Headlines

မတူပီမြို့ပေါ်မှာ စစ်ဘေးရှောင်ရာကနေ ပြန်ရောက်လာတဲ့ အသက် ၄၆ နှစ်အရွယ် အမျိုးသမီးတစ်ဦး နေအိမ်မှာသေဆုံး

ချင်းပြည်နယ် မတူပီမြို့ပေါ်မှာ စစ်ဘေးရှောင်ရာကနေ ပြန်ရောက်လာတဲ့ အသက် ၄၆ နှစ်အရွယ် အမျိုးသမီးတစ်ဦး သူမနေအိမ်မှာ ရောဂါအခံနဲ့ ဒီကနေ့စက်တင်ဘာလ ၁၆ ရက်မနက်မှာ သေဆုံးသွားတယ်လို့ သိရပါတယ်။ သေဆုံးသူ အမျိုးသမီးဟာ သြဂုတ်လ ကုန်ပိုင်းလောက်မှာ စစ်ဘေးရှောင်ရာကနေ မတူပီမြို့က သူ့နေအိမ်ကို ပြန်လာနေထိုင်ခဲ့သူဖြစ်ပြီး သူ့မှာ သွေးတိုးရောဂါအခံ ရှိတယ်လို့လည်း မတူပီဒေသခံတွေဆီကနေ သိရပါတယ်။ မတူပီဒေသခံ ၁ ဦး က “ ဒီကနေ့ မနက်ပိုင်းမှာ သူနေအိမ်မှာ သေဆုံးတယ်လို့ သိရပါတယ် သူ့မှာ သွေးတိုးရောဂါခံလည်း ရှိတာကြောင့် အဲဒီရောဂါကြောင့် ဆုံးတာဖြစ်နိုင်တယ်လို့ နီးစပ်သူတွေက ပြောတယ်” လို့ပြောပါတယ်။ သေဆုံးသူ ဒေါ်တလန်ဒိန်းဟာ မတူပီမြို့ အ.ထ.က (၁) ကျောင်းမှာ အလယ်တန်းပြကျောင်းဆရာမဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူလည်း ဖြစ်ပြီး…

Read More

မင်းတပ်မြို့က အရပ်သားပြည်သူနေအိမ် ၁၀ လုံး ၀န်းကျင် မီးရှို့ခံရတယ်လို့ သိရ

ယခုရက်ပိုင်းအတွင်း ချင်းပြည်နယ်၊မင်းတပ်မြို့က အရပ်သားပြည်သူနေအိမ် ၁၀ လုံး ၀န်းကျင် မီးရှို့ခံရတယ်လို့ သိရပါတယ်။ မင်းတပ်မြို့အနောက်ရပ်ကွက် ဘုရင့်နောင်လမ်းခွဲ အပေါ်နားရှိ အရပ်သား ပြည်သူနေအိမ် ၃ လုံးကို စစ်ကောင်စီတပ်ဖွဲ့က မနေ့ စက်တင်ဘာလ ၁၅ ရက်နေ့ ညနေပိုင်းလောက်မှာ မီးရှို့ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ အဆိုပါမီးလောင်သွားတဲ့ အိမ်တွေဟာ မင်းတပ်မြို့အနောက်ရပ်ကွက် စစ်ကောင်စီတပ်ရင်း ၂၇၄ တပ်ရင်း သွားတဲ့လမ်းပေါ်မှာတည်ရှိ နေအိမ်တွေလို့ သိရပြီး ကင်းလှည့်လာတဲ့ ၂၇၄ တပ်ရင်းက စစ်ကောင်စီတပ်တွေက မူးရှုးအော်ဟစ်ရင်း မီးရှို့ခဲ့ကြတယ်လို့လည်း မင်းတပ်ဒေသခံတစ်ချို့ကပြောပါတယ်။ မင်းတပ်မြို့ဒေသခံတစ်ဦးက “ မီးလောင်တာတော့ ဟုတ်တယ် ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကြောင်းမှူးတွေမေးကြည့်တာ စစ်သားတွေက မီးရှို့တာလို့ ပြောတယ်” လို့ပြောပါတယ်။ စက်တင်ဘာလ ၁၂ ရက်နေ့နဲ့ ၁၃ ရက်နေ့တုန်းကလည်း…

