
မီဇိုရမ်ပြည်နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး ချင်းအမျိုးသားတပ်ဦး (CNF/CNA)ထံ လွှဲပြောင်း ခံထားရတဲ့ မြန်မာနိုင်ငံသားတွေကို စစ်ဆေးနေဆဲဖြစ်တယ်လို့ CNF ပြော
မေလ ၁၄ ရက်။ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး ချင်းအမျိုးသားတပ်ဦး (CNF/CNA) ထံ လွှဲပြောင်း အပ်နှံခဲ့တဲ့ မီဇိုရမ်ပြည်နယ်၊ကျန်ဖိုင်မြို့က စစ်ဘေးရှောင် မြန်မာနိုင်ငံသား အမျိုးသား ၆ ဦးကို စစ်ဆေးတာတွေ လုပ်နေတယ်လို့ (CNF/CNA) ကပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကပြောပါတယ်။ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်းမြို့မှာ စစ်ဘေးရှောင်နေတဲ့ မြန်မာနိုင်ငံသား ၆ ဦးဟာ ကျန်ဖိုင်မြို့မှာ မူးယစ်ရမ်းကားပြီး အဓိကရုန်းဖြစ်စေတာကြောင့် မီဇိုရမ်ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး မေလ ၁၃ ရက်နေ့မှာ ချင်းအမျိုးသားတပ်ဦး (CNF/CNA) ထံ လွှဲပြောင်း အပ်နှံခဲ့တာလို့ ဒေသအခြေစိုက် သတင်းတွေဖော်ပြချက်အရ သိရပါတယ်။ ချင်းအမျိုးသားတပ်ဦး (CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက “ လက်ရှိ လွှဲပြောင်းထားတဲ့ မြန်မာနိုင်ငံသား ၆ ဦးကို…