မီဇိုရမ်ပြည်နယ်ကိုယ်စားပြု အိန္ဒိယအထက်လွှတ်တော်အမတ် ထံ CRC ကသွားရောက်တွေ့ဆုံပြီး ချင်းဒုက္ခသည်အရေး တင်ပြ
ဧပြီလ ၂၇ ရက်။ အိန္ဒိယနိုင်ငံ ၊ နယူးဒေလီမြို့တွင် မီဇိုရမ်ပြည်နယ် ကိုယ်စားရွေးချယ်ခြင်းခံရသည့်ပြည်ထောင်စု အထက်လွှတ်တော်အမတ် ရစ်ချတ် ဗန်လားလ်မှငိုက်ရာ (Richard Vanlalhmangaiha) ထံ နယူးဒေလီ ရှိ မြန်မာနိုင်ငံသား ဒုက္ခသည်များ ကြုံတွေ့ရသည့် အခက်အခဲအခြေအနေများကို ဧပြီလ ၂၆ ရက်မှာ ချင်းဒုက္ခသည်ကော်မတီ (CRC) ကသွားရောက်တွေ့ဆုံ တင်ပြခဲ့တယ်လို့ ဧပြီလ ၂၆ ရက်နေ့မှာ ချင်းဒုက္ခသည်ကော်မတီ (CRC) NewDelhi ကထုတ်ပြန်ပါတယ်။ ပြည်ထောင်စု အထက်လွှတ်တော်အမတ် ရစ်ချတ် ဗန်လားလ်မှငိုက်ရာ (Richard Vanlalhmangaiha) ထံ ချင်းဒုက္ခသည်ကော်မတီ(CRC) မှ ဥက္ကဌဦးဆောင်သော အဖွဲ့ဝင်ကွန်မြူနတီအသီးသီးမှ ဥက္ကဌ များကသွားရောက် တွေ့ဆုံဆွေးနွေးတင်ပြခဲ့တယ်လို့ ဆိုပါတယ်။ ချင်းဒုက္ခသည်ကော်မတီ (CRC) ဘက်က တင်ပြချက်တွေက ဒုက္ခသည်များအတွင်း ကြုံတွေ့နေရသော…