Read More

ကလေးမြို့မြစ်သာမြစ်ရေ နောက်တစ်ရက်တွင်း စိုးရိမ်ရေမှတ် ရောက်နိုင်တာကြောင့် သတိပြုကြဖို့ မိုးဇလဌာနကသတိပေးထား

စစ်ကိုင်းတိုင်း ကလေးမြို့နားက မြစ်သာမြစ်ရေဟာ စိုုးရိမ်အမှတ် ၁ ပေခွဲခန့်ရောက်နေသလို နောက်တစ်ရက်အတွင်း စိုးရိမ်ရေမှတ် ရောက်ရှိနိုင်တာကြောင့် မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေ အထူးသတိထားဖို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားရေးမှု ဦးစီးဌာနက ဒီကနေ့ စက်တင်ဘာလ ၁၅ ရက်နေ့ မှာထုတ်ပြန်ပါတယ်။ လက်ရှိကလေးမြို့ရဲ့ မြေနိမ့်ပိုင်းရပ်ကွက်တစ်ချို့မှာ ရေတော်တော်များများ ဝင်ရောက် နေပြီလို့လည်း ဒေသခံတွေ ဆီကနေ သိရပါတယ်။ ကလေးမြို့ဒေသခံတစ်ဦး ပြောတာက “ဒီနေ့ရေတော်တော် တက်လာတယ်လို့ ပြောကြတယ် သဖန်းအိုင်တို့ ၊ အုတ်ဖိုဘက်က လူတွေတော့ လမ်းမဘက်ကို ရှောင်လာကြတယ်တဲ့ ဖောင်ကူးရေလည်း လျှံစပြုနေပြီ ရေတက်မြန်တယ်လို့ သိရတယ် နှစ်စဉ်ရေကြီးရင် ရေရောက်နေကြ ရပ်ကွက်တွေထိတော့ ရေရောက်နေပြီ” လို့ပြောပါတယ်။ တစ်နိုင်ငံလုံးမှာ လက်ရှိမြို့နယ်ပေါင်း ၃၄ မြို့နယ်မှာ ရေကြီးရေလျှံဖြစ်တာကိုကြုံနေရပြီး သေဆုံးသူရာချီနဲ့ ရေဘေးဒုက္ခသည်…

Read More

ချင်းလူငယ်ဖိုက်တာ Joshua Van မက္ကဆီကိုဖိုက်တာ Edgar Chairez ကို အနိုင်ရ

အမေရိကန်ပြည်ထောင်စု၊ လာစ်ဗီးဂတ်စ် မှာ ဒီကနေ့ ကျင်းပပြုလုပ်တဲ့ UFC: 306 ပြိုင်ပွဲမှာ ချင်းလူငယ်ဖိုက်တာ Joshua Van ဟာ မက္ကဆီကိုဖိုက်တာ Edgar Chairez ကို တတိယအချီအထိ အကြိတ်အနယ် ယှဉ်ပြိုင်ထိုးသတ်ခဲ့ပြီး ဒိုင်အမှတ်နဲ့အနိုင်ရသွားပါတယ်။ မက္ကဆီကိုဖိုက်တာ Edgar Chairez ဟာဒီကနေ့ ကျင်းပတဲ့ UFC : 306 ပြိုင်ပွဲမှာ Kevin Borjas နဲ့ထိုးသတ်မည်ဖြစ်ကြောင်းကနဦးကြေငြာခဲ့ပေမယ့် Kevin Borjas နှုတ်ထွက်သွားတာကြောင့် Joshua Van နဲ့ ပွဲဲတည်ပေးလိုက်တာဖြစ်ပါတယ်။ ချင်းလူငယ်ဖိုက်တာ Joshua Van နဲ့ယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့ Edgar Chairez ဟာ ပြိုင်ပွဲပေါင်း (၁၆) ပွဲထိုးသတ်ထားပြီး (၁၁)ပွဲနိုင်၊ (၅)ပွဲရှုံးရလဒ်ပိုင်ဆိုင်ထားသူဖြစ်ပြီး Joshua Van ကတော့ ပြီးခဲ့တဲ့…

