ့ဒီပြစ်မှုကျူးလွန်တဲ့ ရဲဘော် နှစ်ယောက်ကိုကျနော်တို့ ဖမ်းဆီးထိန်းသိမ်းထားပြီး ဖြစ်ပါတယ်။ အခုကတော့ သူတို့ကိုစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။ ဒီကိစ္စမှာ တရားမျှတမှုရရှိဖို့အတွက်…

Read More

အိန္ဒိယနိုင်ငံကနေ မြန်မာနိုင်ငံကို လွှဲပြောင်းပို့ခံရတဲ့ အမျိုးသမီးနဲ့ ကလေး ၂၇ ဦးကို စစ်ကောင်စီက ဆက်လက်ဖမ်းဆီးထားတဲ့ အပေါ် အိန္ဒိယအစိုးရဘက်က တာဝန်ယူမှုရှိဖို့ India For Myanmar အဖွဲ့ကတောင်းဆို

ဧပြီလ ၂၅ ရက်။ အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ အင်ဖားထောင်ကနေ မြန်မာနိုင်ငံ၊စစ်ကောင်စီထံလွှဲပြောင်းပို့ခံရတဲ့ မြန်မာနိုင်ငံက အမျိုးသမီးနဲ့ ကလေး ၂၇ ဦးကို စစ်ကောင်စီက ဆက်လက်ဖမ်းဆီးထားတဲ့ အပေါ် အိန္ဒိယအစိုးရဘက်က တာဝန်ယူမှု၊ တာဝန်ခံမှုပေါ်အများကြီးမှုတည်ကာ၊အိန္ဒိယအစိုးရကိုတောင်းဆိုနေကြောင်း အိန္ဒိယ-မြန်မာအရေး လေ့လာစောင့်ကြည့်တဲ့ India For Myanmar အဖွဲ့တည်ထောင်သူ ဆလိုင်းဒိုခါရ် ကပြောပါတယ်။ မဏိပူရ်ပြည်နယ်၊ အင်ဖားထောင်က မြန်မာနိုင်ငံသား အမျိုးသမီးနဲ့ ကလေး ၂၇ ဦးကို အိန္ဒိယဘက်ကတာဝန်ရှိသူတွေက စစ်ကောင်စီထံ မတ်လ ၂၁ ရက်နေ့က အိန္ဒိယ – မြန်မာနယ်စပ်ရှိ တမူးနယ်စပ်ကနေ တဆင့်လွှဲပြောင်းပေးခဲ့တာဖြစ်ပြီး အဆိုပါလွှဲပြောင်းပေးပို့ခံရသူတွေကို နိုင်ငံရေးမှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့ တိုင်ကြားချက်တွေနဲ့ စစ်ကောင်စီက တမူးမြို့အချုပ်ထဲမှာ ဆက်လက်ဖမ်းချုပ်ထားတာလို့ သိရပါတယ်။ India For Myanmar တည်ထောင်သူ…

Read More

ငလျင်ကြောင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပြန်ဖြေရမယ့်အထဲ ကလေးမြို့နယ်က ကျောင်းသား/သူတွေလည်း ပါဝင်တယ်လို့သိရ

ဧပြီလ ၂၄ ရက်။ မတ်လ ၂၈ ရက်နေ့က မြန်မာနိုင်ငံ၊စစ်ကိုင်းမြို့ကိုဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြောင့် မန္တလေးတက္ကသိုလ်အတွင်းမှာထားရှိတဲ့ ၂၀၂၅ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဖြေလွှာ ၆ သောင်းကျော်ဟာ မီးလောင်ကျွမ်းခဲ့တာတာကြောင့် ကချင်၊ စစ်ကိုင်း၊ မန္တလေးနဲ့ နေပြည်တော်က ကျောင်းသားတွေကိုလာမယ့် ဇွန်လ ၁၆ ရက်နေ့မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပြန်ဖြေရမယ်လို့ စစ်ကောင်စီက ဧပြီလ ၂၂ ရက်နေ့မှာ ကြေညာထားကာ အများပြည်သူ ကန့်ကွက်ဝေဖန်မှုတွေရှိနေတဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲပြန်ဖြေကြရမယ့်အထဲ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်က တက္ကသိုလ်ဝင်တန်း(G-12)ကျောင်းသား/သူတွေလည်း ပါဝင်တယ်လို့သိရပါတယ်။ က လေးမြို့ ဒေသခံတစ်ဦးက “၂၀၂၄ – ၂၀၂၅ ပညာသင်နှစ်က G12 ကျောင်းသူ၊ ကျောင်းသားတွေ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို ပြန်ဖြေရမှာလို့သိရတယ် တချို့ကိုယ်ပိုင်အထက်တန်းကျောင်းတွေဆိုရင် သူတို့ကျောင်းသူ၊…

