
မရာနယ်မြေအတွင်းက (NGOsINGOs)တွေ ဒေသန္တရအုပ်ချုပ်ရေးဌာနကို နိုဝင်ဘာလ ၁၅ ရက်နေ့နောက်ဆုံးထား သတင်းပို့်ဖို့ MTC အသိပေး
အောက်တိုဘာလ ၂၂ ရက်။ ချင်းပြည်နယ်၊မရာနယ်မြေအတွင်း အစိုးရမဟုတ်သော ပြည်တွင်းပြည်ပအဖွဲ့အစည်း (NGOs/INGOs) တွေအနေနဲ့ နိုဝင်ဘာလ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး ပြည်ထဲရေးနှင့် ဒေသန္တရအုပ်ချုပ်ရေးဌာနကို သတင်းပို့ရမယ်လို့ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ – MTC က အောက်တိုဘာလ ၂၁ ရက်နေ့မှာ ထုတ်ပြန်အသိပေးထားပါတယ်။ (NGOs/INGOs) အနေနဲ့လုပ်ငန်းစီမံကိန်းတွေ အကောင်ထည်ဖော်ဆောင်ရွက်ရာမှာ အဆင်ပြေချောမွေ့စေဖို့နဲ့ လုံခြုံမှုရှိစေရန်အတွက် နိုဝင်ဘာလ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး ပြည်ထဲရေးနှင့် ဒေသန္တရအုပ်ချုပ်ရေးဌာနကို သတင်းပို့ရမယ်လို့ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ – MTC က ထုတ်ပြန်ထားတာဖြစ်ပါတယ်။ သတင်းပေးပို့မှုတွင် စီမံကိန်းတာဝန်ခံ၊ ပြုလုပ်မည့်စီမံကိန်းအမျိုးအစား၊ စီမံကိန်းကာလ၊ သုံးစွဲမည့်ရန်ပုံငွေ၊ ပံ့ပိုးတဲ့အဖွဲ့အစည်းတွေကို သတင်းပို့ရန်လိုအပ်တယ်လို့ ဆိုထားပြီး လက်ရှိကာလမှာ မလိုလားအပ်တဲ့ တရားမဝင်အဖွဲ့အစည်းတွေနဲ့ တရားမဝင်ဆေးဝါးသယ်ဆောင်မှုတွေ ရှိနေတဲ့အတွက် ပူးပေါင်းပါဝင်ပေးကြဖို့နဲ့ သတင်းပေးပို့ခြင်းမရှိတဲ့…