Read More

မြေစာများ ဖယ်ရှားပြီးနောက် ကလေး-တီးတိန် လမ်းပြန်ပွင့်ပြီဖြစ်ကြောင်းသိရ

စက်တင်ဘာ ၁၃ ရက်နေ့ ညနေ ၁၁ နာရီ ခန့်မှာ ကားလမ်းကို ပိတ်ဆို့နေတဲ့ မြေစာများ JCB စက်ကြီးဖြင့် ဒေသခံများမှ ဖယ်ရှား နိုင်ခဲ့ပြီးနောက် ကလေး-တီးတိန် ကားလမ်းမကြီး ပြန်လည် အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း တီးတိန်ဒေသခံများ ထံမှ သိရှိခဲ့ရပါတယ်။ စက်တင်ဘာ ၁၁ ရက်နေ့ကနေ သည်းထန်စွာ ရွာသောမိုးကြောင့် ကနေဒီ တောင်ခြေရှိ Sialtangtui ချောင်းရေကြီးပြီး မြေစာများ ရေပြွန်ထဲ မဆန့်တော့သည့် အတွက်ကြောင့် ကားလမ်းကြီး ပေါ် တင်နေကာ ၂ ရက် ခန့် လမ်း ပိတ်ဆို့ သွားကြောင်း၊ မိုး ပါးလာသည့် အတွက် ချောင်းရေ ကျလာသည်နဲ့ တပြိုင်နက် JCB စက်ဖြင့် မြေစာ နှင့်…

Read More

ချင်းပြည်မှာ “မောင့်မျက်နှာတရွာမှတ်ထင် အချစ်ဓာတ်ရစ်ပတ်မိခဲ့တဲ့ မစ္စစ်နီခွဲ” အင်္ဂလန်မှာ ကွယ်လွန်

ချင်းပြည်နယ်၊ဖလမ်းမြို့ပြည်သူ့ဆေးရုံအုပ်အဖြစ်နှစ်ပေါင်းများစွာတာဝန်ထမ်းဆောင်ခဲ့သော ဒေါက်တာနီခွဲရဲ့ဇနီး အင်္ဂလန်မှာ နေထိုင်နေတဲ့မစ္စစ်နီခွဲ – Mrs Jasmine Hope NiKhwai ဟာစက်တင်ဘာလ ၁၂ ရက်မှာ သူမအသက် ၉၀ မှာကွယ်လွန်သွားကြောင်းသိရပါတယ်။ …………………………………………… မိတ္ထီလာက မိတ်ဆွေ ဖြစ်တဲ့ မစ္စစ်နီခွဲ – Mrs Jasmine Hope NiKhwai ( ခရိုင်ဆရာဝန်ကြီး ဦး အာနီနီခွဲ ရဲ့ ဇနီး ) မနေ့က အင်္ဂလန်မှာ ကွယ်လွန်သွားပြီလို့ တွေ့လိုက်ရလို့ မိသားစုနဲ့ ထပ်တူဝမ်းနည်းမိပါတယ် ။ အလွန်ခင်တဲ့ သဘောကောင်းလှတဲ့ မိတ်ဆွေတွေမို့ အထူးကြေကွဲ မိပါတယ် ။ လွန်ခဲ့တဲ့ ၂ နှစ်က ကျနော်အင်္ဂလန်ရောက်တုန်း သူနေတဲ့ အိမ်ကိုသွားပြီး တွေဖြစ်ခဲ့တယ် ။ အဲဒီတုန်းက အမှတ်တရလေး…