Read More

၂၀၂၁ ဧပြီလ ၂၄ ရက်က မင်းတပ်မြို့မှာစတင်ခဲ့တဲ့ တူမီးသေနတ်ချင်းတော်လှန်ရေး (၄) နှစ်ပြည့်ပြီ

မိုင်မိုင်မန်းထာ ချင်းပြည်နယ်မှာ ချင်းလူမျိုးတွေရဲ့ အိမ်တိုင်းလိုလိုမှာ တူမီးသေနတ်တွေရှိပါတယ်။ချင်းပြည်နယ်ကို ဝင်ရောက်လာတဲ့ နယ်ချဲ့ဗြိတိသျှတပ်တွေကို ဇုန်ထောက်လို့ ခေါ်တဲ့ မီးခတ် တူမီး ချင်းသေနတ်တွေကို သုံးပြီး ခုခံတော်လှန်ခဲ့ကြောင်း၊လက်ရှိအချိန်ထိလည်း ချင်းပြည်နယ်မှာ ပထမ၊ဒုတိယကမ္ဘာစစ်ခေတ်၊ကိုလိုနီခေတ်ကတည်းက သုံးစွဲခဲ့တဲ့ တူမီးသေနတ်တွေဟာ အခုချိန်အထိ အသုံးဝင်နေတုန်းပဲလို့ ရှေးချင်းလူကြီးတွေက ပြောပြဖူးပါတယ်။ မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် တစ်နိုင်ငံလုံး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေ ပေါ်ပေါက်လာခဲ့သလို၊ ချင်းပြည်နယ်အတွင်း မြို့နယ်တွေ၊ ကျေးရွာတွေအထိ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေ အဆက်မပြတ် ပေါ်ပေါက်ခဲ့ကာဖေဖော်ဝါရီလကုန်ကစပြီး စစ်တပ်ကလည်း လူထုဆန္ဒပြလှုပ်ရှားမှုတွေကို အကြမ်းဖက်ဖြိုခွင်းတာ၊ဖိနှိပ်တာတွေတိုးလုပ်လာနေခဲ့ပါတယ်။ ဒီလိုအချိန်မှာ ချင်းပြည်နယ်၊မင်းတပ်မြို့နယ်ကလူငယ်တွေက ဒေသကာကွယ်ရေးအတွက် ချင်းကာကွယ်ရေးတပ်ဖွဲ့ -မင်းတပ်(CDF-Mindat) ကို ၂၀၂၁ မတ်လ ၁၂ ရက်မှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်…

Read More

ဟားခါးမြို့သိမ်းတိုက်ပွဲဆင်နွှဲဖို့အတွက် လူငယ်တွေ လာရောက်ပူးပေါင်းကြဖို့ CDF – Hakha ထုတ်ပြန်

ဧပြီလ ၂၃ ရက်။ ချင်းပြည်နယ်မြို့တော် ဟားခါးမြို့သိမ်းတိုက်ပွဲဆင်နွှဲဖို့အတွက် လူငယ်တွေ CDF – Hakha တပ်ဖွဲ့မှာ လာရောက်ပူးပေါင်းကြဖို့ ဟားခါးမြို့နယ်အခြေစိုက် ချင်းလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ CDF – Hakha က ဒီကနေ့ ဧပြီလ ၂၃ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။ မိဘတွေအနေနဲ့လည်း ဟားခါးမြို့တော်သိမ်းတိုက်ပွဲမှာ သင့်ကလေးတွေ ပါဝင်ဖို့တိုက်တွန်းကြဖို့နဲ့ တိုင်းပြည်နဲ့ လူမျိုး လွတ်မြောက်ရေးဟာ အားလုံးရဲ့တာဝန်ဖြစ်တဲ့အကြောင်းကိုလည်း CDF – Hakha ကအသိပေးထားပါတယ်။ လူငယ်တွေအနေနဲ့ CDF – Hakha တပ်ဖွဲ့မှာ အချိန်ပြည့်တပ်ဖွဲ့ဝင်အဖြစ်ပါဝင်နိုင်သလို၊ အချိန်ပြည့်မပါဝင်နိုင်ပါကလည်း အရံတပ်ဖွဲ့ဝင်အဖြစ်ပါဝင်နိုင်တယ်လို့လည်း CDF – Hakha က ဆိုပါတယ်။ ချင်းပြည်နယ်မှာ မြို့တော်ဟားခါး၊ ထန်တလန်မြို့ နဲ့ တီးတိန်မြို့ကိုသာ စစ်ကောင်စီက ထိန်းချုပ်ထားနိုင်ပြီး ကျန်တဲ့…

Read More