Read More

ဟားခါးမြို့မှာတိုက်ပွဲဖြစ်ပြီး အိမ်မှာအိပ်နေတဲ့ အမျိုးသား ၁ ဦးကျည်ထိမှန်သေဆုံး

ချင်းပြည်နယ်မြို့တော် ဟားခါးမြို့မှာ ဒီကနေ့ စက်တင်ဘာလ ၁၃ ရက်နေ့မနက်အစောပိုင်းမှာ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့အကြား ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး အိမ်မှာအိပ်နေတဲ့ အသက် ၆၀ ဝန်းကျင် ဒေသခံအမျိုးသား ၁ ဦးလည်း ကျည်ထိမှန် သေဆုံးတယ်လို့ သိရပါတယ်။ ချင်းတော်လှန်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့အကြား ပစ်ခတ်မှုအတွင်း အသက်ကြီးပိုင်း ဒေသခံအမျိုးသားတစ်ဦး အိမ်ထဲအိပ်နေစဉ် ကျည်ထိမှန်သေဆုံးတာလို့ ဟားခါးမြို့ဒေသခံတွေဆီကနေ သိရပါတယ်။ ဟားခါးမြို့ဒေသခံတစ်ဦးက “ ဒီကနေ့မနက်ပိုင်း ၃ နာရီလောက်မှာ ချင်းဦးစီးရပ်ကွက်မှာ နေထိုင်တဲ့ U Ngun Thio အိပ်ပျော်နေတဲ့အချိန် လက်နက်ကြီးထိမှန်လို့ သေဆုံးတယ်လို့တော့ သိရတယ်” လို့Chin World Media ကိုပြောပါတယ်။ ဟားခါးမြို့မှာ စစ်ကောင်စီတပ်နဲ့ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့အကြား ယနေ့မနက်အစော ၃ နာရီဝန်းကျင်လောက်ကနေစလို့ မနက် ၅ နာရီဝန်းကျင်အထိ…

Read More

ပလက်ဝမြို့နယ်မှာ ၂၄ နာရီ အတွင်း မိုးကြီးရေလျှံနိုင်တယ်လို့ မိုး/ဇလပညာရှင်တွေက ခန့်မှန်း

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝဒေသမှာ ၂၄ နာရီအတွင်း မိုးကြီးရေလျှံနိုင်တယ်လို့ ဒီကနေ့ စက်တင်ဘာလ ၁၃ ရက်နေ့မှာ မိုး/ဇလပညာရှင် Su Su San ကခန့်မှန်းထားပါတယ်။ ရာဂိမုန်တိုင်းကြောင့် လေပွေလှိုင်းဟာ မြန်မာပြည်ထဲကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ရောက်သွားပြီဖြစ်ပြီး ချင်းပြည်နယ်တောင်ပိုင်း နဲ့ရခိုင်ပြည်နယ်မြောက်ပိုင်း နေထိုင်သူမဟုတ်ရင် စိုးရိမ်စရာမရှိတော့ဘူးလို့ မိုး/ ဇလပညာရှင် ဦးဝင်းနိုင်ကလည်း စက်တင်ဘာလ ၁၂ ရက်ညမှာ ထုတ်ပြန်ထားပါတယ်။ လေပွေလှိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်းတာ လေပြင်းတိုတ်ခိုက်တာ၊ လျှပ်တစ်ပြက် ရေကြီးခြင်း၊ မြေပြိုခြင်း စတဲ့ သဘာဝဘေး အန္တရယ်တွေ ဖြစ်နိုင်တာကြောင့် ကုန်းမြင့်ဒေသအနီး နေထိုင်ကြတဲ့ သူတွေ အနေနဲ့ မြေပြိုတဲ့ အန္တရယ်ရှိတယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကလည်း စက်တင်ဘာလ ၁၂ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။ ရာဂိ မုန်တိုင်းအရှိန်ကြောင်…

Read More

မီဇိုရမ်ပြည် ဇိုခေါထာရ်ရွာလူထု နှင့် CDF-Hualngoram အကြား နားလည်မှုရရှိပြီဖြစ်ကြောင်းထုတ်ပြန်

စက်တင်ဘာလ ၁၃ ရက်။ ဩဂုတ်လ ၃၁ ရက်နေ့က ချင်းပြည်နယ်၊ရိခေါဒါရ်မြို့မှာ ဒဏ်ရာရရဲဘော်တစ်ဦး ထိုးကြိတ်ခံရမှုနဲ့ပတ်သက်ပြီး CDF-Hualngoram တပ်ဖွဲ့က မီဇိုရမ်ပြည်နယ်၊ဇိုခေါထာရ်ကျေးရွာက ဆယ်ကျော်သက်လူငယ် ၂ ဦးကို စစ်ဆေးမေးမြန်း ဖို့ထိန်းသိမ်းခဲ့တဲ့ဖြစ်စဉ်အပေါ် ဇိုခေါထာရ်ကျေးရွာခေါင်းဆောင်တွေနဲ့ CDF-Hualngoram တပ်ဖွဲ့ခေါင်းဆောင်တွေစက်တင်ဘာလ ၁၁ ရက်နေ့က တွေ့ဆုံကြပြီး ကောင်းမွန်တဲ့ ဆွေးနွေးမှုအောက်မှာ ငြိမ်းချမ်းစွာ နားလည်မှုရရှိခဲ့ကြပြီလို့ ပူးတွဲကြေညာချက်ထုတ်ပြန်ပါတယ်။ အဲဒီပူးတွဲကြေညာချက်မှာ ဇိုခေါထာရ်ရပ်ရွာကိုယ်စားအနေနဲ့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့၊ မီဇိုးလူငယ်အသင်း(YMA)၊ MHIP နဲ့ CDF-Hualngoram ဘက်က ဦးဆောင်သူ ၄ ဦးတို့က လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဇိုခေါထာရ်ကျေးရွာ နဲ့ ရိခေါဒါရ်မြို့တို့ဟာ နယ်နိမိတ်ခြင်းထိစပ်နေတဲ့ နယ်စပ်ဒေသတွေဖြစ်ကြပြီး နေ့စဉ်အသက်မွေး ဝမ်းကျောင်းရှာဖွေရေးနဲ့ လူမှုရေးရာကိစ္စရပ်တွေမှာ အပြန်အလှန်အမှီသဟဲပြုနေသူတွေဖြစ်ကြပြီး တဖက်နဲ့တဖက် အငြင်းပွားမှုနဲ့ သီးခြားစီရပ်တည်လို့မရတဲ့ လူ့မှုအသိုင်းအဝန်းတွေဖြစ်ကြောင်း၊ဒီဒေသမှာနေထိုင်ကြတဲ့သူတွေဟာ နိုင်ငံနှစ်ခု အစိုးရနှစ်ခုအောက်မှာတည်ရှိနေပေမယ့်လည်း…

Read More

ချင်းပြည်နယ်မှာမိုးများပြီး မြေပြိုတာတွေ ဖြစ်နိုင်တဲ့ သဘောဝဘေးအန္တရယ်ရှိနိုင်တယ်လို့ မိုးဇလ သတိပေး

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေနဲ့ အနောက်မြောက်ပိုင်းဒေသတွေမှာဖြစ်ပေါ် နေတဲ့ လေပွေလှိုင်းကြောင့် ချင်းပြည်နယ်အပါအဝင် တိုင်းနဲ့ပြည်နယ် (၄)ခုမှာ မိုးများပြီး မြေပြိုတာ၊ ရေကြီး၊ ရေလျှံတာတွေ ကြိုတင်သတိပြုဖို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဒီကနေ့ စက်တင်ဘာလ ၁၂ ရက်နေ့မှာ သတိပေးထုတ်ပြန်ထားပါတယ်။ လေပွေလှိုင်းက အနောက်-အနောက်မြောက်ဘက်ကို ဖြည်းညှင်းစွာ ရွေ့လျားပြီး ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီးမြောက်ပိုင်းနဲ့ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်းတို့မှာ ဆက်လက်တည်ရှိနေပြီး အဆိုပါ လေပွေလှိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်းတာ နဲ့အတူ လေပြင်းတိုက်ခိုက်တာ၊ လျှပ်တစ်ပြက် ရေကြီးခြင်း၊ မြေပြိုခြင်း စတဲ့ သဘောဝဘေး အန္တရာယ်တွေ ဖြစ်နိုင်တာကြောင့် ကုန်းမြင့်ဒေသအနီးနေထိုင်ကြတဲ့ သူတွေအနေနဲ့ မြေပြိုမှု အန္တရယ်ရှိတယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။ မြစ်ငယ်၊ ချောင်းငယ်တွေအနီး နေထိုင်ကြသူတွေအနေနဲ့ ရေကြီး၊ ရေလျှံမှုတွေ ကြိုတင်သတိပြုနိုင်ကြရန်နှင့် နှိုးဆော်အသိပေးအပ်တယ်လို့…

Read More